ဗစ်ခ်တာ ရက်ရှ်နီကော့ဗ်
Wikipedia မှ
| ဗစ်ခ်တာ ရက်ရှ်နီကော့ဗ် | |
|---|---|
| မွေးသက္ကရာဇ် | ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၃ |
| လူမျိုး | ရှရှား |
| သားသမီး | ၂ဦး |
ဗစ်ခ်တာ ရက်ရှ်နီကော့ဗ် ကို ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် Magnitogorsk တွင်မွေးဖွားခဲ့ပြီး ရုရှားလူမျိုး စီးပွားရေးနှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ သူ၏ ရင်းနှီးမြှုပ်နှံမှုကို Magnitogorsk Metallurgical စီးပွားရေးအဖွဲ့အစည်းကြီးအမည်ဖြင့် (ခန့်မှန်းငွေကြေး ၇ ဘီလျံဖြင့် ၂၀၀၇ ခုနှစ်တွင်) သံနှင့်သမဏိထုတ်လုပ်မှုလုပ်ငန်းတွင် စတင်ခဲ့ပြီး ဒေသဆိုင်ရာ ဥပဒေပြဌာန်းသူအဖြစ် ၃ ကြိမ်တိုင် အရွေးခံထားရသူဖြစ်သည်။ Forbes ၏ ကမ္ဘာ့ဘီလျံနာစာရင်းအရ ဗစ်ခ်တာ ရက်ရှ်နီကော့ဗ် ကို ၂၀၀၇ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အမှတ် ၁၀၄ ဟု သတ်မှတ်သည်။ သူသည် အိမ်ထောင်ရှိသူဖြစ်ပြီး သားသမီး ၂ ဦးရှိပါသည်။