ဘုရားမဲ့ဝါဒ

ဝီကီပီးဒီးယား မှ

ဘုရားမဲ့ဝါဒ(Atheism) ဆိုသည်မှာ ယေဘုယျအားဖြင့် ထာဝရဘုရားသခင် အပါအဝင် နတ်ဘုရားများတည်ရှိနေခြင်းကို မယုံကြည်ခြင်းဖြစ်သည်။ ဘုရားမဲ့ဝါဒကို ရံဖန်ရံခါ နတ်ဘုရားများ အမှန်တစ်ကယ်မရှိဟုသော ယုံကြည်မှုကို ညွှန်းဆိုရန်လည်း သုံးတတ်သော်လည်း ပုံမှန်အားဖြင့် နတ်ဘုရားများ၏ တည်ရှိမှုကို မယုံကြည်ခြင်းမျှသာဖြစ်သည်။ ဘုရားမဲ့ဝါဒကို နတ်ဘုရား တစ်ဆူ၊ (သို့) တစ်ဆူထက်ပို၍ တည်ရှိနေမူကို ယုံကြည်ခြင်းဖြစ်သည့် ဘုရားရှိဝါဒ(Theism)နှင့်လည်း နှိုင်းယှဉ်ဖော်ပြလေ့ရှိသည်။