ပုစဉ်းရင်ကွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
{{{အမည်}}}
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Arthropoda]]
မျိုးပေါင်း [[Insecta]]
မျိုးစဉ် [[Hemiptera]]
မျိုးစဉ်သေး [[Auchenorrhyncha]]
မျိုးရင်း '''Cicadidae'''
အစိမ်းရောင် အဆင်းရှိသည့် ပုစဉ်းရင်ကွဲတစ်ကောင်

ပုစဉ်းရင်ကွဲ(Cicada)များသည် သေးငယ်ပြီး အလွန်ဆူညံသော အော်မြည်သံများကို ပေးတတ်သည်။ ၎င်းတို့သည် ထရူးဘက်(True Bug) ဟုခေါ်သည့် အင်းဆက်အမျိုးစားတွင် ပါဝင်သည်။ ဆူညံသော အော်သံမှာ အဖိုကောင်သည် တမ်ဘယ်(tymbals) ဟုခေါ်သည့် တုန်ခါနေသောဘောင်လေးများအား အသုံးပြုပြီး ဆူညံသံပြုလုပ်ကာ အမကောင်ကို ခေါ်ငင်သည်။ အမကောင်သည် ယင်းဆူညံသံကို ကြားနိုင်သော်လည်း မပြုလုပ်နိုင်ချေ။ သို့သော် ယင်းအသံကြားသည်နှင့် အမကောင်လေးသည် အဖိုကောင်အား လိုက်လံ ရှာဖွေမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့နှစ်ဦး မျိုးဆက်ပွားရန်ကြိုပမ်းပြီး အမကောင်သည် ၎င်း၏တောင်ပံကို အသုံးပြုကာ သစ်ပင် အကိုင်းအဆက်များကို လိုင်းတန်း အကြောင်းကလေးများ ပြုလုပ်ပြီး ဥများကို ထိုနေရာတွင် ဥမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသော ပုစဉ်းရင်ကွဲတစ်ကောင်သည် မကိုက်တတ်သည့်အပြင် အစာလည်း မစားချေ။ ပုံမှန်အားဖြင့် ၎င်းတို့သည် အစိမ်းရောင် သို့မဟုတ် အမည်းရောင် အဆင်း ရှိကြသည်။ ပုစဉ်းရင်ကွဲကောင်းကလေးများကို စား၍ရနိုင်ပြီး တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများတွင် စားသုံးကြသည်ကို တွေ့ရသည်။

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်