ဖရစ်နတ်ဘုရားမ

ဝီကီပီးဒီးယား မှ
Frigg sits enthroned and facing the spear-wielding goddess Gná, flanked by two goddesses, one of whom (Fulla) carries her eski, a wooden box. Illustrated (1882) by Carl Emil Doepler.

ဖရစ်နတ်ဘုရားမ ( ရှေးဟောင်းနော့စ် : Frigg, ရှေးဟောင်းဂျာမန် : Frija, ရှေးဟောင်းအင်္ဂလိပ် : Frīg ) သည် နော့စ်ဒဏ္ဍာရီလာ နတ်ဘုရားမတစ်ဦးဖြစ်သည်။ အိုးဒင်နတ်ဘုရား၏ ဇနီးတစ်ဦးဖြစ်သည်။ ရှေးဟောင်းဂျာမန်စာ နှင့် ရှေးစောင်းနော့စ်စာ ရင်းမြစ်များတွင် သူမသည် ဖူလာနတ်ဘုရားမနှင့် ဆက်စပ်သည်ဟုဖော်ပြပါရှိသည်။ အင်္ဂလိပ်ရက်သတ္တပတ် သောကြောနေ့ (Friday, ရှေးဟောင်းအင်္ဂလိပ် : Frīgedæg) သည် သူမကိုအစွဲပြု၍ ပေးထားခြင်းဖြစ်၏။

ဂျာမန်နစ်ဒဏ္ဍာရီ၏ မြောက်ဘက်ဆုံးကျသည့် အခွဲတစ်ခုဖြစ်သော နော့စ်ဒဏ္ဍာရီတွင် ဖရစ်အား ကြိုတင်သိမြင်နိုင်မှု၊ အသိဉာဏ်ပညာနှင့်ပတ်သက်သူဟူ၍ ဖော်ပြသည်။ ဖန်းဆဲလိယာ စိမ့်တောမြေခန်းမများ၌ နေထိုင်၍ ကြိုတင်သိမြသ်နိုင်သည့်စွမ်းအားကြောင့် ကျော်ကြားသည်။ Fulla ၊ Lofn ၊ Hlín ၊ Gná စသည့်နတ်ဘုရားမများနှင့် ဆက်စပ်သည်။ ကမ္ဘာမြေနှင့်လည်း ရောရောထွေးထွေး ပတ်သက်သူလည်းဖြစ်သည် (သို့) ရှေးဟောင်းနော့စ်ဘာသာစကား ကမ္ဘာမြေအဓိပ္ပာယ်ရှိသည့် သီးခြားပုဂ္ဂိုလ်တစ်ဦး ယော့သ် (Jörð) အဖြစ်တင်စားခိုင်းနှိုင်းကြသည်။ ဖရစ်နှင့် အိုးဒင်၏ သားသမီးများတွင် ရွှေရောင်အဆင်းရှိသော ဘောလ်သရာနတ်ဘုရား ပါဝင်သည်။ အရေးကြီးသော အကြောင်းရာပိုင်း ထပ်တူညီသောကြောင့် ဖရစ်ကို ဖရွိုင်းယာနတ်ဘုရားမနှင့်ပတ်သက်ဆက်နွယ်နိုင်သည်ဟု ပညာရှင်များကအဆိုပြုပြောဆိုကြသည်။

ခရစ်ယာန်အယူပြောင်းလဲခံယူခြင်း(ဖြစ်စဉ်) ပြီးနောက် ဖရစ်နှင့်ပတ်သက်သော ဖော်ပြမှုများသာ် စကန်ဒီနေးဗီးယား ရိုးရာအစဉ်လာပုံပြင်များ၌ ဆက်လက်ပါဝင်ခဲ့သည်။ ခေတ်သစ်ကာလများအတွင်း ဖရစ်သည် လူကြိုက်များသော ယဉ်ကျေးမှုနယ်ပယ်များ၌ ပါဝင်ခဲ့ကာ အနုပညာနယ်၌ အကြောင်းအရာတစ်ရပ်ဖြစ်လာခဲ့ပြီး ခေတ်သစ်ဂျာမန်နစ်ရိုးရာဘာသာတရားတွင် ၎င်းကို အလေးထားပူဇော်မှုများလည်းရှိသည်။

ကိုးကား[ပြင်ဆင်ရန်]