နေဝင်း (အဆိုတော်)

ဝီကီပီးဒီးယား မှ
နေဝင်း
နေဝင်း ရှိူးပွဲဖျော်ဖြေနေပုံ ၂၀၁၉ခုနှစ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းနေဝင်း
မွေးဖွား (1987-04-25) ၂၅ ဧပြီ၊ ၁၉၈၇ (အသက် ၃၆)
ကျောက်မြောင်း၊ ရန်ကုန်
ဂီတဟန်ဟစ်ဟော့
အလုပ်အကိုင်အဆိုတော်၊ တေးရေး၊ ရက်ပါ
တူရိယာအဆို
တက်ကြွသည့်နှစ်များ၂၀၀၀–လက်ရှိ
ပူးတွဲ ပါဝင်မှုSnare, Hip Hop Vibration, G Family, Frenzo

နေဝင်း(၂၅ ဧပြီ ၁၉၈၇ မွေးဖွား) သည် မြန်မာနိုင်သား ဟစ်ဟော့အဆိုတော်၊ တေးရေးဆရာတစ်ယောက် ဖြစ်သည်။[၁]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

နေဝင်းအား ရန်ကုန်မြို့၊ ကျောက်မြောင်းတွင် ၁၉၈၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂] ဖခင်ဖြစ်သူမှာ ပန်းချီဆရာတစ်ဦးဖြစ်ပြီး မွေးချင်းလေးဦးအနက် နေဝင်းမှာ ဒုတိယသားဖြစ်ကာ၊ အစ်ကို၊ အစ်မနှင့် ညီငယ်တစ်ဦး ရှိသည်။ နေဝင်းသည် အ.ထ.က (၁) ဒဂုံမှ အထက်တန်းပညာ ပြီးမြောက်ခဲ့သည်။[၂]

ဂီတလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၂၀၀၀–၂၀၀၅: Snare/G Family/Hip Hop Vibration[ပြင်ဆင်ရန်]

နေဝင်းသည် သူ၏ ဂီတခရီးလမ်းကို ၂၀၀၀ ပြည့်နှစ်တွင် Snare အဖွဲ့တည်ထောင်သူတစ်ဦးအနေဖြင့် စတင်ခဲ့သည်။ အဖွဲ့ကို ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ စည်သူဖေမြင့်နှင့်အတူ ဖွဲ့စည်းခဲ့သည်။ ယင်းနောက် အဖွဲ့တွင် ဖြိုးလေး၊ ဆက်ပိုင်စိုးနှင့် နေဝင်း၏ ဝမ်းကွဲ အောင်သူတို့လည်း ပါဝင်လာခဲ့သည်။ သူတို့၏ ပထမဆုံး အယ်လ်ဘမ်ကို ၂၀၀၁ ခုနှစ်တွင် ငွေကြေးမလုံလောက်မှုကြောင့် မြေအောက်လောကတွင် စတင်ဖြန့်ချိခဲ့ရာ အခွေ ၄၀ ခန့်သာ ရောင်းချခဲ့ရသည်။[၁]

၂၀၀၃/၂၀၀၄ ခုနှစ်ဝန်းကျင်တွင် သူတို့၏ ဒုတိယအယ်လ်ဘမ်၏ ထုတ်လုပ်သူမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ မပြီးမြောက်ခဲ့သဖြင့် အဆို အောင်သူမှာ အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နေဝင်းသည် ဟစ်ဟော့အဖွဲ့ G Family သို့ တည်ထောင်သူအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ သီချင်းများ ဖြန့်ချိခဲ့သည်။[၁] ၂၀၀၄ ခုနှစ်တွင် Hip Hop Vibration အဖွဲ့ကို နိုင်ဝင်း၊ မေမိုးနှင့် မိုးသဲတို့နှင့်အတူ ဖွဲ့စည်းခဲ့သည်။ Hip Hop Vibration အဖွဲ့၏ Hip Hop Vibration ပြဋ္ဌာန်းချက် အယ်လ်ဘမ်ကို ဗွီစီဒီအနေဖြင့် ၂၀၀၅ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။[၃]

စီးပွားရေး[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် နေဝင်းသည် ‘Oh My Godfather’ (OMG) ဖက်ရှင်ဒီဇိုင်းနှင့် အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့သည်။[၃][၄]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

နေဝင်းသည် ခရီးသွားဘလော့ဂါတစ်ဦးဖြစ်သူ Travel Kueen နှင့် ၂၀၀၉ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြသည်။[၅]

အယ်လ်ဘမ်များ[ပြင်ဆင်ရန်]

အုပ်စုအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • Hip Hop Vibration ပြဋ္ဌာန်းချက် (၂၀၀၅)

နှစ်ယောက်တွဲ အယ်လ်ဘမ်များ (Snare)[ပြင်ဆင်ရန်]

  • Rap Game (၂၀၁၀)
  • ဘကြီးဖြိုးနဲ့ဦးနေဝင်း (၂၀၁၃)
  • ပူးတွဲချန်ပီယံ (၂၀၁၈)

တစ်ကိုယ်တော် အယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • ဆွေမျိုးပါမေ့ (၂၀၁၈)

တွဲဖက် အယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • အသစ်ကြိုက်သူများ
  • ပျော်စရာကြီး
  • လက်လက်ကိုထလို့ ၁/၂
  • မုန်းတယ်
  • Solo Live
  • ချီးယားစ်
  • မင်းအတွက် ၃
  • အိမ်မပိုင်ရင်ဂေါ်လီမလုပ်နဲ့
  • Cherry Oo 13 Anniversary
  • ဪလူတွေ
  • ရုပ်ပေါက်နေပြီ
  • New Age
  • ဂျင်
  • အမှားနဲ့မကင်းတဲ့လူ
  • 120/B
  • ဘာတွေဖြစ်
  • Sai Sai is Sai Sai
  • 9 Night Birthday
  • ရှော့ခ်
  • ခါချနေရတယ်
  • ဂါ

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]