ဘာဂျာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၆ပေါက်Chromatic (ထိပ်) နှင့် ၁၀ပေါက် Diatonic (အောက်) ဟုခေါ်သည် ဘာဂျာနှစ်မျိုးတွေ့ရ။

ပါးစပ်ဖြင့် မှုတ်ရသည့် သံစုံတူရိယာကလေးကို ဘာဂျာ (Harmonica) ဟုခေါ်သည်။ ပါးစပ်မှုတ် ဘာဂျာဟူ၍ လည်းကောင်း တစ်ခါတစ်ရံ ပြင်သစ်စောင်း (French harp) ဟူ၍ လည်းကောင်း ခေါ်ကြသည်။ ယင်းကို လူသိများရုံမက ကလေး သူငယ်တိုင်းလိုလိုပင် မှုတ်တတ်ကြသည်။ အဖိုးပေါသည့်ပြင် လေ့ကျင့်ရန်လည်း လွယ်ကူလှသည်။ ယင်းကိရိယာ ကလေးကို ပါးစပ်ဖြင့် မှုတ်၍ဖြစ်စေ၊ စုတ်၍ဖြစ်စေ အသံများ ထွက်ပေါ်လာလေသည်။ မမြည်စေလိုသည့်အပိုင်း ကို လျှာဖြင့်ပိတ်၍ မှုတ်ခြင်းစုတ်ခြင်း ပြုရသည်။ ဘာဂျာပြုလုပ်ပုံမှာ အလယ်တွင် အပေါက်ရှိသော သစ်သား ပြားကလေးတစ်ခု ခံထား၍ သစ်သားပြား၏ ဘေးနှစ်ဖက်တွင် သတ္တုပြားနှစ်ချပ် ကပ်ထား၏။ အပေါက်များ ဖောက်ထားသော ထိုသတ္တုပြား နှစ်ချပ်တွင် အရှည် အတို၊ အထူအပါး အရွယ်အစားစားဖြစ်သော ကြေးပြား ချောင်းငယ် ကလေးများကို အစွန်းတစ်ဖက်၌ ခိုင်မြဲအောင် တပ်ထားလျက် အခြားအစွန်းဖက်၌ လစ်လပ်လျက်ရှိသည်။ မှုတ်လိုက်သော လေနှင့် စုတ်ယူလိုက်သောလေများသည် ထိုကြေးပြားကလေး များကို ထိခိုက်လေရာ ယင်းသို့သော ထိခိုက်မှုသည် လေလှိုင်း အတိုအရှည်တို့ကို ဖြစ်စေလျက်၊ အသံမျိုးစုံ ပေါ်လာစေခြင်း ဖြစ်သည်။

ဘာဂျာကို ၁၈၂၉ ခုနှစ်တွင် ဗြိတိသျှလူမျိုး သိပ္ပံ ပညာရှင် ဆာစီဝှိစတုန်းက စတင်တီထွင်ပြုလုပ်သည်ဟု ဆိုကြ သည်။ သို့ရာတွင် ဂျာမနီနိုင်ငံ စီးပွားရေး လုပ်ငန်းကြီးတစ်ခု က ဘာဂျာလုပ်ငန်းကို နှစ်ပေါင်းများစွာ တစ်ဦးတည်းပိုင် လုပ်ငန်းအဖြစ် ချုပ်ကိုင်ထားလေသည်။ ကမ္ဘာစစ်ကြီး များအတွင်းက ဘာဂျာသည် စစ်သည်တော် များ၏ အပျင်း ပြေအသုံးပြုသော လက်စွဲတူရိယာအဖြစ် ကျော်ကြားသည်။ လယ်ရီ အက်ဒလားနှင့် ဗိုရာမီနိုဗစ်တို့ကဲ့သို့သော ဂီတ ပညာကျော်ကြီးများကသာ ဘာဂျာကို ပွဲကြီးလမ်းကြီးများ၌ အသုံးပြုသည်မှစ၍ ဘာဂျာသည် အဆင့်အတန်းမြင့်သော တူရိယာတစ်ခု ဖြစ်လာသည်။[၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်