ပဇင်းနိမ့်ရွာ၊ ကံမမြို့နယ်

ဝီကီပီးဒီးယား မှ
ပဇင်းနိမ့်
ရွာ
ပဇင်းနိမ့်ရွာ
ပဇင်းနိမ့် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပဇင်းနိမ့်
ပဇင်းနိမ့်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°04′14″N 95°03′45″E / 19.0704898834229°N 95.0625915527344°E / 19.0704898834229; 95.0625915527344ကိုဩဒိနိတ်: 19°04′14″N 95°03′45″E / 19.0704898834229°N 95.0625915527344°E / 19.0704898834229; 95.0625915527344
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်သရက်ခရိုင်
မြို့နယ်ကံမမြို့နယ်
ကျေးရွာအုပ်စုပဇင်းနိမ့်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပဇင်းနိမ့်ရွာ (အင်္ဂလိပ်: Pazinneint)သည် မကွေးတိုင်းဒေသကြီးသရက်ခရိုင်ကံမမြို့နယ်ပဇင်းနိမ့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၅၀၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပဇင်းနိမ့်ကျေးရွာအုပ်စုတွင် ကျား ၈၃၁ ဦး၊ မ ၉၃၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၇၆၈ ဦးနေထိုင်သည်။[၁]

၁၃၈၀ ပြည့်နှစ် တပို့တွဲလဆန်း ၁၃ ရက်မှ လပြည့်နေ့ (17.2.2019 မှ 19.2.2019) ထိ ကံမမြို့နယ်လုံးဆိုင်ရာ ဓမ္မဝိနယာနုလောမ မူလဒွါရဂိုဏ်းလုံးဆိုင်ရာ (၅၁) ကြိမ်မြောက် သံဃာ့ဥပုသ်ပြုပွဲနှင့် ပဇင်းနိမ့်ကျောင်း ရာပြည့်ဓမ္မာရုံတော် ရေစက်ချပွဲကို ကျင်းပခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ ကျင်းပလျက် ကျေးရွာ ကိုယ်ထူကိုယ်ထဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။ ၁၃၈၄-ခု နှစ်ဆန်း၃-ရက်နေ့ ဦးသာခင် ဒေါ်သန်းစိန်မိသားစုတို့မှ ပဇင်းနိမ့်ကျောင်းအတွင်း ၆၄သိန်းတန် အာရုံခံတန်ဆောင်းကြီး ဆောက်လုပ်လှူဒါန်းပြီးစီးခဲ့ပါသည်။ ဒေါ်ဌေးဌေး(ခေတ္တထိုင်းနိုင်ငံ)မှ အမိအဖတို့အားရည်စူး၍ ၂၈သိန်းအကုန်ခံပြီး အာရုံခံတန်ဆောင်းကို ကွန်ကရစ်ကြမ်းခင်း လှူဒါန်းကြပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။