ဘုတင်း (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ

နေရာချထားသည့် လုပ်ဆောင်မှုစနစ်ဖြင့် ကွန်ပျူတာအား အလုပ်စတင်ခြင်းဖြစ်သည်။ Boot ဆိုသော စကားလုံးသည် " to pull yourself up by your bootstraps " ဆိုသော စာပုဒ်မှ လာခြင်းဖြစ်သည်။ ကွန်ပျူတာ ကိုဖွင့်လိုက်သောအခါ စက်နှိုးပြီး လည်ပတ်လုပ်ဆောင်ရန်အတွက် လိုအပ်သော ညွှန်ကြားချက်များကို အလိုအလျောက်ဖတ်ရှုသွားသည်။ မိမိတွင် hard drive တစ်ခုရှိပါက မိမိ၏ ကွန်ပျူတာ စတင်နိုးကြားရန်လိုအပ်သော ဖိုင်များမှာ hard drive ပေါ်တွင် ရှိကောင်းရှိနေနိုင်သည်။ မိမိ၏ Computer တွင် Floppy drive များသာရှိနေပါက ကွန်ပျူတာကို ဖွင့်ခြင်းမပြုမီ Drive ထဲသို့ Start Up Disk (တစ်နည်းအားဖြင့် Boot Disk/ Bootable Disk) တစ်ခု ထည့်ပေးရန် လိုအပ်သည်။

PC ကိုဖွင့်ရန် အသုံးပြုသည့် ဝေါဟာရဖြစ်သည်။ PC ကိုဖွင့်သောအခါ PC က ROM ထဲတွင် သိုလှောင်ထားသည့် Program တစ်ခုဖြစ်သည့် bootstrap loader ကို စစ်ဆေးသည်။ ယင်း ပရိုဂရမ်က boot record တစ်ခု ဟု သိထားသည့် Hard disk ၏ သီးခြားနေရာတစ်ခုကို ရှာဖွေကြည့်သည်။ Disk ပေါ်တွင် boot record ကို ရှာတွေ့ပါက ထို boot record ထဲတွင် သိမ်းဆည်းထားသည့် ပရိုဂရမ်ကို RAM အတွင်းသို့ load လုပ်ပြီး excute လုပ်ပေးသည်။ အားလုံးအဆင်ပြေမည်ဆိုပါက သင်၏ စက်သည် လှုပ်ရှားသက်ဝင်လာလိမ့်မည်။