မာတိကာသို့ ခုန်သွားရန်

ပဒုမ

ဝီကီပီးဒီးယား မှ

အရှင်ပဒုမထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်ပဒုမထေရ် သည် တံခွန်နှင့် တကွသော ပဒုမ္မာကြာပန်းကို လှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် “ကမ္ဘာသုံးဆယ်ပတ်လုံး နတ်တို့ကို အစိုးရသည့် သိကြားမင်း ဖြစ်လတ္တံ့၊ အကြမ်ခုနစ်ရာ ဧကရာဇ်မင်း ဖြစ်လတ္တံ့၊ ပဒုမ္မာကြာချက် အရေအတွက်မျှလောက် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ဂေါတမမြတ်စွာဘုရား၏ သားတော်အဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြုရလတ္တံ့” ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဒုမထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်