ပီအယ်လ်စီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆီးမင်းန် မှ ထုတ်လုပ်သော S7 ပီအယ်လ်စီကို စင်ပေါ်တွင် တပ်ဆင်ထားသည်ကို တွေ့ရသည်။ ဝဲမှယာ ပါဝါဆပ်ပလိုင်း၊ ဗဟို ပရိုဆက်ဆင်း ယူနစ်၊ အဝင်အထွက် လမ်းကြောင်းဆက် ယူနစ် နှင့် ဆက်သွယ်ရေးဆိုင်ရာ ပရိုဆက်ဆာ

ပီအယ်လ်စီ (PLC) ဆိုသည်မှာ အင်္ဂလိပ်ဘာသာ စကားလုံး Programmable Logic Controller များကို အတိုကောက် ခေါ်ဝေါ်ခြင်း ​ဖြစ်သည်။ ပီအယ်လ်စီများကို ကုန်ထုတ်လုပ်ငန်းများ၊ ဓာတု လုပ်ငန်းများ၊ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများ၊ သင်္ဘောများ စသည်တို့၏ ထိန်းချုပ်စနစ်များ အတွက် အသုံးပြုလေ့ ရှိသည်။ ပီအယ်လ်စီသည် အသေးစား ကွန်ပျူတာ ပမာပင် အချက်အလက် ကိုင်တွယ် ဖြေရှင်းနိုင်​ပြီး ထိန်းချုပ်ရေး စနစ်နှင့် ပတ်သက်သည့် ဒေတာ အချက်အလက်များကို အဓိကထား၍ ကိုင်တွယ် ဖြေရှင်းလေ့ ရှိသည်။

ပီအယ်လ်စီ (PLC) ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

PLC ( Programmable Logic Controller ) ဆိုသည်မှာ Machine Control နဲ့ Process Control တွေမှာသုံးရန် အထူးစီမံထုတ်လုပ်ထားတဲ့ စက်မှုလုပ်ငန်းသုံးကွန်ပျူ တာ Industrial Computer တစ်မျိုးဖြစ်သည်။ Automation လို့ခေါ်တဲ့ Automatic Control System မှာ PLC ကိုသုံးကြပြီး Industrial Robot တွေကို PLC မပေါ်ခင်ကတည်းက အသုံးပြုနေကြပြီဖြစ်သည်။

၁၉၅၄ ခုနှစ်၊ U.S Patent No. 2988237 နဲ့မှတ်ပုံတင်ထားတဲ့ Unimate လို့ခေါ်တဲ့ Robot ကို George Devol ကတည်ထွင်ခဲ့သည်။ General Motors Coporation ရဲ့ မော်တော်ကားထုတ်လုပ်တပ်ဆင်တဲ့ လမ်းကြောင်း assembly line ပေါ်မှာ spot welding လုပ်ဖို့နဲ့ သံရည်ကျိုသွန်းလောင်းထားတဲ့ စက်ပစ္စည်းတွေ ချီမ ပို့ဆောင် နေရာချဖို့အတွက် Unimate Robot ကို ၁၉၆၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့သည်။ ၁၉၆၁ ခုနှစ်ကတည်းက Computer ကိုအသုံးပြူ နေပြီဖြစ်သော်လည်း IBM1710 ကဲ့သို့ ရှေးကွန်ပျူ တာများသည် အရွယ်အစားကြီးမားပြီး ဖုန်မှုန်နှင့်အပူအအေးဒဏ်မခံနိုင်သဖြင့် အထူးစီမံထားသောအခန်းများတွင်သာ ထားရသည်။ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် အကြမ်းခံပြီး ပိုကောင်းသော PLC ကိုတီထွင်ရန် ကြိုးစားလာကြသည်။

၎င်းကြိုးပမ်းကြသူများထဲတွင် Richard Morely သည် Modicon 084 ဟုအမည်ပေးထားသည် တကယ်အသုံးဝင်သော PLC ကိုတည်ထွင်ခဲ့သည်။ Richard Morely ကို Dick Morely ဟုလည်ခေါ်ပြီး သူ့ကို Father of PLC လို့ အသိအမှတ်ပြု ကြသည်။ ပထမဆုံးထုတ်လုပ်တဲ့ PLC ကို Modicon 084 လို့အမည်ပေးရခြင်းက Bedford Associates ၏ ၈၄ ခုမြောက် ပရော့ဂျက်ဖြစ်၍ ဖြစ်သည်။

PLC ထုတ်လုပ်ရန် အပြိုင်ကြိုးစားကြသော ကုမ္ပဏီ လေးခုမှာ ---

  1. Information Instruments, Inc. ( ၁ နှစ်ကြာသောအခါ Allen Bradley ရဲ့အပိုင်ဖြစ်သွားပါသည်)
  2. Digital Equipment Corp (DEC)
  3. Century Detoit
  4. Bedford Associates တို့ဖြစ်ကြသည်။

Bedford Associates ရဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Richard Morely ဟာ PLC မှာပါဝင်ရမယ့် အချက်အလက်အသေးစိတ်ကို ၁၉၆၈ ၊ ဇန်နဝါရီ ၊ ၁ ရက်နေ့မှာ အပြီးသတ်ရေးဆွဲနိုင်ခဲ့သည်။ သူ့ရဲ့ U.S Patent No. က 3761893 ဖြစ်ပါသည်။

Bedford Associates ရဲ့ အင်ဂျင်နီယာများဖြစ်ကြသည့် ---

  1. Richard Morely
  2. Mike Greenberg
  3. Jonas Landau
  4. George Schwenk
  5. Tom Boissevain တို့ ငါးဦးဟာ PLC ထုတ်လုပ်ရန် Midicon ဆိုသည့် ကုမ္ပဏီအသစ်ကို တည်ထောင်ခဲ့ကြသည်။

Modicon ဆိုတဲ့နာမည်မှာ Modular Digital Controller လို့အဓိပ္ပာယ်ရပါသည်။Modular type PLC ထုတ်လုပ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။လုပ်ဆောင်ချက် ဖန်ရှင်တစ်မျိုးကို Unit တစ်ခု၊ Board တစ်ခု၊ Module တစ်ခု၊ အဖြစ် တည်ဆောက်ထားလျှင် ပျက်၍ပြင်သောအခါ Module တစ်ခုကိုသာ အစာထိုးလဲလယ်ရခြင်းဖြစ်၍ လွယ်ကူအချိန်ကုန်သက်သာသည်။

မော်တော်ကားထုတ်လုပ်တဲ့ General Motors Corporation က အင်ဂျင်နီယာများသည် Auto System မှာ Relay များစွာကိုသာ အသုံးပြု ထားရသဖြင့် ကားမော်ဒယ်တစ်ခုပြောင်းတိုင်း Relay Logic အသစ် ပြန်တည်ဆောက်ရသဖြင့် ၎င်းပြဿနာကိုဖြေရှင်းရန် Bedford Associates မှ PLC ကိုဝယ်လိုကြသည်။ ပထမအသုတ်အနေဖြင့် ဒေါ်လာ ၁ သန်းဖိုးတွင် ပထမဆုံး PLC ဖြစ်တဲ့ Modicon 084 ကို ၁၉၆၉ နိုဝင်ဘာလတွင် General Motors မှ စတင်လက်ခံအသုံးပြု ခဲ့သည်။ သုံးရ အဆင်ပြေသဖြင့် နောက်ထပ် ဒေါ်လာ ၁ သန်းဖိုးဝယ်ကာ PLC မူပိုင်ခွင့် OEM ( Original Equipement Manufacturer ) ကိုလည်း General Motors ကရယူသွားသည်။
၁၉၇၇ မှာ Modicon ကို Gould Electronics ကလွှဲပြောင်းရယူပြီး PLC ကိုထုတ်လုပ်သည်။ထို့နောက် ဂျာမန်ကုမ္ပဏီ တစ်ခုဖြစ်သည့် AEG က Modicon ကိုဆက်လက်လွှဲပြောင်းရယူသည်။ ၁၉၇၃ တွင် Michael Greenberg ကပုံစံထုတ်သည့် Modicon 184 ကိုထပ်မံထုတ်လုပ်ခဲ့သည်။ ၁၉၇၅ မှာ Modicon 284 ကို microprocessor သုံးပြီး ထုတ်လုပ်ခဲ့သည်။

၁၉၉၇ မှာ Modicon ကို ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်သည့် Schneider Electronic က ဆက်လက်လွှဲပြောင်းရယူထားသည်မှာ ယနေ့အထိဖြစ်သည်။

ပါဝင်သော အစိတ်အပိုင်းများ[ပြင်​ဆင်​ရန်​]

ပီအယ်လ်စီများတွင် လျှပ်စစ်ဓာတ်အား ထိန်းချုပ်ပေးပို့သော ပါဝါဆပ်ပလိုင်း၊ ပရိုဂရမ် ထည့်သွင်းရန် နှင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် အတွက် ဗဟို ကိုင်တွယ်ဖြေရှင်းသည့် ယူနစ် (Central Processing Unit) စသည့် အစိတ်အပိုင်း နှစ်ခု အဓိက ပါဝင်တတ်ပြီး အာရုံခံကိရိယာ (Sensor) များမှလာသည့် ဆစ်ဂနယ်များကို လက်ခံနိုင်သည့် အဝင်လမ်းကြောင်းယူနစ် (Input Unit) များ မော်တာ၊ ဆော်လီနွိုက် ဘား စသည့် အထွက်ဆစ်ဂနယ်များကို ထုတ်ပေးနိုင်သည့် အထွက်လမ်းကြောင်းယူနစ်များ ပါဝင်လေ့ ရှိသည်။ အချို့သော ပီအယ်လ်စီ အသေးစားများတွင် အဝင်လမ်းကြောင်း ယူနစ်နှင့် အထွက်လမ်းကြောင်းယူနစ်များကို ဗဟိုယူနစ်တွင် တပါတည်း ထည့်သွင်း တည်ဆောက်ထားလေ့ ရှိသည်။

ပရိုဂရမ်းမင်း[ပြင်​ဆင်​ရန်​]

IEC-61131-3 စံသတ်မှတ်ချက်အရ ပီအယ်လ်စီများတွင် ရေးသားနိုင်သည့် ပရိုဂရမ်းမင်း နည်းစနစ် များမှာ အောက်ပါ အတိုင်းဖြစ်သည်။

  • လက်ဒါ ပုံစံ (Ladder Diagram)
  • ဖန်ရှင် ဘလောက် ပုံစံ (Function Block Diagram)
  • စထရပ်ချာ တက်စ် ပုံစံ (Structured Text)
  • အင်စထရပ်ရှင်း လစ်စ် ပုံစံ (Instruction List)
  • စီကွင်ရှယ် ဖန်ရှင် ချတ် ပုံစံ (Sequential Function Chart)
  • အင်တာလော့ကင်း နည်းစနစ် (Interlocking Method)
  • မာစတာ ရီလေး နည်းစနစ် (Master Relay Method)
  • ရှစ်ဖ် ရယ်ဂျစ်စတာ နည်းစနစ် (Shift Register Mehtod)

စသည်တို့ ဖြစ်ကြပြီး ပရိုဂရမ်မာ၏ ရွေးချယ်မှု အပေါ်မူတည်၍ နည်းလမ်း တစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပို၍ အသုံးပြုလေ့ ရှိကြသည်။

အသုံးပြုသူ နှင့် အပြန်အလှန် ဆက်သွယ်ခြင်း[ပြင်​ဆင်​ရန်​]

ပီအယ်လ်စီများကို အသုံးပြုသူ ဖြင့် အပြန် အလှန် ဆက်သွယ်ရာတွင် အဖွင့်အပိတ် ခလုတ်များ၊ အချက်ပြမီးလုံးများ စသည့် အရိုးရှင်းဆုံးသော နည်းလမ်းများမှ အစပြု၍ ပီအယ်လ်စီ အများအပြားကို ကွန်ယက် ချိတ်ဆက်ကာ ကွန်ပြူတာမှ တဆင့် ထိန်းချုပ်နိုင်သော နည်းလမ်း အထိ အမျိုးမျိုး ရှိသည်။ အရိုးရှင်းဆုံး နည်းလမ်းဖြင့် ဆိုပါက အသုံးပြုသူက ခလုပ်ကို ဖိနှိပ်ခြင်းဖြင့် ပီအယ်လ်စီကို အချက်ပေးပြီး ပီအယ်လ်စီမှ အမှားအယွင်း ရှိသည့် အခြေအနေ တွင် မီးနီပြခြင်း၊ အမှားအယွင်း မရှိသည့် အချိန်တွင် မီးစိမ်းပြခြင်း စသည့် နည်းလမ်းဖြင့် အသုံးပြုသူအား လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းဆောင်တာ အကြောင်းကို ပြန်လည် သတင်းပေးပို့သည်။ ထို့ထက် ပို၍ အဆင့်မြင့်သော နည်းတွင် ဖိနှိပ်နိုင်သည့် မှန်သားပြင် (Touch Panel) ကို အသုံးပြု၍ အသုံးပြုသူမှ လုပ်ငန်းဆောင်တာ အတွင်း လိုအပ်သည့် အချက်အလက်များကို ပီအယ်လ်စီသို့ ပေးပို့နိုင်သည်။ ဥပမာအားဖြင့် ပီအယ်လ်စီမှ ထိန်းချုပ် မောင်းနှင် နေသည့် မော်တာ၏ အရှိန်နှုန်းကို ထိန်းညှိခြင်း၊ ပီအယ်လ်စီ အတွင်း လက်ရှိ အလုပ်လုပ်နေသော တိုင်မာများ၊ ကောင်တာများ၏ တန်ဖိုးကို ညှိနှိုင်းခြင်း စသည်တို့ ဖြစ်ကြသည်။ ဖိနှိပ်နိုင်သော မှန်သားပြင် အများစုမှာ ပီအယ်လ်စီများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည့် အပြင် စက်ရုံသုံး လုပ်ငန်းဆောင်တာများတွင် အသုံးများသော ယူဆာ အင်တာဖေ့စ် များကို အလွယ်တကူ ဒီဇိုင်းရေးဆွဲနိုင်ရန်လည်း ပြုလုပ်ထားသည်။

ထိုမျှသာ မက ပီအယ်လ်စီ အများအပြားကို ကွန်ယက် ချိတ်ဆက်၍ စကာဒါ (SCADA သို့ Supervisory Control And Data Acquisition) စနစ်ဖြင့် လွယ်ကူစွာ ထိန်းချုပ်ခြင်းဖြင့် ထိန်းချုပ်စောင့်ကြည့်နေသူနှင့် အလွန်ဝေးကွာသော အရပ်တွင် ရှိနေသော ပီအယ်လ်စီများကို စောင့်ကြည့်ကြည့်ရှု ထိန်းချုပ်နိုင်သည်။

အထူး အစိတ်အပိုင်းများ[ပြင်​ဆင်​ရန်​]

ပီအယ်လ်စီများသည် ဒစ်ဂျစ်တယ် အထွက်လမ်းကြောင်း နှင့် အဝင်လမ်းကြောင်း ကို ပရိုဂရမ် ရေးသား ထိန်းချုပ်ရန် အဓိက ဒီဇိုင်း ပြုလုပ်ထားသော်လည်း အထူးအစိတ်အပိုင်းများကို ပီအယ်လ်စီနှင့် အတူ တွဲဆက် တပ်ဆင်ခြင်းအားဖြင့် အခြားသော လုပ်ငန်းဆောင်တာများ ကိုလည်း လုပ်ကိုင်နိုင်သည်။ ပီအယ်လ်စီနှင့် အတူ တွဲဖက် တပ်ဆင်လေ့ ရှိသော အထူးအစိတ်အပိုင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆက်သွယ်ရေး အစိတ်အပိုင်းများ[ပြင်​ဆင်​ရန်​]

ဆက်သွယ်ရေး အစိတ်အပိုင်းများ (Communication Modules) များကို တပ်ဆင်ခြင်း အားဖြင့် ပီအယ်လ်စီအား စီရီယယ် ဆက်သွယ်ရေး (Serial Communication) နှင့် အီသာနက် ဆက်သွယ်ရေး (Ethernet Communication) စသည်တို့ကို ပီအယ်လ်စီမှ ပြုလုပ်နိုင်သည်။

အင်နာလော့ အဝင်လမ်း အစိတ်အပိုင်းများ[ပြင်​ဆင်​ရန်​]

အင်နာလော့ အဝင်လမ်းများ (Analog Input Module) နှင့် သက်ဆိုင်သော အစိတ်အပိုင်းများကို အသုံးပြုခြင်း အားဖြင့် အင်နာလော့ အဝင်လမ်းများကို ဒစ်ဂျစ်တယ် တန်ဖိုး ပြောင်းလဲ၍ ဖတ်ရှုနိုင်သဖြင့် အင်နာလော့ အထွက်လမ်း ရှိသော ကိရိယာများကို ပီအယ်လ်စီ နှင့် အလွယ်တကူ တွဲချိတ်နိုင်သည်။

ရွေ့လျားမှုကို ထိန်းချုပ်ခြင်း အစိတ်အပိုင်းများ[ပြင်​ဆင်​ရန်​]

ရွေ့လျားမှုကို ထိန်းချုပ်သည့် အစိတ်အပိုင်း (Motion Control Module) ကို တပ်ဆင်ခြင်း အားဖြင့် စတက်ပါ မော်တာ နှင့် ဆာဗို မော်တာ ကဲ့သို့သော နေရာ အတိအကျ ရွေ့လျားရသော မော်တာများကို ပီအယ်လ်စီ သုံး၍ ထိန်းချုပ်နိုင်သည်။

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  • 1. ဦးစိုးတင့် ( A Guide to Programmable Logic Controller )