ပိုက်စစ်ကိုး အံစာတုံး ပုထိုးတော်

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 38°42′N 105°54′E / 38.7°N 105.9°E / 38.7; 105.9

ဖျက်ဆီးမခံရမီက တွေ့ရသော ပိုက်စစ်ကိုး အံစာတုံး ပုထိုးတော်

ပိုက်စစ်ကိုး အံစာတုံး ပုထိုးတော် (အင်္ဂလိပ်: Baisigou Square Pagoda; တရုတ်: 拜寺沟方塔; ပင်ယင်: Bàisìgōu Fāngtǎ) သည် တရုတ်နိုင်ငံ၊ နင်ရှား အရပ် ဟဲလန် ပြည်နယ်တွင် တည်ရှိသည့် အုတ်ဘုရားဖြစ်သည်။ ဤဘုရားကို Western Xia ကာလ (၁၀၃၈ - ၁၂၂၇) တွင် တည်ထားကိုးကွယ်ခဲ့သည်။ ၎င်းသည် ယင်ချွမ်း ၏ အနောက်မြောက်ဘက် ဟဲလန် တောင်တန်းများ၏ အရှေ့ဘက်ဘေးရှိ ပိုက်စစ်ကိုး လွင်ပြင်၏ ၁၀ ကီလိုမီတာအကွာ သီးခြားနေရာတစ်ခုအဖြစ် တည်ရှိလျက် ရှိသည်။ သို့သော် Western Xia ကာလ၏ အရေးပါသည့် ဗုဒ္ဓဘာဘသာကျောင်းတော်တစ်ခုအဖြစ် လေ့လာနိုင်သည်။ ဘုရားသည် ၁၉၉၀ ခုနှစ်တွင် တရားမဝင် ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]