ပေါလ် အယ်လန်

ဝီကီပီးဒီးယား မှ
ပေါလ် အယ်လန်
ပေါလ် အယ်လန်
အမည်ရင်း ပေါလ် ဂါဒနာ အယ်လန်
မွေးသက္ကရာဇ် (1953-01-21)၂၁ ဇန်နဝါရီ၊ ၁၉၅၃
မာဆာ ကျွန်း၊ ဝါရှင်တန်
ကွယ်လွန် ၂၀၁၈
အလုပ်အကိုင် Vulcan Inc ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလျံ
မွေးရပ်ဇာတိ ဆီတဲလ် ၊ ဝါရှင်တန်

ပေါလ် အယ်လန် (1953-2018) အယ်လန် (မွေးနေ့ ၁၉၅၃ခုနှစ် ဇန်နဝါရီလ ၂၁ ရက်) သည် အမေရိကန် စက်မှုလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး မိုင်ကရိုဆော့ဖ် ကို ဘီလ် ဂိတ်စ် နှင့် ပူတွဲတည်ထောင်ခဲ့ရာ ၂၀၁၀ခုနှစ်တွင် ကိုယ်ပိုင် ဥစ္စာဓနကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံ ဖြင့် ကမ္ဘာပေါ်တွင် အလွန်ချမ်းသာသောပုဂ္ဂိုလ်များ ထဲတွင် တစ်ဦးအဖြစ်သည်။ သူသည် ဗာလ်ကန် အင်ကော်ပိုရိတ် တည်ထောင်သူ နှင့် ဥက္ကဋ္ဌ ဖြစ်ပြီး ကုမ္ပဏီ၏ပိုင်ရှင်လည်းဖြစ်သည်။ သူကိုယ်တိုင်ကုမ္ပဏီကို စီမံအုပ်ချုပ်သည်။ ချာတာ ကွန်မြူနီကေးရှင်းစ် ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။ ဒေါ်လာ ဘီလ်လျံ နှင့် ချီ၍ တန်သော ပို့ဖိုးလီးအိုး(Portfolio) ရင်းနှီးမြှပ်နှံမှုများတွင် ဒီဂျီအို၊ ကီဟာ ဆော့ဖ်ဝဲလ်၊ အိမ်၊ခြံ၊မြေ ပိုင်ဆိုင်မှုများ၊ နှင့် အခြား၄၀ထက်မနည်း နည်းပညာ၊ မီဒီယာ၊ ကွန်တန့်(content) ကုမ္ပဏီများ ပါဝင်သည်။

အယ်လန် သည် ကြေးစားအားကစားအသင်း ၃ သင်းကိုလည်းပိုင်ဆိုင်သည်၊ The Seattle Seahawks of the National Football League(NFL)၊ the Portland Trail Blazers of National Basketball Association(NBA)၊ နှင့် မေဂျာလိဂ်ရှိ the Seattle Sounders FC တို့ဖြစ်ကြသည်။

ဓန ကြွယ်ဝမှု[ပြင်ဆင်ရန်]

Forbes အရ အယ်လန် သည် ကမ္ဘာ့ ၃၇ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်၊ ခန့်မှန်းကြွယ်ဝမှု ဒေါ်လာ ၁၃.၅ ဘီလီယံရှိသည်။ ၎င်းမဂ္ဂဇင်း ၏ အစီရင်ခံစာ တွင် ၂၀⁠၀၉ခုနှစ် ၏ ဒေါ်လာ ၁၀.၅ ဘီလီယံ ထက်များခဲ့သော်လည်း ၂၀⁠၀၈-၂၀⁠၀၉ခုနှစ် ကမ္ဘာတစ်ဝန်းဘဏ္ဍရေးအကျပ်အတည်းကာလ ကရှိခဲ့သော စုစုပေါင်း တန်ဖိုး ဒေါ်လာ ၁၆ ဘီလီယံ ထက်လျော့ကျခဲ့သည်ဟု ဖော်ပြခဲ့သည်၊ ထိုစဉ်က အမေရိကန် အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း တွင် ၁၂ ယောက်မြောက် ဖြစ်သည်။

၂၀⁠၀၇ခုနှစ်အရ အယ်လန် သည် ခန့်မှန်းအသားတင်ကြွယ်ဝမှုမှာ ဒေါ်လာ ၁၈ ဘီလီယံရှိပြီးထိုအချိန်တွင် သူသည် ကမ္ဘာ့ ၁၉ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်၊ သူ၏ အစုစပ်လုပ်ငန်းရှင်ဖြစ်သော ဘီးလ်ဂိတ်စ် က ဘီလျံနာများအား မိမိပိုင်ဆိုင်မှုအနည်းဆုံးတစ်ဝက် ကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းမည်ဟု လူသိရှင်ကြားကတိပေးရန် တိုက်တွန်းပြောကြားရာ ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၅ ရက် ကြာသပတေးနေ့တွင် သူသည်သူ၏ငွေ အများစုအားလှူဒါန်းမည်ဟုပြောခဲ့သည်။ ၂၀၁၀ခုနှစ်တွင် Forbes အရ သူ၏ ခန်.မှန်းကြွယ်ဝမှုမှာ ဒေါ်လာ ၁၂.၇ ဘီလီယံ ဖြစ်သည်။

ဘဝ နှင့် အသက်မွေးမှု[ပြင်ဆင်ရန်]

ငယ်ရွယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ပေါလ်ဂါဒနာ အယ်လန် ကို စီအာတယ်လ် ဝါရှင်တန်၊ တွင် မိဘမျာဖြစ်ကြသော ကင်နက် အဲစ် အယ်လန်၊ဝါရှင်တန် တက္ကသိုလ် စာကြည့်တိုက်များ၏ ပူးတွဲ ဒါရိုက်တာ နှင့် ဖေး ဂျီ အယ်လန် မှ ၁၉၅၃ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ စီအာတယ်လ်၏ ပုဂ္ဂိလိက ကျောင်းဖြစ်သော အယ်လန် လိပ်ဆိုက် ကျောင်းတွင်တက်ခဲ့ပြီး သူထက်အများကြီးငယ်သော်လည်း ကွန်ပျူတာများကို သူ့ကဲ့သို့ပင် အလွန်နှစ်သက်သော ဘီးလ် ဂိတ်စ် ကိုမိတ်ဖွဲ့ခဲ့သည်။ အချို့သော ကွန်ပျူတာ အချိန်မျှဝေ စနစ်များအပေါ် သူတို့ရဲ့ ပရိုဂရမ်မင်း ကျွမ်းကျင်မှုများ တိုးတက်အောင် လိပ်ဆိုက် ရဲ့ တယ်လီတိုက် ခလုတ်ခုံ ကိုသုံးခဲ့သည်။

ကျောင်းဆင်းပြီး ဝါရှင်တန် ပြည်နယ် တက္ကသိုလ် တက်ရောက်ခဲ့ရာ ၂ နှစ်အကြာတွင် နှတ်ထွက်ခဲ့ပြီး နောင်တစ်ချိန်တွင် သူ၏သူငယ်ချင်းဟောင်းနား၌ ပရိုဂရန်မာ အဖြစ် အလုပ်လုပ်ရန် ဘော့စ်တွန် မြို့ မှ ဟန်နီဝဲယ်လ် ကုမ္ပဏီ တွင်အလုပ်ဝင်ခဲ့သည်။ မိုက်ခရိုဆော့ဖ် ကိုဖန်တီးရန် အဲလ်လင် ကဂိတ်စ် ကို ဟားဘတ် တက္ကသိုလ် မှ နုတ်ထွက်ဖို့ နောက်ပိုင်းတွင် နားချခဲ့သည်။

မိုက်ခရိုဆော့ဖ်[ပြင်ဆင်ရန်]

၁၉၇၅ခုနှစ် နယူ မက်စီကို ပြည်နယ်၊ အာလ်ဘူကာလ်ကီမြို့တွင် မိုင်ကရိုဆော့ဖ် (အစပိုင်းတွင် “မိုင်ကရို-ဆော့ဖ်”) ကို ဘီလ် ဂိတ်စ် နှင့် ပူတွဲတည်ထောင်ခဲ့ပြီး အခြေခံစကားပြန်ပရိုဂရမ်မင်း (BASIC programming language interpreter) ကို စတင်ဈေးကွက်တင်ခဲ့သည်။ ၁၉၈၀ခုနှစ်တွင် Intel 8088-based IBM PC အတွက် အလုပ်လုပ်သော ဒစ်ခ်စနစ် (Disk Operating System) တစ်ခု ကို အိုင်ဘီအမ် IBM သို့အရောက်ပို့ပေးမည်ဟု ကတိပေးခဲ့ပြီးနောက် စီအာတယ်လ် ကွန်ပျူတာ ပရိုဒတ်စ်(Seattle Computer Products) ၌ အလုပ်လုပ်နေသူ တင်မ်ပက်တာစင် ရေးထားသော Quick and Dirty Operating Systems (QDOS) အား မိုင်ကရိုဆော့ဖ် အတွက်ဝယ်ယူရန် အယ်လန် က အရောင်းအဝယ်ကိစ္စကို ဦးဆောင်ခဲ့သည်။

ဤအရောင်းအဝယ်ကိစ္စကြောင့် နောက်ဆုံး၌ အိုင်ဘီအမ် IBM ၏ ပီစီ PC များအား လည်ပတ်ရာတွင်သုံးမည့် ဒေါ့်စ် DOS ကို ထောက်ပံ့ရန် သေချာစေမည့်အမြဲတမ်း စာချူပ် တစ်ခုရရှိခဲ့သည်။ အိုင်ဘီအမ် IBM နှင့်ချုပ်ဆိုသောထို စာချူပ်သည် မိုင်ကရိုဆော့ဖ်သမိုင်း၏ အရေးပါသော အလှည့်အပြောင်းဖြစ်ခဲ့ပြီး အယ်လန် နှင့် ဂိတ်စ် တို့ကိုအ့ံဩဖွယ်ကောင်းသော ဓနကြွယ်ဝမှုများဆီသို့ လမ်းပြခေါ်ဆောင်ခဲ့သည်။ ၁၉၈၃ခုနှစ်တွင် အယ်လန် သည် ဟော့ဂျ်ကင်း လင်ဖိုးမာ Hodgkin’s Lymphoma ရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သူ့ကင်ဆာကို လအနည်းငယ် ရေဒီယိုရောင်ခြည် ရောဂါကုထုံး နှင့် ရိုးတွင်းခြင်ဆီအစားထိုးကုထုံးတို့ဖြင့် အောင်မြင်စွာကုသနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ထိုအချိန်မှစ၍ မိုင်ကရိုဆော့ဖ်ကုမ္ပဏီမှ စွန့်ခွာခဲ့သည်။ ၂၀⁠၀၀ခုနှစ်တွင် အယ်လန် သည် မိုင်ကရိုဆော့ဖ် ၏ ဘုတ်အဖွဲ့မှ တရားဝင် နုတ်ထွက်ခဲ့သည် သို့ရာတွင် သူ့ကို ကုမ္ပဏီ အရာရှိကြီးများ၏ အဆင့်မြင့်မဟာဗျူဟာအကြံပေး တိုင်ပင်ခံ လုပ်ရန် ကမ်းလှမ်းခဲ့သည်။ ထိုနှစ်တွင် မိုင်ကရိုဆော့ဖ် ၏ အစုရှယ်ယာ ၆၈ သန်း အားရောင်းချခဲ့သော်လည်း သတင်းများအရ အစုရှယ်ယာ ၁၃၈ သန်း အားပိုင်ဆိုင်မှု ရှိနေသေးသည်ဟု ဆိုကြသည်။

အသိအမှတ်ပြုခံရမှုများ[ပြင်ဆင်ရန်]

၂၀⁠၀၇ နှင့် ၂၀⁠၀၈ ခုနှစ်များတွင် တိုင်းမ်စ် မဂ္ဂဇင်း ၏ ကမ္ဘာ့ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သည်။ ၂၀⁠၀၈ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပေါလ်အယ်လန် ကို “ပစိဖိတ်အနောက်မြောက် ရှိ အမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ အပေါ်ပေးခဲ့သော သူ၏ရက်ရောသော ကတိကဝတ် နှင့် ဘဝသက်တမ်းတစ်လျှောက် ဒေါ်လာ ၁ ဘီလီယံနီးပါး အလှူအတန်း အတွက်” “သည် စီအားတယ်လ် ကင်းကောင်တီ အဆိုစီအေးရှင်း အော့ဖ် ရီအားတယ်လ်စ်” (The Seattle-King County Association of Realtors) က ဂုဏ်ပြုခဲ့သည်။

ပေါလ်အယ်လန် သည် ဆုများ နှင့် ဂုဏ်ထူးဆောင်ဆုများ ကို တက္ကသိုလ်အချို့မှလည်း ရရှိခဲ့သည်။ ၁၉⁠၉၉ခုနှစ် တွင် ဝါရှင်တန် ပြည်နယ် တက္ကသိုလ် မှ ၎င်းတို့၏ အမြင့်ဆုံးရိုးဂုဏ်ဆု “သည် ရီဂျန့်စ် ထင်ရှားကျော်ကြား အာလွန်မနဲစ်ဆု”(The Regents’ Distinguished Alumnus Award) ကို အယ်လန် အားချီးမြှင့်ခဲ့သည်။ သူသည် အီကောလ် ပိုလီတက်ခ်နစ်ခ် ဒီ-ဝါရှင်တန်(Ecole Polutechnique D-Washinton) မှ ဒေါက်တာ အော်နိုးရီစ် ကော်စာ (Docteur honoris causa)ရခဲ့ပြီး ဂုဏ်ပြုပွဲစဉ်တွင် စီအာတယ်လ် စီးဟောက်စ်(Seattle Seahawks) မှ အမှူဆောင်ချူပ် တော့ဒ်လေဝီ(Tod Leiweke)က အမှာစကား ပြောခဲ့သည်။ ၂၀⁠၀၉ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အော်ရီဂန်အားကစား(Oregon Sports) မှ အထူး ကောင်းမြတ်ခြင်း ဆု(Special merit) ရရှိခဲ့သည်။

ပရဟိတလုပ်ငန်းများ[ပြင်ဆင်ရန်]

ပေါလ်အယ်လန် သည် ကျန်းမာရေး နှင့် လူမှုရေးဝန်ဆောင်မှုများ နှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ နှင့် အဆင့်မြင့် သိပ္ပံ နှင့် နည်းပညာ သို့ အမြောက်အမြားလှူဒါန်းခဲ့သည်။ ၁၉၈၆ တွင် သူ၏လှူဒါန်းမှုအများစုကို စီမံခန့်ခွဲရန် “သည် ပေါလ်ဂျီ အယ်လန် မိသားစု ဖောင်ဒေးရှင်း” ကိုတည်ထောင်ခဲ့သည်။

ဖောင်ဒေးရှင်းမှတစ်ဆင့် အယ်လန် သည် ၁ နှစ်ခန့်မှန်း ဒေါ်လာ သန်း ၃၀ ထောက်ပံ့ကြေး လှူဒါန်းခဲ့သည်။ စီအားတယ်လ်ရှိ အမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ နှင့် ဝါရှင်တန်ပြည်နယ် အတွက် ဖောင်ဒေးရှင်း၏ ငွေ အကြမ်းဖျင်း ၆၀% နှင့် ပို့တလန် အော်ရီဂန် အတွက် ၁၂%လှူဒါန်းခဲ့သည်။ ကျန် ၂၈% အား ပစိဖိတ်အနောက်မြောက် ရှိ အခြားသောမြို့များသို့ ခွဲဝေခဲ့သည်။ အယ်လန် သည် ၂၀⁠၀၇ခုနှစ် အထိ သူ၏ငွေ အမေရိကန် ဒေါ်လာ သန်း ၉၀၀ လှူခဲ့သည်။

“စွန့်စားပရဟိတလုပ်ငန်း”(Venture Philanthropy) များဟု အမည်ရသော ကုသိုလ်ဖြစ်လုပ်ငန်း ဆောင်ရွက်သော စီမံကိန်းများမှလည်း တစ်ဆင့် ထောက်ပံ့ခဲ့သည်။ နာမည်အကျော်ကြားဆုံး စီမံကိန်းများမှာ “သီချင်း ခံစားခြင်း စီမံကိန်းများ”(Experience Music Project)၊ “သည် စီအားတယ်လ် စင်နရာမား”(The Seattle Cinerama)၊ “စိတ်ကူးယဉ် သိပ္ပံ ပြတိုက် နှင့် နာမည်အကျော်အမော် ပြခန်း”(the Science Fiction Museum and Hall of Fame)၊ “ မိုးပျံ အမွေအနှစ် အခင်းအကျင်း” (ပျံ၍ရသောစစ်လေယာဉ်များ)(the Flying Heritage Collection)၊ နှင့် အယ်လန် အရေး အဝေးကြည့်မှန်ပြောင်း(the Allen Telescope Array) (အေတီအေ)တို့ဖြစ်ကြသည်။

(အေတီအေ) သည် ဘာကလီ(Berkeley) ရှိ ကလီဖိုးနီးရား တက္ကသိုလ် နှင့် အဲစ်အီတီအိုင် အင်စတီကျုတ် တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဒစ်ပ်တဲရိုလိုဂျီ(Dipeterology) သို့ထည့်ဝင်မှုကြောင့် ပန်း ယင်ကောင် တစ်မျိုးခေါ် “ပေါလ်အယ်လန် ၏ ပန်း ယင်ကောင်” ကို သူ့အမည်ပေးခဲ့သည်။ ဂျင်မီ ဟင်ဒရစ် ၏ဝူဒ်စတောက်တွင်တီးခဲ့သော ဂီတာ အပါဝင် ရှေးဟောင်းပစ္စည်းများအား ဝယ်ယူရန် အယ်လန်ကစရိတ်ထုတ်ပေးခဲ့ရာ “သီချင်း အတွေ့အကြုံ စီမံကိန်းများ” ပြပွဲများတွင် အများပြည်သူများအတွက် ထိုပစ္စည်းများအား ခင်းကျင်းပြသနိုင်ခဲ့သည်။ ဝါရှင်တန် ပြည်နယ် တက္ကသိုလ် ကိုတက်ခဲ့ပြီး ထိုကျောင်း၏ သီချင်းကျောင်းသို့ ငွေလှူခဲ့သည်။ အယ်လန် သည် ဝါရှင်တန် တက္ကသိုလ် သို့မူ ထို့ထက်ပို၍လှူခဲ့သည်။

၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် အယ်လန် သည် သူ့အဖေ၏နာမည် ကဲနက် အက်စ် အယ်လန် Kenneth S. Allen ဖြင့် စာကြည့်တိုက်အသစ် ဆောက်ရန် အမေရိကန် ဒေါ်လာ ၁၈ သန်းလှူခဲ့သည်။ ၂၀⁠၀၃ခုနှစ်တွင် သူ့အမေ၏နာမည် ဖြင့် the Faye G. Allen Center for Visual Arts ထူထောင်ရန် ဒေါ်လာ ၅ သန်းလှူခဲ့သည်။ အလ်အမ်အင် အာကီတက် အော့ဖ် စီအာတဲလ် မှ ဒီဇိုင်းရေးဆွဲပြီး ၂၀⁠၀၃ခုနှစ် တွင်ပြီးခဲ့သော သူ့နာမည်ကိုအစွဲပြုထားသော “ပေါလ်ဂျီ အယ်လန် ကွန်ပျူတာ သိပ္ပံ နှင့် အင်ဂျင်နီရာ စင်တာ” အတွက်အလှူငွေ ဒေါ်လာ ၁၄ သန်းဖြင့် ထိပ်တန်းငွေထည့်ဝင်သူတစ်ဦးဖြစ်ခဲ့သည်။

နှစ်စဉ်နှစ်တိုင်း အယ်လန် သည် ဝါရှင်တန် တက္ကသိုလ် ဆေးကျောင်း သို့ အလှူငွေ ဒေါ်လာ သန်းချီ၍ လှူခဲ့သည်။ ၁၉⁠၉၇ခုနှစ်တွင် ပရိုစ်တာတိုင်တစ် သုတေသနလုပ်ရန် ဖောင်ဒေးရှင်းမှ ဒေါ်လာ ၃.၂ သန်းထောက်ပံ့ခဲ့ပြီး ၂၀⁠၀၂ခုနှစ် တွင်နောက်ထပ် ဒေါ်လာ ၁ သန်းထောက်ပံ့ကြေးပေးခဲ့သည်။

မကြာသေးမီက ဖရတ် ဟတ်ချင်စင် ကင်ဆာ သုတေသန စင်တာ တွင် ကင်ဆာ အချိန်မီရှာဖွေနိုင်ရေး စီမံကိန်း အတွက် ဖောင်ဒေးရှင်းမှ ဒေါ်လာ ၅ သန်းထောက်ပံ့ကြေးပေးခဲ့သည်။ ၂၀⁠၀၃ခုနှစ်တွင် ဂျိုး အယ်လန် ပတ်တန် (ပေါလ်အယ်လန် ၏ ညီမ) နှင့်အတူ အမြတ်အတွက် မဟုတ်သော ကော်ပိုရေးရှင်း နှင့် ဆေးသုတေသန အဖွဲ.အစည်း တစ်ခုဖြစ်သည် “သည် အယ်လန် အင်စတီကျု ဖော် ဘရိန်း ဆိုင်ရန့်စ်” the Allen Institute for Brain Science ကိုတည်ထောင်ခဲ့သည်။

အယ်လန် ဘရိန်း အဲတလာစ် အတွက် ကြွက်ပုံစံငယ်စနစ် (လူ့ ဒီအင်အေ နှင့် အလွန် ဆင်ခြင်းကြောင့်) အားအသုံးချကာ အရွယ်ရောက် ကြွက် ဦးနှောက် ၏ ဗီဇ ၂၀,၀⁠၀၀ အား အခန်းအကန့်ဆဲလ်မြေပုံဖော်ခဲ့သည်။ ထိုကြိုးပမ်းအားထုတ်မှု သတင်းအချက်အလက်များကို လွတ်လပ်စွာလူတိုင်းဝင်ရောက်ကြည့်ရှုနိုင်သော “www.brain-map.org” ရှိ အယ်လန် ဘရိန်း အာ့တလာစ် စီမံချက် Allen Brain Atlas Project application (အဲပလီကေးရှင်း) တွင်ရရှိနိုင်သည်။

၂၀⁠၀၈ခုနှစ် ထိုအင်စတီကျု မှ အယ်လန် စပင်နယ်လ် ကော့ဒ် အဲ့တလာစ်(Allen Spinal Cord Atlas Project) စီမံကိန်းအား စတင်လုပ်ဆောင်ခဲ့သည်။ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါများ နှင့် ထိခိုက်ဒဏ်ရာမှုများ ကုသရန် အပြည်ပြည်ဆိုင်ရာသုတေသီများ မှဆောင်ရွက်နေရာ ဤသိပ္ပံဆိုင်ရာ တွေ့ရှိချက်များက တန်ဖိုးမဖြတ်နှိုင်သော အထောက်အပံ့များပေးနိုင်ခဲ့သည်။ ၂၀⁠၀၈ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဒေါ်လာ ၄၁ သန်းတန် “အယ်လန် စပင်နယ်လ် ကော့ဒ် အာ့တလာစ်” ကြွက်ဗီဇမြေပုံ ကို အွန်လိုင်း တင်ခဲ့သည်။ သိပ္ပံအရာရှိချုပ် အယ်လန် ဂျုံးစ် က “သည် အယ်လန် စပင်နယ်လ် ကော့ဒ် အဲတလာစ် The Allen Spinal Cord Atlas သည် စပင်နယ်လ် ကော့ဒ် ရဲ့ ဆန်းကြယ်မှုများကိုသိရှိရန် နှင့် ရောဂါရချိန် နှင့် ထိခိုက်ဒဏ်ရာရချိန် တွင် ၎င်း၏ပြောင်းလဲခြင်းများသိရှိရန် ကို သုတေသီများအား အထောက်အပံ့များစွာပေး လိမ့်မည်”ဟုဆိုသည်။

စပင်နယ်လ် ကော့ဒ် အဲတလာစ် အားယခင် ကြွက် ဦးနှောက် အဲတလာစ် ၏ အယ်လန် အင်စတီကျု အတိုင်းထူထောင်ခဲ့သည်။ ၎င်းမြေပုံက လူသတ္တဝါနှင့်ဆိုင်သော ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာ ရောဂါများအတွက် ကို ကုထုံးအသစ်များ ပေါ်ပေါက်လာစေရန် အကူအညီပေးနိုင်ခဲ့သည်။ ဗီဇများ အကျိုးသက်ရောက်သည့် နေရာများကို သုတေသီများအားထိုမြေပုံက ညွှန်ပြသည်။ ၂၀⁠၀၈ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် “သီချင်း ခံစားခြင်း စီမံကိန်း/စိတ်ကူးယဉ် သိပ္ပံ ပြတိုက် နှင့် နာမည်အကျော်အမော် ပြခန်း” ၏ သီချင်းရေးရာအောင်မြင်မှုအတွက် ဒုတိယမြောက် နှစ်စဉ် တည်ထောင်သူဆု အားတက်ရောက် ချီးမြင့်ခဲ့သည်။ ဤဆုကို ၁၉၆၀ခုနှစ် သင်တန်းကျောင်းတီးဝိုင်း “သည်ဘင်” The Band တည်ထောင်သူတစ်ဦးလည်းဖြစ်၊ နာမည်ကျော် ရုပ်ရှင်တေးဂီတသီချင်း တေးရေးဆရာလည်းဖြစ်သူ ရော်ဘီ ရော်ဘတ်ဆင် အားချီးမြှင့်ခဲ့သည်။ ၂၀⁠၀၀ခုနှစ်တွင် ပြတိုက်အား တည်ထောင်ခဲ့သည်။

ထိုဆုသည်အီးအမ်ပီ အကျိုးအမြတ်ပွဲတစ်စိတ်တစ်ပိုင်းအဖြစ် ပေးခဲ့သောဆုဖြစ်သည်။ စင်မြင့်ပေါ်တွင် အယ်လန် နှင့် ရော်ဘတ်ဆင် တို့မှ ဂီတာတီးပြီး အခြားဂီတရှင်များလည်းပါဝင်ဖျော်ဖြေခဲ့သည်။ သီချင်း ၄ ခုသီဆိုပြီးနောက် ပွဲသိမ်းခဲ့သည်။ ပေါလ်အယ်လန် သည် “သည် အင်တာနေရှင်နယ် စီးကီးပါးစ် ဆိုဆိုင်ရတီ” The International SeaKeepers Society တည်ထောင်သူတစ်ဦးဖြစ်ပြီး ၎င်း စီးကီးပါ ၁၀⁠၀၀တီအမ် သမုဒ္ဒရာ နှင့် လေထု ပတ်ဝန်းကျင်စောင့်ကြပ်စစ်ဆေးရေးစနစ် ကို သူ၏ ဧရာမအပျော်စီးသင်္ဘော ၃ စီးစလုံးပေါ်တွင် ပင်မနေရာအဖြစ် သတ်မှတ်တပ်ဆင်ခဲ့သည်။

၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပေါလ်အယ်လန် သည် သူတက်ခဲ့သော ဝါရှင်တန် ပြည်နယ် တက္ကသိုလ် ၏ ကမ္ဘာတစ်ဝန်း တိရစ္ဆာန် ကျန်မာရေး ကျောင်း သို့ ဒေါ်လာ ၂၆ သန်း ထောက်ပံ့မည်ဟုကတိပေးကြေညာခဲ့သည်။ ထိုရရှိခဲ့သောအလှူငွေများသည် ၎င်းတက္ကသိုလ်၏ သမိုင်းတွင် အများဆုံးရရှိခဲ့သော လက်ဆောင် ဖြစ်သည်။

ကင်ဆာ[ပြင်ဆင်ရန်]

၂၀⁠၀၉ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပေါလ်အယ်လန် ၏ညီမ ဂျိုဒီ အယ်လန် နှင့် ဘာလ်ကန် ၏ အမှုဆောင်ချူပ် က ပေါလ်သည် နန်း-ဟော့ဂျ်ကင်း လင်ဖိုးမာ Non-Hodgkin’s Lymphoma ကင်ဆာရောဂါတစ်မျိုး စစ်ဆေးတွေ့ ရှိကြောင်း အများပြည်သူအား ကြေညာခဲ့သည်။

ပိုင်ဆိုင်မှုစုစုပေါင်း[ပြင်ဆင်ရန်]

၁၉⁠၉၂ခုနှစ်တွင် သူနှင့် ဒေးဗစ်ဒ် လစ်ဒယ်လ်တို့ Interval Research Corporation, Silicon Valley အခြေစိုက် ဓာတ်ခွဲခန်း နှင့် လုပ်ငန်းသစ်များအား အတူတည်ထောင်ခဲ့ရာ ၂၀⁠၀၀ခုနှစ်တွင် မူပိုင်ခွင့် အခု ၃၀၀ ထုတ်လုပ်ခဲ့ပြီးမှ ဖျက်သိမ်းခဲ့သည်။ ထိုမူပိုင်ခွင့် ၄ ခုမှ မူပိုင်ခွင်ဥပဒေကိုထိပါးခဲ့သော AOL, Apple, eBay, Facebook, Google, Netflix, Office Depot, OfficeMax, Staples, Yahoo!, နှင့် YouTube. တို့ကို မူပိုင်ခွင့် ဥပဒေ ချိုးဖောက် အငြင်းပွားမှု ဖြင့်တရားစွဲဆိုထားသည်။

၂၀⁠၀၄ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဗာတ် ရူတန် “Scaled Composites” ကမ္ဘာ့အလယ်ပတ်လမ်းကြောင်းသွား အာကာသယာဉ် ၏ “SpaceShipOne” ကို တစ်ဦးတည်း ရင်းနှီးမြှုပ်နှံခဲ့သူ ဟုအတည်ပြု့ပြောကြားခဲ့သည်။ “SpaceShipOne”သည် အာကာသ ကမ္ဘာ့အလယ်ပတ်လမ်းကြောင်း ၃⁠၃၇,၅၉၁ ပေ (၁⁠၁၅,၀၉၀ မီတာ) အမြင့်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ် ဖြစ်ခဲ့သည်။ ထိုယာဉ်သည် အန်စာရီ အေ့စ် ဆု ပြိုင်ပွဲ တွင်နိုင်ခဲ့ရာ ဒေါ်လာ ၁၀ သန်း ဆုရရှိခဲ့သည်။ စီအာတဲလ်ရဲ့ ဆောက်လိပ်ယူနီရန် လူနေရပ်ကွက်အား ဇီဝနည်းပညာ ဗဟို နှင့် ရောနှောအသုံးပြု ရပ်ကွက် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် အယ်လန်သည် အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။

South Lake Union ၏ လူနေရပ်ကွက်တွင် စတုရန်းပေ ၂,၆၀၀,၀⁠၀၀ (စတုရန်းမီတာ ၂၄၀,၀⁠၀၀) ပိုင်ဆိုင်ပြီး သူသည် ၎င်းနေရာ၏ အကြီးဆုံး ပုဂ္ဂလိက မြေပိုင်ရှင်ဖြစ်သည်။ သူပိုင်ဆိုင်သောကုမ္ပဏီ မှာ လူနေရပ်ကွက်၊ ရုံး၊ လက်လီ နှင့် ဇီဝနည်းပညာ သုတေသန အသစ်အတွက် နေရာလပ် တိုးတက်ဖွံ့ဖြိုးမှုစွမ်းရည် စတုရန်းပေ ၁၀,၀⁠၀၀,၀⁠၀၀ (စတုရန်းမီတာ ၉၃၀,၀⁠၀၀) ရှိသည်။ ဆောက်လိပ်ယူနီရန် ၏ ပြန်လည်တိုးတက်ဖွံ့ဖြိုးမှုသည် နိုင်ငံတွင် အကြီးဆုံး မြို့ပြ ပြန်လည်ထုတ်ဖော်ခြင်း စီမံကိန်း တစ်ရပ်ဖြစ်သည်။

၂၀⁠၀၅ခုနှစ်အထိ အယ်လန် သည် ခန့်မှန်းအမေရီကန်ဒေါ်လာ သန်း ၂၀၀ အား ရင်းနှီးမြှပ်နှံခဲ့ပြီး စီအာတဲယ်လ်ရဲ့ ဝှက်စ်လိပ် စင်တာ မှ ယူနီရန်ကန် တောင်အစွန်းအထိပြေးသော စီအာတဲယ်လ် ဓာတ်ရထားလိုင်း “ဆောက်လိပ်ယူနီရန် ဓာတ်ရထား” ၏ ရန်ပုံငွေအတွက် စည်းရုံးခဲ့သည်။ အများပြည်သူ နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်ရှင်များ အစုစပ်၍ နှင့် ထိုလိုင်းတစ်လျှောက်နေထိုင်သူများမှ ပံ့ပိုးသော လိုကယ်လ် အင်ပရူမင့် ဒစ်တရစ် (အဲလ်အိုင်ဒီ) ကြောင့် ဓာတ်ရထားလိုင်း ဖြစ်ပေါလ်ာခဲ့သည်၊ ၂၀⁠၀၇ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားဝင်ဓာတ်ရထားလိုင်း စတင်ခဲ့သည်။

ဤ ဖွံ့ဖြိုးရေးလုပ်ငန်း က ဗလ်ကန် အင်ကော်ပိုရိတ် ကို မြို့ပံ့ပိုးသော အိမ၊်ခြံ၊မြေ၊ ရင်းနှီးမြှပ်နှံမှု တစ်ခု ဟုအပြစ်ရှာခံရပြီး ဝင်ငွေနည်း လူနေအိမ်များ ဆုံးရှံးမှုအပေါ် စိုးရိမ်စိတ်များဖြင့် ပြောဆိုခဲ့ကြသည်။

အားကစား[ပြင်ဆင်ရန်]

အယ်လန်သည် ကဲလ်လီဖိုးနီးရား အိမ်၊ခြံ၊မြေ၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်ဆောင်သူ လဲရီ ဝိန်းဘတ် ထံမှ ဒေါ်လာသန်း ရ၀ ဖြင့် သည် ပေါ့တလန် ထရေးလ် ဘလေဇားစ် (အန်ဘီအေ) the Portland Trail Blazers NBA team အသင်းအား သယ်ယူခဲ့သည်။ ၁၉⁠၉၃ခုနှစ်တွင် အယ်လန်သည် သူတို့၏ သည် ရို့စ် ဂါးဒင် ကို တိုးတက်ဖွံ့ဖြိုးအောင် နှင့် ငွေပံ့ပိုးမှု တွင် အဓိကပါဝင်ခဲ့သည်၊ ဖော့ဘ်စ် ၂၀⁠၀၆ခုနှစ် ထုတ်ဝေစာစောင် တွင် သည် ဘလေဇားစ် ၏ တန်ဖိုးမှာ ဒေါ်လာ သန်း ၃၀၀ တန်သည်ဟုဆိုသည်။

အယ်လန်က နောက် ၃ နှစ် အတွင်း ဒေါ်လာသန်း ၁၀၀ ရှံးနိုင်ကြောင့်ခန့်မှန်းမိသည့်အတွက် ၂၀⁠၀၆ခုနှစ်ကတည်းက ပို့တလန် နှင့် အော်ရီဂန် အရာရှိများထံမှ သည် ဘလေဇာစ် အတွက် ငွေကြေးအကူအညီ တောင်းခံသည်။ ၎င်းတောင်းခံခြင်းကို ပို့တလန်မြို့တော်ဝန်မှ ငြင်းပယ်ခဲ့သည်။ ၂၀⁠၀၇ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် သည် ရို့စ် ဂါးဒင် ကိုဝယ်ယူ ပြီးမြောက်ကြောင်း ကြေညာခဲ့ရာ ဤ ဖရန်ချိက်စ်ပိုင်ဆိုင်မှုသည် သမိုင်းမှတ်တိုင်ကြီး နှင့် မှန်ကန်သောခြေလှမ်းတစ်ခုဖြစ်သည်ဟုဆိုခဲ့သည်။

“ကျွန်ုပ် သည် ထရေးလ် ဘလေဇားစ် နှင့် ဖရန်ချိက် ၏ ဘဏ္ဍာရေး အခြေအနေ ကိုရှေ့လျှောက် ဆက်လက်ပံ့ပိုးသွားရန် ရှိနေသည်” ဟုသူကပြောခဲ့သည်။ ၁၉⁠၉၇ခုနှစ်တွင် သည် စီးဟောက်စ် ကို ကာလီဖိုးနီးရား တောင်ဘက်သို့ပြောင်းမည်ဟု ပိုင်ရှင်ဟောင်း ကင် ဘဲရင်း က ခြိမ်းခြောက်ခဲ့ရာ အယ်လန်က သည် စီအာတယ်လ် စီးဟောက်စ် (အင်အဲဖ်အယ်လ်) အသင်းကို ဝယ်ခဲ့သည်။ အယ်လန်သည် အသင်းအား အင်ဘီအေ ၏ ထရေးလ် ဘလေဇာစ် အားပိုင်သော်ငြားလည်း ဝယ်ယူခွင့်ရခဲ့သည်မှာ ပို့တလန်တွင် အင်အဲဖ်အယ်လ် အသင်းမရှိသောကြောင့်ဖြစ်သည်။

စီးဟောက်စ်ကွင်းသစ် ကူဝဲစ် ဖိလ်ဒ် ဆောက်လုပ်ရာ၌ အဓိကပါဝင်ခဲ့ရာတွင် ကုန်ကျစရိတ်ကိုမူ အခွန်တော်ငွေ မှ အများစုကျခံခဲ့သည်။ အယ်လန် ၏ ဗလ်ကန် စပို့စ် အဲင် အင်တာတိန်းမင့် Allen's Vulcan Sports & Entertainment သည် မေဂျာလိပ်ဆော်ကာ ဖရန်ချိစ် စီအာတယ်လ် ဆောင်းဒါးစ် အဲဖ်စီ the Seattle Sounders FC a Major League Soccer ရဲ့ အသင်း ၏ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်မှုဖြစ်ပြီး သည် ကွက်စ်ထ် ဖိလ်ဒ် Qwest Field (အယ်လန်၏စီမံမှုအောက်တွင်ရှိသောကစားကွင်း) တွင် ၂၀⁠၀၉ခုနှစ်က စတင်ကစားခဲ့သည်။ အသင်း ပိုင်ဆိုင်မှု တွင် ရုပ်ရှင်ထုတ်လုပ်သူ ဂျိုးရော့သ်၊ စီးပွားရေးလုပ်ငန်းရှင် အေဒြီရန် ဟန်နာဦး နှင့် ဟာသမင်းသား ဒြူကဲရီ၊ တို့ပါဝင်သည်။ စီဂီ ရှမဒ် သည် အမ်အဲလ်အဲစ်ဒိုင်း နှစ်ခါရရှိထားသော အသင်း၏နည်းပြချူပ်ဖြစ်သည်။

ဆောင်းဒါးစ် ရဲ့ ပထမရာသီတွင် အိမ်ကွင်းပွဲအားလုံး ရောင်းထွက်ရာ၊ စံချိန်တင်ပျမ်းမျှ အမ်အဲလ်အဲစ်ပွဲ အားပေးသူမှတ်တမ်းအသစ်ရရှိခဲ့ပြီး နှင့် လိပ်အတွင်း တစ်ရာသီလက်မှတ်အများဆုံး ရောင်းချခဲ့သည်။ ၂၀⁠၀၉ခုနှစ်ရာသီ အတွက် အသင်းသည် အနိုင်မှတ်တမ်းတင်ပြီး အမ်အဲလ်အဲစ် အဆုံးအဖြတ်ပွဲစဉ်များသို့ ဝင်ကစားခွင့်ရခဲ့ရာ အကြိုဗိုလ်လုပွဲတွင် ရှုံးနိမ့်ထွက်ခွာခဲ့ရသည်။ စီအာတယ်လ် ဆောင်းဒါးစ် အဲဖ်စီ သည် သမိုင်းတွင်ပထမဆုံးရာသီ၌ပင် ရူးအဲစ် အိုးပင် ကတ်ပ် ပြိုင်ပွဲအားနိုင်ခဲ့သော ဒုတိယမြောက် တိုးချဲ့အသင်းဖြစ်သည်။ ပေါလ်အယ်လန်ရဲ့ ပေ ၄၁၆ (မီတာ ၁၂၇) အောက်တိုပါစ်(Octopus) ရွက်လှေ ကို ရေချခဲ့စဉ်က ၂၀⁠၀၃ခုနှစ်၏ ကမ္ဘာ့အကြီးဆုံးရွေက်လှေတစ်ခု အဖြစ်နေရာရခဲ့သည်။ အလျှားလိုက် မော်တော်များ စာရင်းတွင် ယခု နေရာ ၉ ဖြစ်သည်။ ထိုရွက်လှေသည် ရဟတ်ယာဉ် ၂ စင်း၊ ရေငုပ်သင်္ဘော ၂ စင်း၊ ရေးကူးကန် ၁ ခု၊ သီချင်း စတူဒီယို ၁ ခု နှင့် ဘားစကက်ဘောလ် ကွင်း၁ခု ပါဝင်သည်။ ကမ္ဘာ့ အကြီးဆုံးရွက်လှေ ၁၀၀ တွင် တစ်ခု ဖြစ်သောတာတူးစ်ရှ်(Tatoosh)၊ ကိုလည်းပိုင်သည်။

အယ်လန် သည် သူ၏ရွက်လှေပေါ်တွင် နာမည်ကျော် ပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေသော ပါတီကြီးများ ကျင်းပခဲ့ရာ လူသိများ ခဲ့သည်။ ယင်းကဲ့သို့ ၂၀⁠၀၅ခုနှစ် က နှစ်သစ်ကူးအကြိုပါတီ တွင် သူနှင့်သူ၏ဘင် က ဂျွန်နီ ကဲစ် သီချင်းများကို အာရ်အန်ဘီ(R&B) ကြယ်ပွင့် အူရှာ နှင့်အတူ သီဆိုခဲ့ကြသည်။ ကိန်းစ် ရုပ်ရှင်ပွဲ တွင်လည်း နောက်ပါတီတစ်ခုလုပ်ခဲ့ရာ သူ၏ဘင် က ကီဘော့တီးသူ ဒေးဖ် စတီးဝေါ့ဒ် နှင့်အတူ သီဆိုခဲ့ကြသည်။