ပစ္စုဒ္ဓိုရ်ပြုပုံ

ဝီကီပီးဒီးယား မှ

မြန်မာလို ရုပ်သိမ်းခြင်းဟု အနက်ထွက်၏၊ သင်္ကန်းအသစ် ရသဖြင့် သူ့နာမည်နှင့်သူ အဓိဋ္ဌာန်တင်လိုလျှင် အဓိဋ္ဌာန်တင်ပြီးသော ယခင် သင်္ကန်း အဟောင်းကို ပစ္စုဒ္ဓိုရ်ဟူသော ဝိနည်းကံတစ်ခုကို ပြုပြီးမှသာ အသစ်ကို အဓိဋ္ဌာန်တင်ရသည်။[၁]

ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ[ပြင်ဆင်ရန်]

ဣမံ = ဤသင်္ကန်းကို။ အန္တရဝါသကံ = သင်းပိုင်ကို (ဝါ)သင်းပိုင်အဖြစ်မှ၊ ပစ္စုဒ္ဓရာမိ = ရုပ်သိမ်းပါ၏၊ ဥတ္တရာသင်္ဂ, သံဃာဋိတို့ကိုလည်း ဤနည်းအတိုင်း ပြုပါ။ အဝေးဖြစ်လျှင် ဧတံဟု ဆိုရသည်။ ဤသို့ အဟောင်းကို ရုပ်သိမ်းပြီးမှ အသစ်သင်းပိုင် စသည်ကို ရှေးက ဆိုခဲ့သည့်အတိုင်း အဓိဋ္ဌာန်တင်ရမည်။ ပစ္စုဒ္ဓိုရ် ပြုထားသော သင်းပိုင်ကို သူတစ်ပါးအား လှူလိုလျှင်လှူ မလှူလိုလျှင် ဝိကပ္ပနာသော်လည်းပြု၊ ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားရမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း