ဘန်ကောက်ဘူတာကြီး

ဝီကီပီးဒီးယား မှ
ဘန်ကောက်ဘူတာကြီး
สถานีรถไฟกรุงเทพ
တည်နေရာဘန်ကောက်
ကိုဩဒိနိတ်13°44′20″N 100°31′0″E / 13.73889°N 100.51667°E / 13.73889; 100.51667ကိုဩဒိနိတ်: 13°44′20″N 100°31′0″E / 13.73889°N 100.51667°E / 13.73889; 100.51667
ပိုင်ဆိုင်သူထိုင်းရထားရေးရာ
ရထားလိုင်း(များ)Northern Line
Northeastern Line
Eastern Line
Southern Line
ဆက်သွယ်ထားမှုများမြေအောက်ရထား
တည်ဆောက်မှု
မသန်စွမ်းသူများ အသုံးချနိုင်မှုYes
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်
သမိုင်းကြောင်း
ဖွင့်ခဲ့၂၅ ဇွန် ၁၉၁၆
Traffic
ခရီးသည် (၂၂,၀၀၀,၀၀၀)တစ်ရက်လျှင် ၆၀,၀၀၀+

ဘန်ကောက်ဘူတာကြီး (ထိုင်း: สถานีรถไฟกรุงเทพ) Hua Lamphong station ဟုလည်း ခေါ်ကြ (สถานีหัวลำโพง),သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အဓိကဘူတာရုံဖြစ်ကာ မြို့လယ်ခေါင်၌ တည်ရှိသည်။

အမည်[ပြင်ဆင်ရန်]

ထိုင်းရထားရေးရာဌာနမှ ပေးသောတရားဝင်အမည်မှာ "ဆန်သနီရူဖိုင် ခရွန်သတ်"ဖြစ်သည်။ "ဟွာလတ်ဖောင်"မှာ အရပ်စကားဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ဤဘူတာကို ၁၉၁၆ ဇွန် ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

စင်္ကြန်ပေါင်း ၁၄ ခု၊ လက်မှတ်ရုံ ၂၆ ခုနှင့် လျှပ်စစ်ဘုတ် ၂ ခုတို့ ရှိသည်။ တစ်နေ့ လူဦးရေ ၆၀၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးနေသည်။ ၂၀၀၄ ခုနှစ်မှစ၍ မြေအောက်ရထားလိုင်းနှင့် ချိတ်ဆက်ထားသည်။

ပိတ်သိမ်းရန် ရည်ရွယ်ခြင်း[ပြင်ဆင်ရန်]

ဤဘူတာကို ပြတိုက်အဖြစ်သာ ထားရှိရန်အတွက် ၂၀၁၉ ခုနှစ်တွင် ပိတ်သိမ်းရန် ရည်ရွယ်ထားသည်။ ဘန်ကောက်ဘူတာကြီးအဖြစ် ဘန်စူးဘူတာရုံကို ပြောင်းမည်ဖြစ်သည်။

ပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]