ဘလပိုကုနရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
ဘလပိုကုနရာဇမဟာဝိဟာရ
බලපොකුණ රජ මහා විහාරය
The ancient pond and Devalaya
အချက်အလက်များ
တည်နေရာPamankada, Sri Lanka
ကိုဩဒိနိတ်06°52′21.0″N 79°52′40.1″E / 6.872500°N 79.877806°E / 6.872500; 79.877806ကိုဩဒိနိတ်: 06°52′21.0″N 79°52′40.1″E / 6.872500°N 79.877806°E / 6.872500; 79.877806
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Colombo
စီရင်စုWestern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (6 June 2008)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

ဘလပိုကုနရာဇမဟာဝိဟာရ (သီဟိုဠ်: බලපොකුණ රජ මහා විහාරය)သည် သီရိလင်္ကာနိုင်ငံ၊ အနောက်စီရင်စု၊ ပမန်ကဒမြို့(Pamankada) တွင် တည်ရှိသည့် သမိုင်းဝင် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Colombo-Batticaloa လမ်းမကြီးရှိ ၆ မိုင်လမ်းဆုံးအနီးတွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟာင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်မှုကို ၂၀၀၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အစိုးရဂေဇက်သတင်းစာအမှတ် ၁၅၅၃ တွင် ကြေညာခဲ့သည်။

ဘလပိုကုန[ပြင်ဆင်ရန်]

ကျောင်းတော်ပရဝုဏ်အတွင်းရှိ ကျောက်ဆောက်မျက်နှာပြင်၌ ဘလပိုကုနဟု အမည်ရှိသည့် သဘာဝရေကန်တစ်ခုရှိသည့်အတွက် ဘလပိုကုနဝိဟာရဟု အမည်တွင်ရခြင်း ဖြစ်သည်။ အစောပိုင်းကာလများတွင် ထိုကန်ကို “ဘတပိုကုန” ဟု ခေါ်ကြသည်။ အမည်မှာ သီရိလင်္ကာဘာသာစကားဖြင့် ဘတ ဆိုသည်မှာ “စစ်သည်များ” ဟု အဓိပ္ပာယ်ရသည်။ Parakramabahu VI မင်းလက်ထက်အခါက ထိုကန်ရှိရေကို မင်း၏ စစ်သည်တော်များသည် အသုံးပြုခဲ့ကြသည်။[၁] နောက်ပိုင်းတွင် ဘတပိုကုန ဟူသည့် အမည်သည် တဖြည်းဖြည်းပြောင်းလဲကာ ယခုတွင်ရှိနေသည့်အမည် ဘလပိုကန ဖြစ်လာခဲ့သည်။

ထင်ရှားသည့် သမိုင်းများအရ ဘလပိုကုနသည် ကော့တီမြို့မှ ဖောက်ထားသည့် ရှေးဟောင်းတူးမြောင်း၏ ထွက်ပေါက်ဖြစ်သည်ဟု ဆိုကြသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Balapokuna TempleThe Nation (Sri Lanka) (4 June 2006)။ 22 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 March 2017 တွင် ပြန်စစ်ပြီး။