မဉ္ဇူပန်းပင်
| မဉ္ဇူပန်းပင်(လေးနာရီပန်း) Four Oclock Flower သို့မဟုတ် Marvel of Peru |
||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
| ဒွိနာမ | ||||||||||
| ''Mirabilis jalapa'' | ||||||||||
မဉ္စူပန်းသည် ကိုအောက်ပါအတိုင်း သိရှိရသည်။ မဉ္စူပန်းပင်သည်
မာတိကာ |
ပုံသဏ္ဌာန် [ပြင်ဆင်ရန်]
အပင် [ပြင်ဆင်ရန်]
ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ ထောင်မတ်၍ ပေါက်ပြီး အမြင့် ၃ ပေထိ ရှိသည်။ ပင်စည် ချောမွတ် ပြီး အကိုင်း ဖြာသည်။ ပင်စည်လုံး အစိမ်းရောင် ရှိသော်လည်း အဆစ်များတွင် အနီရောင် ရှိသည်။ အမြစ်များ ၌ ဥ ရှိ၏ ။
အရွက် [ပြင်ဆင်ရန်]
ရွက်ဆိုင် ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ရင်း အဝိုက် ရှိသည်။ အဖျားပိုင်း ချွန်သွယ် သွားသည်။ ရွက်ညှာ ရှည်သည်။ ရွက်ကြော ထင်ရှားသည်။ ရွက်ပြား ချော၍ ရွက်နားညီ သည်။
အပွင့် [ပြင်ဆင်ရန်]
ခရမ်း ၊ အနီ ၊ အဝါ ၊ အဖြူရောင် စပ်များ ရှိ၏ ။ မိုးရာသီ ၌ ပွင့်၏ ။ အနံ့သင်း ၏ ။ ပွင့်ဖတ် ပြွန်ရှည်သည်။
အသီး [ပြင်ဆင်ရန်]
သေးငယ်၍ အမြှောင်းများ ရှိသည်။ အထဲတွင် အစေ့ တစ်စေ့ ပါသည်။ အစေ့ ငရုတ်ကောင်း နှင့် တူ၏ ။ နုစဉ်တွင် စိမ်း၍ ရင့်သော အခါ မည်းနက် သွား၏ ။
တွေ့နိုင်သောနေရာများ [ပြင်ဆင်ရန်]
မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။
ပေါက်ရောက်ပုံ [ပြင်ဆင်ရန်]
သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ [ပြင်ဆင်ရန်]
အာနိသင် [ပြင်ဆင်ရန်]
မြန်မာ ဆေးကျမ်းများ အလိုအရ မဉ္ဇူပန်း ပင်၏ အရွက်သည် ခါး၏ ၊ အဖုအနာ ကို ပျောက်ကင်း စေ၏ ၊ ကာမကို အားပေး၏ ၊ အပူကို နည်းပါး စေသည်။
အသုံးပြုပုံ [ပြင်ဆင်ရန်]
ဥ [ပြင်ဆင်ရန်]
- ဥကို ပန်းသေ ၊ ပန်းညှိုးရောဂါ အတွက် ဆေးဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံးပြု ၏ ။
- မဉ္ဇူပန်းဥ ၊ ချင်းခြောက် ၊ ငရုတ်ကောင်း ၊ ပိတ်ချင်း သီး တို့ကို အမှုန့် ပြု၍ ပျားရည်နှင့် လျက်သော် ညောင်းကျ ရောဂါ ပျောက်၏။
အရွက် [ပြင်ဆင်ရန်]
- မဉ္ဇူ ရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
- အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
ပဉ္စငါးပါး [ပြင်ဆင်ရန်]
- အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏ ။ [၁]