နုနုအေး

ဝီကီပီးဒီးယား မှ

ရှစ်လေးလုံး လူထု လှုပ်ရှားမှုမှ စတင်ကာ မြန်မာပြည် ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင် အစဉ်တစိုက် ပါဝင်ခဲ့သော လေတပ် စစ်သည်ဟောင်း ဒေါ်နုနုအေး (အသက် ရဝ နှစ်) သည် ယမန်နေ့ ညနေ ၅ နာရီ ၅ဝ မိနစ် အချိန် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ မယ်တော် ဆေးခန်းတွင် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားသည်။

ဒီမိုကရေစီရေး လှုပ်ရှားသူ စစ်သည်ဟောင်း ဒေါ်နုနုအေး ကွယ်လွန်[ပြင်ဆင်ရန်]

ဒေါ်နုနုအေး (အလယ်) ကို ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများနှင့် အတူ တွေ့မြင်ရစဉ်။

အဲန်အမ်ဂျီ ၊ ၁ဝ ၊ နိုဝင်ဘာ ၊ ၂ဝဝ၈

ဒေါ်နုနုအေးသည် တပ်မတော် (လေ)၊ (၅ဝ၂) လေတပ် စခန်းမှ တပ်ကြပ်ဟောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ သံလွင်စခန်း ကော်မတီဝင်ဟောင်း၊ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ အဖွဲ့ (နာယက)၊ လက်ရှိ သားသုံးသား ပူးပေါင်း လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ပြည်သူ လူထုဘက်သို့ ပထမဆုံး ကူးပြောင်းသွားသည့် တပ်မတော်သားများထဲတွင် တဦး အပါအဝင် ဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဒေါ်နုနုအေးသည် လေတပ်မှ တပ်မတော်သား ၈ ဦးကို ဦးဆောင်ပြီး ကျောင်းသား တပ်မတော်သို့ လာရောက် ပူးပေါင်းခဲ့သည်ဟု ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် ABSDF ရဲဘော် တဦးက ပြောသည်။

ABSDF စတင် ဖွဲ့စည်းချိန်တွင် ဒေါ်နုနုအေးသည် အမျိုးသမီး ရဲမေများ၏ အဖွဲ့ ခေါင်းဆောင် အဖြစ် ပထမဆုံး တာဝန် ထမ်းဆောင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

"ဆရာမကြီးက ဘာလဲဆိုလို့ ရှိရင် ဒီမှာ ပါလာတဲ့ အမျိုးသမီးတွေ အားလုံးပေါ့နော်။ တော်လှန်ရေး ရဲမေ အားလုံးကို သူ့ကို အဖွဲ့ခေါင်းဆောင် အနေနဲ့ သူ့ကို လေးလေးစားစားနဲ့ တင်ထားတဲ့ အခါမှာ ဆရာမကြီးက အမျိုးသမီးနဲ့ ပတ်သက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ ပတ်သက်တဲ့ထဲမှာ သူက အမေလိုပဲ ပေါ့နော်၊ ခေါင်းဆောင် ဖြစ်သွားတယ်။ သူ့ရဲ့ ပထမဦးဆုံး တော်လှန်ရေးမှာ ထိန်းသိမ်း လှုပ်ရှားတဲ့ဟာပေါ့နော်။ သူ့ကိုလည်း ခင်ကြတယ်။ ကျနော်တို့ကတော့ သူနဲ့ အသက်အရွယ်ချင်းကလည်း ကျနော်နဲ့ ဆယ်နှစ်လောက် ကွာလို့ ကျနော်တို့ကိုတော့ ကိုတွေနဲ့ တပ်ခေါ်တာပေါ့နော်။ ကျနော်တို့ ထက်ငယ်တဲ့ လူတွေကျတဲ့ အခါတော့ သားသမီးတွေလို့ပဲ သူက ခေါ်တယ်။ သူ့မှာ ဖော်ရွေမှုတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့ အံ့ဩစရာ အကောင်းဆုံးက သူ့မှာရှိတဲ့ ပစ္စည်းတွေပေါ့ဗျာ ဘယ်သူပဲ လာတောင်းတောင်းပေါ့ ရက်ရက်ရောရော ပေးတယ်ဗျ။"

ဒေါ်နုနုအေးသည် ပြည်သူဘက်မှ ရပ်တည်ပေးသည့် စစ်မှန်သည့် ပြည်သူ့ တပ်မတော် တရပ်ကို တည်ထောင်လိုသည့် ရည်မှန်းချက် ရှိသည်ဟု ၎င်းနှင့် လက်တွဲခဲ့ဖူးသည့် ရဲဘော်ဟောင်း တဦးက ပြောသည်။

"နောက်ပိုင်းမှာ စက်တင်ဘာ အရေးအခင်း ဖြစ်တဲ့ အခါကျတော့ သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ဖို့ အတွက်ကို သားသုံးသား လှုပ်ရှားမှု ကော်မတီမှာ သူက ဥက္ကဋ္ဌ လုပ်လိုက်တယ်။ သားသုံးသား ဆိုတာ ဘာလဲဆိုရင် တစ် - ရဟန်း ဘုရားသား၊ နောက် ကျောင်းသား၊ တပ်မတော်သား ဆိုတဲ့ အဲဒါ ဖြစ်တယ်။ သူကျနော်နဲ့ တွေ့တဲ့အချိန်မှာ သူ ကျနော့်ကို တိုင်ပင်တယ်လေ။ တိုင်ပင်တဲ့ အခါမှာ သားတို့ ကျောင်းသားတွေလည်း တာဝန် ကျေတယ်။ ရဟန်း သံဃာတော်တွေလည်း တာဝန် ကျေတယ်။ ငါတို့ တပ်မတော်သားတွေလည်း တာဝန်ကျေဖို့ လိုတယ်။ အဲဒီအတွက်ကို အမေက အဲဒါ လုပ်ချင်တယ်။ အမေက လုပ်ချင်တဲ့ အတွက်ကြောင့်မို့လို့ မင်းတို့နဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တယ်၊ အဲဒါကြောင့်မို့လို့ အမြဲတမ်း ငါဒီမှာပဲ နေမယ်။ သေတာတောင်မှ ဒီမှာပဲ သေချင်တယ်။"

ဒေါ်နုနုအေးသည် ၁၉၉၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့သို့ ပြောင်းရွှေ့ အခြေစိုက် နေထိုင် ခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီ အရေး ဆက်လက် ဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လာပြီးနောက်တွင် ယခုလို ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

  • * * * * * * *