ပင်လယ်မြွေ

ဝီကီပီးဒီးယား မှ
(ပင်လယ်ဂျပ်မြွေ မှ ပြန်ညွှန်းထားသည်)
ပင်လယ်မြွေ
ဗိုက်ဝါ ဂျပ်မြွေ Pelamis platurus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
F. Boie, 1827
မျိုးရင်းသေး: Hydrophiinae
ပင်လယ်မြွေများ ကျက်စားရာဒေသများအား ဝါစိမ်းရောင်ဖြင့် မြေပုံပေါ်တွင် ပြသထားသည်။

ဒေသအခေါ် ဂျပ် ဟု အမည်တွင်သည့် သတ္တဝါမှာ စိမ်းပုပ်ရောင် ကိုယ်လုံးတွင် အမည်းစင်းများ ပါရှိသော ပင်လယ်မြွေ တစ်မျိုးဖြစ်သည်။ ထိုဂျပ်မြွေတွင် "ဂျပ်လုံး" နှင့် "ဂျပ်ပြား" ဟူ၍ နှစ်မျိုး နှစ်စား ရှိပြီး နှစ်မျိုးစလုံး၌ပင် လူကို အသက်အန္တရာယ် ဖြစ်စေတတ်သည့် အဆိပ်ရှိပေသည်။ "ဂျပ်လုံး"မှာ အကောင်သေး၍ အကြီးဆုံး အရွယ်အစား လုံးပတ် လက်မခန့်၊ အရှည် တစ်တောင်ခန့် ရှိသည်။ "ဂျပ်ပြား" မှာ ဦးခေါင်းပိုင်း လက်ညှိုး လက်မ တစ်ကွင်းစာခန့် ရှိ၍ ဝမ်းဗိုက်မှာ လက်ဖဝါးခန့် ရှိပြီး သုံးတောင်ခန့် အရှည်ရှိသည်။ ဦးခေါင်းနှင့် ရင်ဘတ်ပိုင်းမှာ အလုံးသဏ္ဌာန် ရှိသော်လည်း ဝမ်းဗိုက်မှ အမြီးပိုင်းအထိ အပြားသဏ္ဌာန် ရှိသည်။

သဘာဝ[ပြင်ဆင်ရန်]

၎င်း ဂျပ်မြွေ များသည် ပင်လယ်မြွေများ ဖြစ်သော်လည်း ရေအောက်တွင် တစ်နာရီခန့်သာ နေနိုင်ပြီး ရေပေါ်တက်၍ အသက်ရှူကြသည်။ ဂျပ်လုံး များသည် ရေပေါ်တက်၍ အသက်ရှူရာတွင် ခန္ဓာကိုယ်အား တုတ်တစ်ချောင်း ထောင်ထားသကဲ့သို့ တည့်မတ်စွာ ထောင်လျက် ငြိမ်သက် နေတတ်ပြီး လှေ သို့မဟုတ် အရာဝတ္တု တစ်ခုခု အနီးအနား ရောက်ရှိလာပါက ရေအောက်သို့ ပြန်လည် ငုပ်လျှိုး သွားတတ်သည်။ ဂျပ်ပြား မှာမူ သူတို့၏ ကြီးမားသော ဝမ်းဗိုက်များကြောင့် ဦးခေါင်းပေါ်ရုံသာ ဖော်၍ အသက်ရှူတတ်ကြသည်။ ဂျပ်တစ်ကောင်၏ ရေပေါ် ဖော်၍ အသက်ရှူချိန်မှာ တစ်မိနစ်မှ သုံးမိနစ်ခန့် အထိသာ ကြာပေသည်။

အကိုက်ခံရလျှင်[ပြင်ဆင်ရန်]

ဂျပ်မြွေ အကိုက်ခံရလျှင် အကိုက်ခံရမှန်း သိသိချင်း ရှေးဦးသူနာ ပြုစုနည်းဖြင့် ပြုစုပြီး ကော်ဖီလက်ဖက်ရည်အရက် တခုခု အနည်းငယ် တိုက်ထားရုံဖြင့် သက်သာစေသည်။ ဂျပ်မြွေ အကိုက်ခံရခြင်းကြောင့် နာကျင်ခြင်း၊ ပူလောင်ခြင်းနှင့် အခြား အဆိပ်တက်သည့် လက္ခဏာများ မပြပါက ထိုသည်ပင်လျှင် ဂျပ်မြွေ၏ ကြီးမားသော အန္တရာယ် ဖြစ်ပေသည်။ ပြင်းထန်သည့် အဆိပ်တက်ပုံ မရှိသောကြောင့် ဂျပ်မြွေအကိုက်ခံရသည်ကို မသိဘဲ ပုစွန်၊ ငါး၊ ဆူးစူး သလိုလို ယူဆကာ ပေါ့ပေါ့တန်တန်နေမိပါက အသက်အန္တရာယ်ရှိနိုင်သည်။

အဆိပ်တက်ပုံ[ပြင်ဆင်ရန်]

ဂျပ်မြွေ အဆိပ်တက်ပုံ လက္ခဏာမှာ သွေးများ ထိုင်းလာခြင်း၊ ငိုက်မြည်း သမ်းဝေလာခြင်းနှင့် အိပ်ပျော် သွားတတ်ခြင်းပင် ဖြစ်သည်။ ထိုသို့ အိပ်ပျော်သွားလျှင် အသက်ရှင်လျက် ပြန်လည် နိုးထလာတော့မည် မဟုတ်ပေ။

ဖြေဆေး[ပြင်ဆင်ရန်]

မြွေဆိပ်ဖြေဆေးများတွင် ဂျပ်မြွေ အဆိပ်ဖြေဆေး ဟူ၍ မရှိသေးဖြင့် ဂျပ်မြွေကိုက်လျှင် အချိန်မီ ပြုစု ကုသရန် လိုအပ်ပေသည်။

သတိထားရမည့် ဂျပ်မြွေ အန္တရာယ်[ပြင်ဆင်ရန်]

ပင်လယ်ဂျပ်မြွေသည် ကမ်းနီးရေလုပ်သား များဟု ခေါ်ဆိုနိုင်သော ဖောင်ကျားပါးစပ်စန္ဒား၊ ဂွေး(မျှင်ကောင်)ထိုးလှေ၊ ပုစွန်ထိုးလှေ စသည့်လုပ်ငန်းများမှ ရေလုပ်သားများအတွက် အန္တရာယ် အကြီးမားဆုံး သတ္တဝါတစ်မျိုး ဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (စာရေးသူ - မောင်မင်းဆွေ)