မဂ္ဂသညက

ဝီကီပီးဒီးယား မှ

အရှင်မဂ္ဂသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်မဂ္ဂသညကထေရ် သည် နတ်သား ဖြစ်နေ၏။ ထိုမြတ်စွာဘုရား၏ သားတော်တပည့်သာဝကတို့သည် တောထဲတွင် ခရီးမှားနေကြ၏။ ထိုသို့ ဖြစ်နေသည်ကို နတ်သားသည် ခရီးညွှန်ကြားပေး၏။ ထို့အပြင် ဆွမ်း ဘောဇဉ်တို့ကိုလည်း လှူဒါန်းပေးခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ကုသိုလ်ကောင်းမှု ပြုခဲ့သည့်အတွက် အရှင်မဂ္ဂသညကထေရ် သည် ခုနစ်နှစ်သားဖြင့် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာငါးရာထက်၌ “သစက္ခု” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဂ္ဂသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်