ပင်စိမ်းမွှေး

ဝီကီပီးဒီးယား မှ
Ocimum basilicum
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Lamiaceae
မျိုးဇာတ်: Ocimeae
မျိုးစု: Ocimum
မျိုးစိတ်:
O. basilicum
ဒွိနာမ
Ocimum basilicum

ပုံသဏ္ဌာန် : အပင် - အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၂ ပေ မှ ၃ ပေ အထိ ရှိ၏ ။ ပင်စည် ဖြောင့်မတ်ပြီး လေးထောင့် ပုံရှိသည်။ အခက်အလက် များ နူးညံ့၍ အမွေးများ ရှိပြီး အနံ့မွှေး သည်။ ပင်စည် နှင့် အကိုင်းအခက် အစိမ်းရောင် ဖြစ်သော် လည်း တစ်ခါ တစ်ရံ သပြေ ရောင်သမ်းသည်။ မြန်မာ နိုင်ငံ၌ ပင်စိမ်းဖြူ သို့မဟုတ် ဟင်းစား ပင်စိမ်း ၊ ပင်စိမ်းနက် ၊ ပင်စိမ်းညို ၊ ပင်စိမ်းကြီး ဗလရှင် စသည်ဖြင့် ပင်စိမ်း အမျိုးမျိုး ပေါက်ရောက်ပြီး ယင်းတို့၏ အာနိသင် မှာ အနည်းငယ် စီသာ ကွာခြား၏ ။ အရွက် - ရွက်ဆိုင် အလှည့်ကျ ထွက် ၏ ။ ရွက်ထိပ်ချွန် ပြီး ရွက်ရင်း သွယ်သည်။ အလျား ၁-၃ လက်မထိ ရှည်သည်။ ရွက်နား လွှသွား ပုံရှိသည်။ ရွက်ညှာ ၁ လက်မထိ ရှည်၏ ။ အပွင့် - သေးငယ်ပြီး အဖြူရောင် ရှိသည်။ အလွန် မွှေးသည်။ အခိုင်လိုက် ပွင့်သည်။ ပွင့်ချပ်ပေါ် တွင် အမွေးလေး များရှိသည်။ တပေါင်း ၊ တန်ခူးတွင် ပွင့်သည်။ အစေ့ - လုံးဝိုင်း ပြီး တစ်ဖက်တွင် အနည်းငယ် မောက်၍ တစ်ဖက် တွင် ပြား၏ ။ အရောင် မည်း၏ ။ အနံ့ မရှိ ၊ အရသာ ပူစပ်၏ ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ အထူး သဖြင့် အပူပိုင်း ဒေသတွင် ပိုမို ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သော် လည်း ဟင်းစား နှင့် ဆေးအတွက် စိုက်ပျိုး ကြသည်။ အမြင့်ပေ ၃၀၀၀ အထိ စိုက်ပျိုး နိုင်သည်။ စိုက်ပျိုးပုံ- (က)မြေပြုပြင်ခြင်း - ဟင်းသီး ဟင်းရွက် ခင်းများ ပြုပြင် သကဲ့သို့ပင် ဖြစ်သည်။ (ခ) မျိုးစေ့ချခြင်း -တစ်တန်းနှင့် တစ်တန်း ၂ ပေမှ ၃ ပေ အထိ ခွာ၍ အလျား ၁ ပေလျှင် မျိုးစေ့ ပေါင်း ၁၂ မှ ၁၅ စေ့ အထိ ချရသည်။ မျိုးစေ့များ စိပ်မနေ စေရန် ဂရုပြု ရမည်။ (ဂ) ပြုစုဂရုစို်က်ခြင်း - ပေါင်းနှိမ်ခြင်း ၊ မြေဆွခြင်းကို လိုအပ်သလို ပြုလုပ်ရမည်။ မြေဩဇာ အထူးမလို သော်လည်း ထည့်နိုင်မည် ဆိုက ပိုမို ကောင်းမွန်သည်။ (ဃ) စုဆောင်းရယူခြင်း -စတင် ပွင့်ချိန် လောက်၌ ရိတ်သိမ်း ဖြတ်ယူပြီး အငုတ် မှ ထွက်လာသော အတက် များ သည် နောက်တစ်ကြိမ် ပွင့်လာပါက ထပ်မံ ဖြတ်ယူနိုင်သည်။ တစ်ရာသီ လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ ရယူနိုင်သည်။ အညွန့် နှင့် အရွက် များကို အရိပ်ထဲ၌ အခြောက် လှန်းရသည်။ အသုံးဝင်ပုံ : အာနိသင် -မြန်မာ ဆေးကျမ်း များ အလိုအရ ပင်စိမ်းသည် ပူ စပ် အရသာ ရှိ၏ ။ အနည်းငယ် ခါး၏ ။ လေနှင့် သလိပ် ကို နိုင်၏ ။ ရင်ကျပ် ချွဲကျပ် ၊ အစာမကြေသော အနာမျိုးကို နိုင်၏ ။ သည်းခြေကို ပျက်စေတတ်၏။ အသုံးပြုပုံ- အရွက် ၁ ။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။

ကိုးကား[ပြင်ဆင်ရန်]