ဗစ်တာဟူးဂိုး
Wikipedia မှ
ဗစ်တာဟူးဂိုး(၁၈၀၂-၁၈၈၅)သည် ပြင်သစ်ကဗျာဆရာ၊ ပြဇာတ်ဆရာနှင့် ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ မျက်မှောက်ကာလအထိပင် ဗစ်တာဟူးဂိုး၏ နော်ထရာဒမ်းက ခါးကုန်းကြီး The Hunchback Notre Dame နှင့် ဒုက္ခဘုံ Les Miserables နော်ဗယ်ဝတ္ထုကြီးနှစ်ပုဒ်ကြောင့် အမှတ်တရရှိနေဆဲဖြစ်သည်။ ဗစ်တာဟူးဂိုးသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ယင်းသို့ ရပ်ဝေးရောက်နေစဉ်အတွင်း ဟူးဂိုးသည် ကဗျာစာအုပ်နှစ်အုပ်နှင့် ဒုက္ခဘုံနော်ဗယ်ကြီးကို ရေးသားထုတ်ဝေခဲ့သည်။ ဒုက္ခဘုံဝတ္ထုတွင် ယွန်းဗာလယွန်း Jean Valiean ဆိုသူ လောကကြီးတွင် ရိုးသားအသုံးဝင်စွာနေထိုင် အသက်မွေးရန်ကြိုးပမ်းခဲ့သည့် ဝရမ်းပြေးကြီး တစ်ယောက်အကြောင်းဖော်ပြပါရှိသည်။ ဘဝဆုံးခါနီးတွင် ဟူဂိုးသည် ပြင်သစ်နိုင်ငံသို့ပြန်လာခဲ့သည်။ ၁၈၈၅ခုနှစ်တွင်ပြင်သစ်၌ကွယ်လွန်သည်။