ပရပ္ပသာဒက

ဝီကီပီးဒီးယား မှ

အရှင်ပရပ္ပသာဒကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်ပရပ္ပသာဒကထေရ်သည် “သေန” အမည်ဖြင့် ပုဏ္ဏားတစ်ဦး ဖြစ်၏။ သေန သည် မြတ်စွာဘုရားကို အောက်ပါအတိုင်း ဂါထာလေးခုတို့ဖြင့် ချီးမွမ်းခဲ့၏။

၁။ “ဥသဘသဖွယ်ဖြစ်၍ မြတ်သော လုံ့လရှိတော်မူသော သိလက္ခန္ဓစသည့် ကျေးဇူးကို ရှာမှီးတော်မူသည် ဖြစ်၍ အောင်ပြီးသော မာရ်ငါးပါးရှိတော်မူသော ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။”

၂။ “ဟိမဝန္တာတောင်သည် မနှိုင်းရှည်နိုင်သကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသည် ကူးခတ်နိုင်ခဲသကဲ့သို့လည်းကောင်း၊ ထို့အတူသာလျှင် မြတ်စွာဘုရား၏ ဈာန်သမာဓိတော်မသည် မနှိုင်းရှည့်နိုင်သည်လည်း ဖြစ်၏။ ကူးခတ်နိင်ခဲသည်လည်း ဖြစ်၏။ (ထိုမြတ်စွာဘုရားကို) ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။”

၃။ မြေကြီးသည် မနှိုင်းရှည့်သကဲ့သို့လည်းကောင်း၊ တော၌ ပေါက်သော ဦးဆောက်ပန်းသည် ဆန်းကြယ်သကဲ့သို့လည်းကောင်း၊ ထို့အတူသာလျှင် မြတ်စွာဘုရား၏ သီလတော်သည် မနှိုင်းရှည့်နိုင်သည်လည်း ဖြစ်၏၊ ဆန်းကြယ်သည်လည်း ဖြစ်၏။ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။”

၄။ “လေ၏ အဟုန်ဖြင့် ချောက်ချားသော ကောင်းကင်သည် မရေတွက်နိုင်သကဲ့သို့ ထို့အတူသာလျှင် မြတ်စွာဘုရား၏ ဉာဏ်တော်သည် မရေတွက်နိုင်၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။”[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ကိုးဆယ့်လေးကမ္ဘာထက်တွင် မြတ်စွာဘုရားကို ချီးမွမ်းခဲ့သည့် အချိန်မှစကာ အချိန်မှစကာ မကောင်းသူတို့ လားရောက်ရသည့် အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် တစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင်လည်း “သုစာရုဒဿန” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပရပ္ပသာဒကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သကစိန္တနိယဝဂ်