ပိဒုရန်ဂလဝိဟာရ

ဝီကီပီးဒီးယား မှ
ပိဒုရန်ဂလဝိဟာရ
Pidurangala Vihara
පිදුරංගල විහාරය
အချက်အလက်များ
တည်နေရာPidurangala, Sri Lanka
ကိုဩဒိနိတ်07°57′57.0″N 80°45′44.7″E / 7.965833°N 80.762417°E / 7.965833; 80.762417ကိုဩဒိနိတ်: 07°57′57.0″N 80°45′44.7″E / 7.965833°N 80.762417°E / 7.965833; 80.762417
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Matale
စီရင်စုCentral Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist temple

ပိဒုရန်ဂလဝိဟာရ (သီဟိုဠ်: පිදුරංගල විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ မတေးခရိုင် (Matale)၊ ပိဒုရန်ဂလရွာတွင်တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်နေရာတစ်ခု ဖြစ်သည်။ ကျောင်းတော်သည် ကြီးမားသည့် ကျောက်ဆောက်ကြီးတွင် တည်ဆောက်ထားပြီး ပိဒုရန်ဂလဟု ခေါ်ဆိုကြသည်။ ဤကျောင်းတော်သည် သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် သိဂိရိယ (Sigiriya) မှ မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိသည်။[၁]

ဝေါဟာရ[ပြင်ဆင်ရန်]

ပိဒုရန်ဂလ ဟူသည့် အမည်သည် သီရိလင်္ကာဘာသာစကား ပိဒု+ရန်+ဂိုဒ ဟူသည်မှ ဖြစ်ပေါ်လာခဲ့သည်။ အဓိပ္ပာယ်မှာ “လှူဒါန်းသည့် ရွှေချောင်းများ” ဟူ အဓိပ္ပာယ်ရသည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

ဤဝိဟာရသည် ဘီစီ ၁ ရာစုနှင့် ၂ ရာစုအချိန်များက ရှိခဲ့သည်ဟု ယုံကြည်ရသည်။[၃] ထိုအချိန်များမှ စတင်ကာ ပိဒုရန်ဂလကို ဗုဒ္ဓဘာသာကျောင်းတော်အဖြစ် အသုံးပြုခဲ့ကြပြီး ဘုရင် Kashyapa (473 - 495 AC) လက်ထက်တွင် ထင်ရှားသည့်နေရာတစ်ခု ဖြစ်လာခဲ့သည်။

ရှေးခေတ်ကျမ်းစာများတွင် မင်းသား Kashyapa သည် သူ၏ ဖခင်ဖြစ်သူ မင်းကြီး Dhatusena ကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူ၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ Mugalan ၏ လက်တုံ့ပြန်တိုက်ခိုက်မှုမှ ရှောင်ရှား၇န်အတွက် ပိုမိုလုပ်ခြုံသည့်နေရာကို ရှာဖွေရန် သိရိဂိယ သို့ ထွက်ပြေးခဲ့သည်။ ဘုရင် Kashyapa ရောက်ရှိသောအခါ ရဟန်းများက သူ့အား အနီးအနားရှိ ပိဒုရန်ဂလသို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။[၄] မင်းကြီး Kashyapa သည် သတိသံဝေဂရသည့်အနေဖြင့် ကျောင်းတော်ကို ပြုပြင်မွမ်းမံခဲ့ကာ ထိုနေရာကိုလည်း အရေးပါထင်ရှားသည့်နေရာတစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။[၃]

ကျောင်းတော်[ပြင်ဆင်ရန်]

ကျောင်းတော်သည် ရိုးရာအဆောက်အဦ ငါးခုပါဝင်သည့် panchavasa ဖြစ်သည်။ ထိုအဆောက်အဦးငါးခုတွင် ရှေးဟောင်းစေတီတော်၊ စည်းဝေးခန်း၊ တရားဟောရာခန်းမ၊ ဗောဓိဂရ၊ ရုပ်ပွားတော်သီတင်းသုံးရာအခန်း၊ သံဃာ့ရာမ (ရဟန်းများ နေရာအဆောက်အဦ) နှင့် အစွန်းကျသည့်နေရာတွင် ကျောက်စာများပါဝင်သည့် ဂူများ စသည်တို့ ရှိကြသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. PIDURANGALA ROCK TEMPLE။ Seelanka.net။ 14 April 2016 တွင် ပြန်စစ်ပြီး။
  2. PidurangalaSunday Observer (5 September 2010)။ 3 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2016 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Pidurangala Temple Archaeological Site။ srilankatravelnotes (July 2012)။ 21 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2016 တွင် ပြန်စစ်ပြီး။
  4. Pidurangala: In the midst of serenityThe Sunday Times (1 November 2009)။ 14 April 2016 တွင် ပြန်စစ်ပြီး။
  5. Pidurangala။ angelfire.com (25 March 2007)။ 14 April 2016 တွင် ပြန်စစ်ပြီး။