ဘူးပင်
| ဗူးပင် အင်္ဂလိပ်ဘာသာဖြင့်(Calabash)/ Bottle Gourd |
||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||
|
||||||||||||
| ဒွိနာမ | ||||||||||||
| ''Lagenaria siceraria or Lagenaria vulgaris'' (Molina) Standl. | ||||||||||||
ဗူးပင်(Calabash) သည် လူတို့ စားသုံးရသော ဟင်းသီးဟင်းရွက်ပင် ဖြစ်၍ ရုက္ခဗေဒအလိုအားဖြင့် လဂျင်နေးရီးယား ဗာလဂါရစ်ဟု ခေါ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] ပေါက်ရောက်ရာဒေသ
အပူပိုင်းဒေသ အထူးသဖြင့် အတန်ငယ်ခြောက်သွေ့သော ဒေသတွင် စိုက်ပျိုးကြသည်။ ခြံဝင်းအနည်းငယ်ရှိသော အိမ်ယာများတွင် အိမ်တွင်းဟင်းခင်းအဖြစ် စင်ကလေးများ ထို၍ပင် စိုက်ပျိုးလေ့ ရှိကြသည်။
[ပြင်ဆင်ရန်] ကြန်အင်လက္ခဏာများ
ယင်းသည် နွယ်ပင်ဖြစ်၍ အကိုင်းအရွက်စသည်တို့၌ အမွေးနုကလေးများ ဖုံးနေသည်။ အသီးအနုတွင်လည်း အမွေးနုများ ပါရှိ၍ ရင့်လာသည်နှင့်တပြိုက်နက် အမွေးများ ပါးသွားသည်။ အရွက်သည် လက်ဝါးပုံ ကျယ်ပြန့်၍ နူးညံ့ထူထဲသည်။ အသီးသည် ပုလင်းပုံသဏ္ဍာန် အောက်ပိုင်းကား၍ လည်ဝကျဉ်းသည်။ အချို့ဗူးသီးသည် ပု၍ အချို့သည် ရှည်သည်။ ၂ ပေခန့်အထိ ရှည်သော ဗူးသီး ရှိသည်။ ဗူးပွင့်သည် အဖြူရောင်ဖြစ်၍ အချင်း ၂ လက်မခွဲခန့် ကျယ်သည်။
[ပြင်ဆင်ရန်] စားစရာတဖြစ်လဲ ဗူးသီး
ဗူးသီး၊ ဗူးရွက်၊ ဗူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသည်။ ဗူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဗူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာတစ်မျိုး ဖြစ်သည်။ ဗူးသီးအသားကို လှီး၍ အခြောက်လှန်းပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြသည်။ ဗူးသီး၊ ဗူးညွန့်၊ ဗူးရွက်တို့၏ အရသာသည် ချိုသည်။ နှုတ်ကို မြန်စေတတ်သည်။ ဓာတုရသကျမ်းအလိုအားဖြင့် ဗူးသီးသည် တောပင့်ကူ၏ အဆိပ်ကိုပင် လျင်စွာပယ်နိုင်သည်ဟု ဆိုသည်။ ဗူးသီးနှင့် ကျေးသား ရောစပ်၍ မစားသင့်ချေ။ အန္တရာယ်ဖြစ်စေတတ်သည်။
[ပြင်ဆင်ရန်] လူသုံးပစ္စည်းအဖြစ် အသုံးပြုပုံ
ဗူးသီးရင့်ရင့်ကို အတွင်းမှ အသားများခြစ်ထုတ်၍ ဗူးတောင်ခွံချည်း ကျန်သည့်အခါ အခြောက်လှန်းကာ ရေ၊ ထန်းရည်ထည့်၍ သယ်ယူရန် အသုံးပြုကြသည်။
[ပြင်ဆင်ရန်] ဓာတ်ပုံများ
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |