ဘီးတဲလ်အဖွဲ့
| ဘီးတဲလ်အဖွဲ့ The Beatles |
|
၁၉၆၄ ခုနှစ်တွင် ရိုက်ကူးထားသည့် ဘီးတဲလ်အဖွဲ့ ဂျွန် လင်နွန်၊ ပေါလ် မက္ကတ်နေ ဂျော့ဂျ် ဟယ်ရစ်စင်၊ ရင်းဂို စတား |
|
| အချက်အလက်များ | |
|---|---|
| မူလတိုင်းပြည် | လစ်ဗာပူးလ်၊ အင်္ဂလန် |
| ဂီတဟန် | ရော့ခ်၊ ပေါ့ပ် |
| Years active | 1960–1970 |
| တေးသံသွင်း ကုမ္ပဏီ | Parlophone, Capitol, Apple |
| ပူးတွဲ သရုပ်ဆောင်မှု | The Quarrymen |
| ဝက်ဘ်ဆိုက် | thebeatles.com |
| အဖွဲ့ဝင်များ | |
| ဂျွန် လင်နွန်၊ ပေါလ် မက္ကတ်နေ ဂျော့ဂျ် ဟယ်ရစ်စင်၊ ရင်းဂို စတား |
|
| အဖွဲ့ဝင်ဟောင်းများ | |
| Stuart Sutcliffe Pete Best |
|
ဘီးတဲလ်အဖွဲ့ (The Beatles) သည် ၁၉၆၀ ပြည့်နှစ်အတွင်း အင်္ဂလန် လစ်ဗာပူးလ်၌ ဖွဲ့စည်းခဲ့သည့် ရော့ခ် ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ ခေတ်ပေါ်တေးဂီတ လောကတွင် အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့အဖြစ် အသိအမှတ်ပြု ခံရဆဲဖြစ်သည်။[၁] ၁၉၆၂ ခုနှစ်မှစ၍ အဖွဲ့ဝင်များမှာ ဂျွန် လင်နွန် (ရစ်သမ်ဂီတာ၊ အဆို)၊ ပေါလ် မက္ကတ်နေ (ဘေ့စ်ဂီတာ၊ အဆို)၊ ဂျော့ဂျ် ဟယ်ရစ်စင် (လိဒ်ဂီတာ၊ အဆို) နှင့် ရင်းဂို စတား (ဒရမ်၊ အဆို) တို့ဖြစ်ကြသည်။ ရော့ခ်အင်ရိုးနှင့် အစပျိုးခဲ့ပြီး နောက်ပိုင်းတွင် ဖို့လ်ခ်ရော့်ခ် (folk rock) မှ ဆိုင်ခီဒယ်လစ်ရော့ခ် (psychedelic rock) အထိ ဟန်အမျိုးမျိုးဖြင့် သီဆိုခဲ့သည်။ ရံဖန်ရံခါ ခလပ်စစ်ခယ် (classical) နှင့် ပေါင်းစပ်ကာ အသွင်သစ်ဖြင့်လည်း ဖန်တီးတတ်သည်။ ဘီးတဲလ်အဖွဲ့၏ ဂီတသည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း လူမှုရေး၊ ယဉ်ကျေးမှု အပြောင်းအလဲများကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့သည်။