ပဉ္စဟတ္ထိယ၊ ဥပါလိဝဂ်

ဝီကီပီးဒီးယား မှ
ရဟန်းရုပ်တု

အရှင်ပဉ္စဟတ္ထိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သုမေဓာမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သုမေဓာမြတ်စွာဘုရား ပွင့်တော်မူစဉ်အခါက ဖြစ်၏။ အရှင်ပဉ္စဟတ္ထိယထေရ် သည် လမ်းခရီးကြွတော်မူသော မြတ်စွာဘုရားကို ကြည်ညိုကာ ကြာပန်းလှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ကမ္ဘာသုံးသောင်းထက်တွင် ကြာပန်းလှူခဲ့သည့်အချိန်မှစကာ အရှင်ပဉ္စဟတ္ထိယထေရ် သည် အပါယ်လေးဘုံးသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ကမ္ဘာနှစ်ထောင်ထက်တွင် ဟတ္ထိယ အမည်ဖြင့် စကြဝတေးမင်း ငါးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝ ဂေါတမမြတ်စွာဘုရားလက်ထက်တွင် အရှင်ပဉ္စဟတ္ထိယထေရ် သည် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်