နိုင်ငံတော် အရေးပေါ်အခြေအနေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နို်င်ငံတော် အရေးပေါ်အခြေအနေ ဆိုသည်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး အာဏာတို့၏ အချို့သော ပုံမှန်လုပ်ဆောင်မှုများ ဆိုင်းငံ့နိုင်သည့် အတွက် နိုင်ငံသားများအား မိမိတို့၏ ပုံမှန်အလေ့အထများကို ပြောင်းလဲနိုင် စေရန် သို့မဟုတ် အစိုးရဆိုင်ရာ အဖွဲ့အစည်းများကို အရေးပေါ်ပြင်ဆင်ထားသည့် အစီအစဉ်များကို အသုံးပြုနိုင်ရန် အတွက် သတိပေးနှိုးဆော်ထားသည့် အစိုးရ ၏ ကြေငြာချက်ဖြစ်သည်။ ၎င်းကို အခြေခံဥပဒေအောက် တွင် အာမခံ ထားသည်ပင်ဖြစ်စေ အခွင့်အရေးများ နှင့် လွတ်လပ်စွာနေထိုင်နိုင်ရေး တို့အား ဆိုင်းငံ့နိုင်ရေး အတွက် အကြောင်းပြ ချက် အဖြစ် အသုံးပြုနိုင်သည်။ သဘာဝ သို့မဟုတ် လူတို့ပြုလုပ်သည့် ဘေးအန္တရာယ်ကျရောက်ချိန်အတွင်း၊ လူထု မငြိမ်သက်မှုဖြစ်နေစဉ်ကာလအတွင်း သို့မဟုတ် စစ်ကြေငြာမှု ပြုလုပ်ပြီးသည့်နောက်တွင် သို့မဟုတ် နိုင်ငံတကာ သို့မ ဟုတ် ပြည်တွင်း လက်နက်တပ်ဆင်မှု ပဋိပက္ခဖြစ်ပေါ်နေသည့် အခြေအနေများတွင် ထိုသို့သော ကြေငြာချက်များ ထွက်ပေါ်လာလေ့ရှိသည်။ ရောမ ဥပဒေ တွင် Justitium (ဂျက်(စ်)တီတီယမ်) သည် ယင်းနှင့် တူညီမှုရှိသည်။

အချို့သောနိုင်ငံများတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ နှင့် ၎င်း၏ လူ့အခွင့်အရေး၊လွတ်လပ်မှုနှင့် အစိုးရ လုပ်ငန်း စဉ် တို့အပေါ်သို့သက်ရောက်မှု တို့ကို အခြေခံဥပဒေ နှင့်/သို့မဟုတ် အာဏာကိုကန့်သတ်ရန် မှီငြမ်းထားသည့် ဥပဒေ တို့မှ ကွပ်ကဲထိန်းချုပ်သည်။ အရေးပေါ်အခြေအနေတစ်ခုအတွင်း အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တို့ကို ဥပမာအား ဖြင့်လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်တို့ကို ဆိုင်းငံ့ထားနိုင်သော်လည်း အခွင့်အရေးများကို လျော့ချ၊နှိမ့်ချခြင်း မပြုနိုင် ပေ။နိုင်ငံအများစုတွင် အရေးပေါ်အခြေအနေအတွင်းတွင် အရေးပေါ်ဥပဒေ သို့မဟုတ် အခြေခံဥပဒေတို့ကို ပြုပြင် ပြင်ဆင်မှုသည် တရားမဝင်ဟုသတ်မှတ်ထားသည်။

အသုံးပြုမှုများ နှင့် ရှုမြင်ပုံများ[ပြင်​ဆင်​ရန်​]

ဒီမိုကရေစီနိုင်ငံများတွင် တွေ့ရလေ့မရှိသော်လည်း၊ အာဏာရှင်ဆန်သော အုပ်ချုပ်မှု များတွင် နိုင်ငံအရေးပေါ် အခြေ အနေ ကို ကြေငြာ၍ အုပ်ချုပ်မှုသက်တမ်းအတွက် အကန့်အသတ်မရှိ ရှည်ကြာစေသည်။ အချို့သော အခြေအနေများ တွင် စစ်အုပ်ချုပ်ရေး အမိန့် ကိုလည်း ကြေငြာပြီး စစ်တပ် အား လုပ်ပိုင်ခွင့်အာဏာကို ပိုမိုခွင့်ပြုထားသည်။ အခြား သော အခြေအနေများတွင် အရေးပေါ်အခြေအနေဟု ကြေငြာခြင်းမရှိဘဲ အစိုးရမှ တရားဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေအုပ်ချုပ်ခြင်း သို့မဟုတ် အမိန့်-ဥပဒေကို ထုတ်ပြန်ခြင်းတို့ပြုလုပ်သည်။ ယူနိုက်တက်နေရှင်း ၏ ပြန်တမ်း ထုတ်ပြန်ရေး အရာရှိနှစ်ဦးဖြစ်သော Ms. Nicole Questiaux (မစ္စ နီကို ကွတ်(စ်)တပ်(ဇ်))(ပြင်သစ်) နှင့် Mr. Leandro Despouy (မစ္စတာ လင်ဒရို ဒီ(စ်) ပွိုင်) (အာဂျင်တီးနား) တို့မှ အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းထံသို့ အောက်ပါ “သဘောတရားနည်းနာများ” ဖြင့် နိုင်ငံအတွင်း လေ့လာသတိပြုရန် သို့မဟုတ် အရေးပေါ်အခြေအနေတွင်း လက်ရှိ အုပ်ချုပ်သည့်အခြေအနေတို့ကို ခံယူရန် အကြံပြုထားပါသည်။ ယင်းတို့မှာ နိုင်ငံတကာ ဥပဒေ၏ များပြားလှသော တရားဥပဒေနှင့် ညီညွတ်သည့် သဘောတရားနည်းနာများ၊ ကြေငြာချက်များ ၊ သတိပေးချက်များ၊ အချိန်ကန့်သတ်မှု များ၊ ထူးခြားသောခြိမ်းခြောက်မှုများ၊ ဆက်ဆံရေး၊ ခွဲခြားမှုမရှိရေး ၊ အံဝင်ခွင်ကျမှု၊ လိုက်လျောညီထွေမှုများ နှင့် ဖြည့်စွက်ပေးမှုများ ၏ စံသတ်မှတ်ချက် များပါဝင်သည်။ (ညွှန်း “နိုင်ငံအရေးပေါ်အခြေအနေနှင့် လူ့အခွင့်အရေး အတွက် မေးခွန်းများ” E/CN.4/Sub.2/1997/ 19, အခန်း ၂၊ နှင့် "état d'exception" ကို http://fr.wikipedia.org တွင် ကြည့်ပါ။)

နိုင်ငံသားတို့နှင့်နိုင်ငံရေးရာအခွင့်အရေးများ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် (အိုင်စီစီပီအာရ်) ၏ စာပိုဒ် ၄ တွင် "အများ ပြည်သူနှင့်သက်ဆိုင်သည့်အရေးပေါ်အခြေအနေ" တွင် နိုင်ငံတော်က အချို့သောအခွင့်အရေးများကို လျော့ချ သတ် မှတ် နိုင်ကြောင်းကို ထိုပဋိညာဉ်မှ ခွင့်ပြုအာမခံ ပေးထားသည်။ ပဋိညာဉ်ပါ သဘောတရားများ အောက်မှ ပြုလုပ်သော လျော့ချသတ်မှတ်မှု မှန်သမျှသည် အခြေအနေ၏ အရေးပေါ်ကိစ္စများအတွက် လိုအပ်သည့် အတိုင်းအတာ အထိသာ ပြုရမည်ဖြစ်ပြီး ယင်းတို့ကို နိုင်ငံအုပ်ချုပ်ရေးအဖွဲ့မှ ယူနိုက်တက်နေးရှင်း၏ အထွေထွေအတွင်းရေးမှူး အား အသိ ပေး ရမည်ဖြစ်သည်။ ဥရောပ နှင့် အမေရိကန်တို့၏ လူ့အခွင့်အရေးဆိုင်ရာပဋိညာဉ်တို့တွင် ထိုသို့ဆင်တူသည့် လျော့ချ သတ်မှတ်ခြင်းဆိုင်ရာ ပြဌာန်းချက်များပါဝင်သည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားများပဋိညာဉ်တွင် မည်သည့် လျော့ ချသတ်မှတ်မှုကိုမျှခွင့်မပြုထားပေ။

Carl Schmitt (ကား(လ်) စ(ချ်)မစ်) ကဲ့သို့သော အချို့ နိုင်ငံရေးသဘောတရားသမားများ မှ နိုင်ငံတော်အရေးပေါ် အခြေအနေကို စတင်ဖြစ်ပေါ်ရန် အဆုံးအဖြတ်ပြုသည့် အာဏာအခွင့် ကိုယ်တိုင်သည်ပင် အချုပ်အခြာအာဏာ ဟု ဖွင့်ဆိုနိုင်ကြောင်း ငြင်းဆိုကြသည်။ Giorgio Agamben (ဂျော်ဂျီရို အာဂန်ဘန်) မှ နိုင်ငံတော်ခြွင်းချက်များ (၂၀၀၅) တွင် ထိုသဘောတရားကို နိုင်ငံတော်အရေးပေါ်အခြအနေ၏ ဖြစ်စဉ်များသည် ပြည်သူလူထု၏ နိုင်ငံသားနှင့် နိုင်ငံရေး ဆိုင်ရာအခွင့်အရေးများ ကို ဆုံးရှုံးစေကြောင်းကို အထူးအလေးပေး၍ သူ၏ homo sacer (ဟိုမို စဆာ) ဟူသော ထင်မြင်ယူဆချက်ကို တင်ပြခဲ့သည်။

အလွဲသုံးစားပြုခြင်း[ပြင်​ဆင်​ရန်​]

နိုင်ငံတော်အရေးပေါ်အခြေအနေအပေါ် အကြောင်းပြ၍ အလွဲသုံးစားမှုများ ပေါ်ပေါက်လာနိုင်သည်။ ဥပမာ - လူ့အခွင့် အရေး တို့ကို ဂရုပြုစရာမလိုဘဲ နိုင်ငံတော်မှ အတွင်းပဋိပက္ခများကို နှိမ်နင်းနိုင်ရန်ခွင့်ပြုခြင်း။ ၁၉၉၁ ဩဂုတ် ၌် ဆိုဗီယက် ယူနီယံ (ယူအက်(စ်)အက်(စ်)အာ) တွင် အာဏာသိမ်းမှုပြုလုပ်ရန်ကြိုးစားခဲ့ပြီး အာဏာသိမ်းထားသော ခေါင်းဆောင်များ သည် နိုင်ငံတော် အရေးပေါ်အခြေအနေဟု အကြောင်းပြကြသည်၊ အာဏာသိမ်းမှုမအောင်မြင်ခြင်း သည် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း သို့ ဦးတည်သွားသည်။

အပြည်ပြည်ဆိုင်ရာသဘောတူညီမှုများဖြစ်သော အိုင်စီစီပီအာရ်၊ အမေရိကန်နှင့် ဥရောပ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် ပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားများပဋိညာဉ် တို့နှင့်ပူးပေါင်း၍ လျော့ချသတ်မှတ်ခြင်း တို့တွင် နိုင်ငံတော်မှ သဘောတူညီမှု သို့မဟုတ် လိုက်လျောမှုများ ပြုလုပ်ခြင်းတို့အား လွတ်လပ်သော ကျွမ်းကျင် ကော်မတီများ၊ ဒေသဆိုင်ရာတရားရုံးများ နှင့် အခြားနိုင်ငံတော်ပါတီများမှ စောင့်ကြည့်ထိ်န်းသိမ်းရသည်။

ဝန်ကြီးချုပ် အင်ဒရာဂန္ဒီ အားအကွက်ဆင်ထားသော ရွေးကောက်တင်မြှောက်သည်ဟု စွဲဆိုခြင်းများဖြစ်ပေါ်ရာမှ အိန္ဒိယ သည် နိုင်ငံတော်အရေးပေါ်အခြေအနေသို့ရောက်ရှိသွားရသည်။ ထင်ရှားသောအတိုက်အခံခေါင်းဆောင်များ အား ထောင်သွင်းအကျဉ်းချခြင်းတို့ ဖြစ်ပေါ်ပြီး ကမ္ဘာ့အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံကြီးသည် အာဏာရှင်စနစ်သို့ ပြောင်းသွားရသည်။ ထိုအချိန်မှစ၍ အိန္ဒိယရှိပါလီမန်အမတ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေသို့ များပြားလှစွာသော ပညတ်ချက်များပြုလုပ်၍ နိုင်ငံတော်အရေးပေါ်အခြေအနေဆိုင်ရာဥပဒေများကို ထိရောက်စွာအသုံးချရန် ခက်ခဲအောင် ဥပဒေတင်သွင်းခဲ့ကြသည်။ သို့သော်လည်း နိုင်ငံတော်အရေးပေါ်အခြေအနေ သို့မဟုတ် သမ္မတကြီး၏ စည်းမျဉ်းစည်း ကမ်း (အိန္ဒိယ သို့သာ အများအားဖြင့်ရည်ညွှန်း) သည် အုပ်ချုပ်မှုပြုနေသော ပါတီ၏ အကြိုက်အတိုင်း ရွေးကောက်ပွဲ များမှ အဆုံးသတ်ခြင်းမရှိလျှင် ဗဟိုအစိုးရမှ အာဏာကိုသိမ်းယူရန်အတွက် အလွဲသုံးစားပြုနေဆဲပင်ဖြစ်သည်။ ဥပဒေ အလွဲသုံးစားမှုပုံစံအမျိုးမျိုးတို့သည်လည်း အိန္ဒိယ ပညာတတ်လူတန်းစား နှင့် နိုင်ငံရေးသမားတို့ကြားတွင် အငြင်းအ ခုန် ပြုစရာ အကြောင်းအရာတစ်ခုအဖြစ် ပျံ့နှ့ံနေဆဲပင်ဖြစ်သည်။ အချို့နိုင်ငံများ၏ နိုင်ငံတော်အရေးပေါ်အခြေအနေဆိုင်ရာ ဥပဒေများ

အာဂျင်တီးနား[ပြင်​ဆင်​ရန်​]

အကြိမ်ပေါင်းများစွာ ပြင်ဆင်ဖြည့်စွက်ခြင်းပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြေခံဥပဒေ သို့မဟုတ် နိုင်ငံ အာဏာပိုင်များအား ပြည်တွင်းမငြိမ်သက်မှု သို့မဟုတ် ပြည်ပမှတိုက်ခိုက်မှုများနှင့် အန္တရာယ်ပြုခြင်းကို ခံရသည့်အခါ နိုင်ငံတော်အရေးပေါ်အခြေအနေ (စာဖြင့် estado de sitio (အက်(စ်)တာဒို ဒီ စီတီအို) ၊ နိုင်ငံတော်အားဝန်းရံ လုပ် ကြံခြင်း) အဖြစ် ကြေငြာရမြဲဖြစ်သည်။ ထိုသို့ဖန်တီးပေးခြင်းသည် အာဏာရှင်တို့အုပ်စိုးစဉ် နိုင်ငံတော်အားဝန်းရံလုပ် ကြံမှုကြာရှည်သည်နှင့် အစိုးရအား အတိုက်အခံတို့ကို လက်လွတ်စပယ် ဖိနှိပ်ရန်အတွက် အလွဲသုံးစားပြုစေနိုင်သည်။ (၂၀၁၀ အထိ ၁၅၈၄ ခုနှစ် အခြေခံဥပဒေကို သက်ရောက်ရန်စတင်ပြီးမကြာမီတွင် ဒီမိုကရက်တစ်နှင့် အာဏာရှင် အစိုးရတို့မှ နိုင်ငံတော်အရေးပေါ်အခြေအနေ အဖြစ် ကြေငြာမှုပေါင်း ၅၂ ကြိမ် ပြုခဲ့သည် )။ ၁၉၆၉ တွင် အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ် (Pacto de San José de Costa Rica) (ပက်တို ဒီ စန် ဂျိုး ဒီ ကော့(စ်)တာ ရီကာ) ပြဌာန်းခဲ့သော်လည်း အာဂျင်တီးနားမှ ၁၉၈၄ ခုနှစ် စစ်အာဏာရှင်အစိုးရအုပ်ချုပ်ရေး ပြီးဆုံးပြီးမှသာ လက်မှတ်ထိုး သဘောတူညီမှုပြုခဲ့သည်။ ထိုပဋိညာဉ်မှာ နိုင်ငံတော်အရေးပေါ်အခြေအနေကို အလွဲသုံးစားပြုခြင်းကို ကန့်သတ် ပေးထားသော်လည်း နိုင်ငံတို့မှ လက်မှတ်ရေးထိုး၍ အခြေအနေများ၊ အချိန်အတိုင်းအတာနှင့် မည်သည့်အခွင့်အရေး တို့ကို အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း အခြားလက်မှတ်ရေးထိုးပြီးသား နိုင်ငံတို့အား အသိပေးရန်အတွက် ကြေငြာရန် လိုအပ်သည်။

အီဂျစ်[ပြင်​ဆင်​ရန်​]

အီဂျစ် တို့သည် ၁၉၆၇ ကတည်းက အရေးပေါ်အခြေအနေဥပဒေ (၁၉၅၈ ၏ ဥပဒေအမှတ် ၁၆၂ ) [9] အောက်တွင် နေထိုင်လာကြပြီး ၁၉၈၀ ခုနှစ်အတွင်း ၁၈ လတာ ခြွင်းချက်ရှိခဲ့သည်။ ၁၉၆၇ ခုနှစ် အာရပ်-အစ္စရယ်လီ စစ်ပွဲ အတွင်း အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး၊ သမ္မတ Anwar Sadat (အန်နွာ စဒ္ဒတ် ) အား လုပ်ကြံ သတ်ဖြတ်ခြင်း နောက်ပိုင်းတွင် ပြန်လည်ပယ်ဖျက်ခဲ့သည်။ ဥပဒေမှာ ၁၉၈၁ ခုနှစ်ကတည်းက သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးခဲ့သည်။ ဥပဒေ အောက်တွင် ရဲသားတို့ အာဏာသည် ကျယ်ပြန့်ခဲ့ပြီး၊ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများမှာ ဆိုင်းငံ့ထားပြီး တားမြစ်ပိတ်ပင် မှုတို့မှာ တရားဝင်ခဲ့သည်။ဥပဒေမှ အခြား အစိုးရမဟုတ်သော နိုင်ငံရေးဆောင်ရွက်မှုများ ဥပမာ- လမ်းမပေါ်တွင် ဆန္ဒပြခြင်း ၊ ခွင့်မပြုထားသော နိုင်ငံရေးအဖွဲ့အစည်းများ နှင့် စာရင်းမသွင်းထားသော ငွေကြေးလှူဒါန်း ခြင်းတို့ကို တရားဝင် ပိတ်ပင်တားမြစ်နိုင်ကြောင်း အထင်အရှားဖော်ပြထားသည်။ ထိုဥပဒေအရ ပြည်သူလူထု ၁၇၀၀၀ ခန့်မှာ အချုပ်ခံရပြီး နိုင်ငံရေး အကျဉ်းသား ပေါင်း ၃၀၀၀၀ ခန့် အထိမြင့်တက်ခဲ့သည်။

ဂျာမနီ[ပြင်​ဆင်​ရန်​]

Weimar Republic (ဝီမာ သမ္မတနိုင်ငံ) ၏အခြေခံဥပဒေတွင် ပုန်ကန်မှုများနှင့် ဖြေရှင်းရန် စာပိုဒ် ၄၈ အောက်တွင် နိုင်ငံတော်အရေးပေါ် အခြေအနေကို ခွင့်ပြုထားသည်။ သမ္မတစနစ် ၏ သက်တမ်း ၁၄ နှစ်အတွင်း တစ်ခါတစ်ရံတွင် ဥပဒေပြုရေးရာ ယှဉ်ပြိုင်သူအားလုံးထက် ပိုရသော မဲ အရေအတွက် ကို မရရှိနိုင်သောအခါ အစိုးရအား လုပ်ပိုင်ခွင့်ပေး လိုက်ရသည့်အတွက် အခြားအကြောင်းပြချက်မရှိတော့သောအခါမျိုးတွင် စာပိုဒ်ခွဲ ၄၈ ကိုမှီငြမ်းအသုံးပြုသည်။

၁၉၃၃ ခုနှစ် Reichstag (ရစ်(ချ်)စတက်) မီးလောင်မှု ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ နောက်ပိုင်းတွင် ကွန်မြူနစ်များကို အပြစ် တင်၍ တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး Adolf Hitler (အာဒေါ့(ဖ်) ဟစ်တလာ) မှ စာပိုဒ်ခွဲ ၄၈ ကို အသုံးပြု၍ နိုင်ငံအရေးပေါ် အခြေအနေ ကြေငြာကာ၊ သမ္မတ von Hindenburg (ဗွန် ဟင်ဒန်ဘတ်) အား Reichstag (ရစ်(ချ်)စတက်) မီး လောင်မှုအတွက် အမိန့်ပြန်တမ်း ကိုလက်မှတ်ရေးထိုးစေပြီး ဟစ်တလာခေတ်ဂျာမန်အင်ပါယာ ၏ ကာလတစ်ခု လုံးအတွင်း Weimar (ဝီမာ) အခြေခံဥပဒေ ကိုဆိုင်းငံ့ စေခဲ့သည်။ နာဇီတို့ဂျာမနီကိုအုပ်စိုးစဉ် တွင် Weimar (ဝီမာ) အခြေခံဥပဒေကို လုံးဝပယ်ဖျက်ခြင်းမပြုခဲ့သော်လည်း "ကာလအကန့်အသတ်မရှိ ဆိုင်းငံ့" ထားခဲ့သည်။ မတ်လ ၁ ရက် တွင် ဂျာမနီ ကွန်မြူနစ်ပါတီ မှ တားမြစ်တိုက်ခိုက်မှု ပြုပြီးနောက် ၁၉၃၃ တွင် NSDAP (အမ်အက်(စ်)ဒီအေပီ) (နာဇီ ပါတီ) မှ မတ် ၂၃ တွင် ၁၉၃၃ တရားဝင်အာဏာပြုခြင်း အက်ဥပဒေ အား လွတ်လပ်စွာမဲပေးခွင့်ရပြီး တရား ဝန်ကြီးချုပ် Adolf Hitler (အာဒေါ့(ဖ်) ဟစ်တလာ) နှင့်သူ၏ ဝန်ကြီးအဖွဲ့ကို Reichstag (ရစ်(ချ်)စတက်) ၏ ပါဝင်ပတ် သက်ခြင်းမလိုဘဲ ဥပဒေထုတ်ပြန်ခွင့်ကို ရရှိစေသည်။ ထိုဥပဒေနှစ်ခုသည် နာဇီတို့၏ အာဏာရှင်ဆန်သော အုပ်ချုပ် ရေး အဖွဲ့ Gleichschaltung (ဂလီချပ်ချယ်တောင်) ကို အကောင်အထည် ဖော်ခဲ့သည်။

စစ်ပြီးကာလတွင် ဂျာမနီ သမ္မတနိုင်ငံတော် အရေးပေါ်အခြေအနေ အက်ဥပဒေ မှ အခြေခံ ဥပဒေ ပါ အချို့အခြေခံ ထည့်သွင်းထားသော လုပ်ပိုင်ခွင့်များအား နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတော်ဆက်ဆံရေးတင်းမာမှု၊ သို့မဟုတ် နိုင်ငံတော်တွင်းအရေးပေါ်အခြေအနေ သို့မဟုတ် သဘာဝဘေးအန္တရာယ် (ပျက်စီးမှု) များဖြစ်လာပါက ထိန်းချုပ်ကန့် သတ်နိုင်သည်ဟု ပါရှိသည်။ ထိုပညတ်ချက်များအား ဥပဒေပြုရေးရာတို့၏ အထူးကန့်ကွက်ချက် ဟူသော အတိုက်အခံ ပြင်းထန်မှုတို့ရှိသော်လည်း ၁၉၆၈ ခုနှစ်မေ ၃၀ တွင်ပြဌာန်းခဲ့သည်။ (ဂျာမန် ကျောင်းသားများ လှုပ်ရှားမှု တွင် အသေးစိတ် ကြည့်ပါ)

အိန္ဒိယ[ပြင်​ဆင်​ရန်​]

အိန္ဒိယတွင် စစ်အတွင်း၌ ပြင်ပနိုင်ငံတော်အရေးပေါ်အခြေအနေကို သုံးကြိမ်တိုင်ကြေငြာခဲ့သည်- • ၁၉၆၂ တွင် Sino-Indian (စီနို- အင်ဒီယန်း) စစ်ပွဲ • ၁၉၆၅ တွင် Indo-Pakistani (အင်ဒို- ပါကစ်(စ်)တန်နီ) စစ်ပွဲ • ၁၉၇၁ တွင် Indo-Pakistani (အင်ဒို- ပါကစ်(စ်)တန်နီ) စစ်ပွဲ ၁၉၇၅ တွင် အိန္ဒိယ ဝန်ကြီးချုပ် အင်ဒရာဂန္ဒီ မှ သူမအား စာရိတ္တခြစားသည်ဟု အတင်းအဖျင်းထွက် စွဲချက်တင်ခံရပြီး အိန္ဒိယ ဥပဒေပြုလွှတ်တော် အတွင်းမှ နေရာဖယ်ပေးရန် အမိန့်ချလိုက်ပြီးနောက်တွင် နိုင်ငံတော် အတွင်း အရေးပေါ် အခြေအနေ ကို ကြေငြာခဲ့ပြီး ဥပဒေပြုခြင်း ဖြင့် သူမကိုယ်တိုင် ၁၉၇၇ မတိုင်ခင်အထိ အုပ်ချုပ်ရန် ခွင့်ပြုစေသည်။ အရေးပေါ်အခြေအနေတွင်းတွင် နိုင်ငံရေးအရအတိုက်အခံများအား အကြီးအကျယ်ဖိနှိပ်မှု ပြုခဲ့သည်။ ပြည်သူတို့ လွတ်လပ်ခွင့်များ ကိုဆိုင်းငံ့၍ အစိုးရမှ သားဆက်ခြားရေးအစီအစဉ်အား မဖြစ်မနေဆောင်ရွက်ရန် ပြဌာန်းခဲ့သည်။ ပြန်လည်ရွေးကောက်ခံရမည်ဟု ယုံကြည်ချက်များရှိသော အင်ဒရာဂန္ဒီ သည် အရေးပေါ်အခြေအနေကို လျော့ချ၍ အစိုးရနှင့်သဘောကွဲလွဲဆန့်ကျင်သူများကိုလည်း လွှတ်ပေးခဲ့သည်။ ၁၉၇၇ ရွေးကောက်ပွဲများတွင် ယာယီညွန့်ပေါင်း အဖွဲ့ကြီးမှ သူမအား အပြတ်အသတ်အနိုင်ရရှိသွားသည်။

မလေးရှား[ပြင်​ဆင်​ရန်​]

မလေးရှား တွင် Yang di-Pertuan Agong (ယောင် ဒိုင်-ပါတူအန် အေဂွန်း) မှ အကယ်၍ ဆိုးရွားလှသော အရေး ပေါ်အခြေအနေဖြစ်ပေါ်လာပြီး လုံခြုံရေး သို့မဟုတ် စီးပွားရေးအသက်သွေး သို့မဟုတ် ဗဟိုအစိုးရအတွင်းမှ ပြည်သူ လူထုနှင့်ဆိုင်သောညွှန်ကြားချက် သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သမျှ မည်သည့်အပိုင်းပင်ဖြစ်စေ ခြိမ်းခြောက်ခံရ သည်ဆိုပါလျှင် အရေးပေါ်အခြေအနေ ဖြစ်ကြောင်းကြေငြာမှုပြုမည်ဖြစ်ပြီး ဤတွင် သက်ရောက်မှုရှိမည့် ကြေငြာ ချက်ကိုလည်း ပြုမည်ဖြစ်သည်။မလေးရှား၏ သမိုင်းကြောင်းတွင် ဗြိတိန်ကိုလိုနီအစိုးရအုပ်ချုပ်စဉ်က နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေငြာ ခဲ့သည်။ နိုင်ငံတော်အရေးပေါ်အခြေအနေသည် ၁၉၄၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ Chin Peng (ချင်း ပန်) ဦးဆောင် သော ကွန်မြူနစ်များ နှင့် ဖြေရှင်းပတ်သက်ရန် တည်ရှိခဲ့သည်။

၁၉၆၉ မေ ၁၃ တွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပေါ် သောအခါ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်။ မလေးရှားသို့ ဥရောပကော်မရှင်၏ သံတမန် Thiery Rommel မှ Reuters အား ၂၀၀၇ ခုနှစ် နိုင်ဝင်ဘာ ၁၃ (သူ၏ အထူးတာဝန် နောက်ဆုံးနေ့) တွင် တယ်လီဖုန်းမှတဆင့် “ယနေ့ ဤနိုင်ငံသည် နိုင်ငံတော် အရေးပေါ်အခြေအနေ တွင်းတွင် ဆက်လက်တည်ရှိနေသည်” ဟုပြောသည်။နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် တရားဝင်ကြေငြာ ခြင်း မဟုတ်သော်လည်း အရေးပေါ် အမိန့်ဥပဒေ နှင့် လုံခြုံရေးရာအက်ဥပဒေတို့မှ စိစစ်ခြင်းမပြုဘဲ နှစ်ပေါင်းများစွာ ထိုပြစ်ဒဏ်ကိုခွင့်ပြုခဲ့သည်။

ဗြိတိန်နိုင်ငံ[ပြင်​ဆင်​ရန်​]

ဗြိတိန်နိုင်ငံတွင် ဘုရင်မင်းမြတ်၊ ဘုရင်၏ အကြံပေးအဖွဲ့ သို့မဟုတ် ဝန်ကြီးချုပ် တို့မှ ၂၀၀၄ခုနှစ် နိုင်ငံသားတို့အခွင့် အရေး အက်ဥပဒေ အရ လူသားတို့ကောင်းကျိုး၊ သဘာဝပတ်ဝန်းကျင် ကို ဆိုးရွာစွာခြိမ်းခြောက်အန္တရာယ်ပြုမှု သို့မဟုတ် စစ်ပွဲသို့မဟုတ် အကြမ်းဖက်မှုကိစ္စတို့ ဖြစ်ပေါ်လာသည်ရှိသော် အရေးပေါ်အခြေအနေ စည်းမျဉ်းများကို ပြုလုပ်နိုင်သည်။ ဥပဒေပြုလွှတ်တော် မှ အတည်ပြုခြင်းမပြုလျှင် ထိုစည်းမျဉ်းတို့မှာ ရ ရက်အထိတည်ရှိမည်ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် စက်မှု ဆန္ဒပြခြင်း တို့များပြားလာသဖြင့် ဝန်ကြီးချုပ် Edward Heath (အက်ဝက်(ဒ်) ဟိ(သ်)) မှ နိုင်ငံတော်အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်တိုင်တည်သည်။

အမေရိကန်ပြည်ထောင်စု[ပြင်​ဆင်​ရန်​]

အမေရိကန်ပြည်ထောင်စုတွင် အရေးပေါ်အခြေအနေများကို တုန့်ပြန်ရန်အတွက် အစိုးရတွင် မြောက်များစွာသော နည်းလမ်းများ ထားရှိသည်။ ပြည်နယ် အုပ်ချုပ်သူ သို့မဟုတ် ဒေသ မြို့တော်ဝန် တို့မှ သူ တရားစီရင်ရေး သက်ရောက် နိုင်သည့်အတိုင်းအတာတွင်း အရေးပေါ်အခြေအနေအဖြစ် ကြေငြာနိုင်သည်။ ယင်းသည် ပြည်နယ်အဆင့်တွင် သဘာဝ ဘေးအန္တရာယ်များ ပေါ်ပေါက်ချိန်တွင် အများဆုံးအသုံးပြုသည်။အမေရိကန်ပြည်ထောင်စု၏ သမ္မတသည် အုပ်ချုပ်မှု ရေးရာ ၏ အကြီးဆုံးဖြစ်သည့်အတွက် ဗဟိုအစိုးရဆိုင်ရာ နိုင်ငံတော် အရေးပေါ်အခြေအနေကို ကြေငြာမှုပြုရန် အခွင့်အာဏာရှိသည်။ အမေရိကန် အခြေခံဥပဒေတွင်းရှိအရေးပေါ်အခြေအနေအဖြစ်တစ်ခုတည်းသောသတ်မှတ်ချက်မှာ“ပုန်ကန်မှုများပေါ်ပေါက်သောအခါသို့မဟုတ်အများပြည်သူလုံခြုံရေး ပျက်စီးခြင်း တွင်လိုအပ်ခြင်းမရှိလျှင် ဖမ်းဆီးခံရသူတစ်ဦးကို လွှတ်ပေးသင့်၊ မပေးသင့် စုံစမ်း စစ်ဆေးရန် ရုံးတော်ရှေ့မှောက်သို့ဆင့်ခေါ်သည့်အမိန့်စာ ၏ အထူးအခွင့်အရေးသည် ဆိုင်းငံ့ခြင်းမရှိစေရ’’နှင့် စစ်တပ်အတွင်းမှပေါ်ပေါက်လာသော တာဝန်ထမ်းဆောင်နေစဉ် "အများပြည်သူကို အန္တရာယ်" ပြုနိုင်သည်ဟု သတ် မှတ်ခံရသည့် ဖြစ်ရပ်များကို ဂျူရီ အဖွဲ့ကြီး ၏ ကြားနာစစ်ဆေးပြီး အထူးအခွင့်အရေးဖြင့် လွတ်ငြိမ်းချမ်းသာခြင်း တို့ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ကန့်သတ်ထားသော နိုင်ငံအရေးပေါ်အခြေအနေအား သမ္မတများစွာ တို့မှ အကြောင်း ပြချက်များစွာတို့အတွက် တရားဝင် ကြေငြာဆဲဖြစ်သည်။ ၁၉၉၅ ဇန်နဝါရီ ၂၄ အစတွင် သမ္မတ (ဘီ(လ်) ကလင်တန်) အုပ်ချုပ်မှုရေးရာ ပြန်တမ်း ၁၂၉၄၇ ကိုလက်မှတ်ရေးထိုးခြင်းဖြင့် နိုင်ငံအရေးပေါ်အခြေအနေ စတင်ခဲ့သည်။ အမျိုး သား ရေးရာအရေးပေါ်အခြေအနေ အက်ဥပဒေအရ အုပ်ချုပ်ရေးရာ၏ အမိန့်ဥပဒေသက်ရောက်မှုမှာ အထွေထွေအ ရေးပေါ်အခြေအနေ ကြေငြာချက်မဖြစ်သော်လည်း “အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွင်ပျက် စီးစေရန် ခြိမ်းခြောက်သူအကြမ်းဖက်သမားများ” နှင့်ကုန်သွယ်မှုတွင် ကန့်သတ်ထားသော ကုန်သွယ်ရေးရာ ပိတ်ပင် ခွင့် ဖြစ်စေခဲ့သည်။၎င်း “အမျိုးသားရေးရာအရေးပေါ်အခြေအနေ” သည် ထပ်လောင်းပေါင်းထည့်သော အိုစမာ ဘင်လာဒင် တို့ကဲ့သို့ ပစ်မှတ်မျိုးအတွက် ၁၉၉၈ တွင် အကျယ်ချဲ့ခဲ့ပြီး အနည်းဆုံး ၂၀၀၈ ခုနှစ်အထိ သမ္မတ ဂျော့်(ချ်) ဒဗလျူ.ဘွတ်(ရှ်) ၏အမိန့်အရ ဆက်လက်တည်ရှိနေခဲ့သည်။

အခြားသော ထိုပုံစံမျိုးကဲ့သို့ ဆက်လက် တည်ရှိနေသေးသည့် အမျိုးသားရေးအရေးပေါ်အခြေအနေများ လည်းရှိသေးသည်၊ ဥပမာအားဖြင့် Sierra Leone (စီရာ လီရွန်) နှင့် စိန်ကုန်သွယ်မှု။ အထူးစာဖြင့်ဖော်ပြသင့်သော ရှိနေဆဲဖြစ်သည့် အရေးပေါ်အခြေအနေမှာ ၁၉၇၉ နိုဝင်ဘာ ၁၄ တွင် အီရန်ဓားစာခံများပြဿနာ နှင့်ပတ်သက်၍ ကြေငြာထားချက်၊ ၁၉၉၅ ခုနှစ် မတ် ၁၅ တွင် အီရန် သို့ကြေငြာချက်၊ နှင့် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၅ တွင် ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ အကြမ်း ဖက်သမားများတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဘွတ်ရှ်၏ ကြေငြာစာတမ်း ရ၄၆၃ အရ ကြေငြာချက် တို့ဖြစ်သည်။သမ္မတ ဘားရက် အိုဘားမား မှ ဂျော့(ချ်) ဘွတ်(ရှ်)၏ အကြမ်းဖက်မှုနှင့်ပတ်သက်သော အရေးပေါ်အခြေအနေ ကြေငြာချက်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၀နှင့် နောက်တစ်ဖန် ၂၀၁၀ စက်တင်ဘာ ၁၀တွင် သက်တမ်း တိုးစေခဲ့သည်။

ဥပမာများ[ပြင်​ဆင်​ရန်​]

ဆက်လက်တည်နေဆဲများ

  • ၂၀၁၁ ဖေဖော်ဝါရီ ၂၄ တွင် ဘိုလီးဗီးယား မှ ရေလျှံမှုကြောင့် ဘိုလီးဗီးယား ရှိဌာနပေါင်း ၉ ခုနှင့် ထောင် ပေါင်းများစွာသော လူတို့ အိုးအိမ်မဲ့ဖြစ်ရသည့်အတွက် အမျိုးသားရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာ ခဲ့သည်။
  • ၂၀၁၁ ဖေဖော်ဝါရီ ၂၃ တွင် နယူးဇီလန် မှ Christchurch (ခရဇ် ချပ်) ငလျင် အားတုန့်ပြန်မှုအဖြစ် ဒေသ တွင်းအရေးပေါ်အခြေအနေမှ မဖြစ်ပေါ်ခင်တစ်ရက်တွင် အမျိုးသားရေးအရေးပေါ်အခြေအနေအဖြစ် တိုးမြှင့် ကြေညာခဲ့သည်။
  • ၂၀၁၁ ဇန်နဝါရီတွင် တူနီရှား စီးပွားရေးရာအဖြစ်များ မငြိမ်သက်မှုကြောင့် အမျိုးသားရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။
  • အစ္စရေး သည် ၁၉၄၈ အာရပ်-အစ္စရေးလီ စစ်ပွဲကတည်းက အရေးပေါ်အခြေအနေတွင် နေထိုင်နေခဲ့ရာ အစ္စရေး ပါလီမန် လွှတ်တော်မှ နိုင်ငံတော်အရေးပေါ်အခြေအနေအား နှစ်စဉ်အတည်ပြုခြင်းဖြင့် သက်တမ်းတိုး မြှင့်သည်။
  • ဆီးရီးယား သည် ၁၉၆၃ ခုနှစ် မတ် ၈ ရက် Baathist (ဘာသစ်(စ်)) အာဏာသိမ်းစဉ်ကတည်းက နိုင်ငံတော် အရေးပေါ်အခြေအနေတွင် နေထိုင်နေခဲ့သည်မှာ ဖြေလျော့သင့်ပြီဖြစ်သည်။
  • ပယ်လစတီးနီးယန်းတို့ ကြီးစိုးရာဒေသ တွင် ပယ်လစတီးနီးယန်းသမ္မတ Mahmoud Abbas (မာမွတ် အာ ဟတ်(စ်)) မှ ဂါဇာ ကမ်းမြောင် နှင့် အနောက်ဘက် ကမ်းခြေ တို့တွင် Hamas (ဟာမတ်(စ်)) တို့မှ ဂါဇာ ကမ်း မြောင် အတွင်း အာဏာယူမှုနောက်တွင် အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့သည်။
  • ဆိုမာလီယာ သည် ၂၀၀၉ ခုနှစ်ကတည်းက အရေးပေါ်အခြေအနေတွင်ရှိနေသည်။
  • အီဂျစ် သည် ၁၉၆၇ ကတည်းက ဆက်တိုက်ဖြစ်လုနီးပါး အရေးပေါ်အခြေအနေတွင် နေထိုင်ခဲ့ရသည်။ ( ၁၉၈၀- ၈၁ အတွင်း ၁၈ လသာ လွတ်ခဲ့သည်) နှစ်နှစ်မှ သုံးနှစ် တိုင်းတွင် လူထုစည်းဝေးပွဲ မှ ယင်းကို အသစ်ပြန်ပြုခဲ့သည်။
  • ဂျပန် သည် မတ်လ ၁၁ က ဂျပန်ကျွန်းစု ဟွန်ရှူး အနီး ရစ်ချာစကေး ၉.၁ ရှိသော အလွန်ကြီးမားသည့် ငလျင်လှုပ်၍ ဆူနာမီဖြစ်ပေါ်ခဲ့ခြင်းကြောင့် အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့သည်။

ပြီးခဲ့သော နိုင်ငံတော်အရေးပေါ်အခြေအနေများ[ပြင်​ဆင်​ရန်​]

  • ၂၀၀၉ စက်တင်ဘာ ၂၆ - ဖိလစ်ပိုင်နိုင်ငံ မှ မြို့တော် မနီလာ နှင့် အနီးအနား နယ်ပယ် ၂၅ ခုတွင် အပူပိုင်း မုန်တိုင်း Ketsana (ကတ်ဆာနာ) (ဒေသအခေါ်- Ondoy(အွန်ဒွိုင်း)) ကြောင့် ရေလွှမ်းမှုကြီးဖြစ်၍ ကပ်ဘေးဒုက္ခ အရေးပေါ်အခြေအနေ ၊ နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
  • ၂၀၀၉ ဧပြီ ၁၁ - ထိုင်း နိုင်ငံ ဝန်ကြီးချုပ် အဘီဆစ် ဗီ(ချ်)ဂျာဂျီးဗ မှ အာဆီယံ အစည်းအဝေးကျင်းပမည့် နေရာအဖြစ် သတ်မှတ်ထားသည့် ပတ္တရား ပင်လယ်ဘေး အပန်းဖြေမြို့တော်တွင်း ဟိုတယ်ဇုန် အစည်းအဝေး ကျင်းပရာနေရာသို့ အစိုးရဆန့်ကျင်သော ဆန္ဒပြသူများ ကျူးကျော်ဝင်လာခြင်းကြောင့်၊ အစည်းအဝေး အစီအစဉ် အား ချက်ချင်းဖျက်သိမ်း၍ ပတ္တရား နှင့် Chonburi (ချွန်ဘူရီ) ဒေသများတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ အဖြစ် ကြေငြာခဲ့သည်။[45] အခြားတစ်ခုအနေဖြင့် ၂၀၀၉ ခုနှစ် ဧပြီ ၁၂ တွင် အစိုးရ နှင့် အစိုးရဆန့်ကျင်သူတို့ အကြား ပိုမိုမြင့်မားလာသည့် တင်းမာမှုများကြောင့် ဘန်ကောက် နှင့် ပတ်ဝန်းကျင်ဒေသများတွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ နောင်တွင် ဖယ်ရှားပေးခဲ့သည်။
  • ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် - လူထုမငြိမ်သက်မှုကြောင့် ဘန်ကောက် တွင် ဝန်ကြီးချုပ် ဆမတ်(ခ်) ဆူဒါရာဗေ့(ချ်) မှ နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေငြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၄ တွင်ဖယ်ရှားပေးခဲ့သည်။
  • ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၃ မှ ၂၀၀၇ ဒီဇင်ဘာ ၁၅ ထိ ပါကစ္စတန် သည် နိုင်ငံတော်အရေးပေါ်အခြေအနေ သို့ ရောက်ခဲ့သည်။ သမ္မတ Pervez Musharraf (ပါဗက်(ဇ်) မူဆာရက်(ဖ်)) မှ "ပါကစ္စတန်တို့အား မိမိကိုယ်ကိုသတ် သေမှုတို့အား ရပ်တန့်ရန်" အရေးပေါ်အဖြစ် ကြေငြာခဲ့သည်။ အရေးပေါ်အခြေအနေအား စစ်တပ် မှ သူနုတ်ထွက် သောအခါတွင် ဖယ်ရှားပေးခဲ့ပြီး ကျမ်းသစ္စာကျိန်ဆို၍ ပါကစ္စတန် ပြည်သူ့သမ္မတ အဖြစ် ခံယူခဲ့သည်။
  • ၁၉၉၂ မှ ၂၀၁၁ - အယ်ဂျီးရီးယား သည် ၁၉၉၂ အာဏာသိမ်းမှု အစတွင် ပြဌာန်းခဲ့သော အရေးပေါ် အခြေ အနေတွင် ၁၉ နှစ်တာ ရပ်တည်ခဲ့သည်။ ထိုအရေးပေါ်အခြေအနေသည် စစ်တပ်၏ အာဏာအတွက် နိုင်ငံသား တို့၏ အခွင့်အရေးကို ဆိုင်းငံ့ထားပြီး ၂၀၁၁ ဂျက်စမင်း တော်လှန်ရေးတွင် အစိုးရမှ ဆန္ဒပြသူတို့ကို လိုက်လျော၍ ပယ်ဖျက်ပေးခဲ့သည်။
  • ၁၉၉၁ ဩဂုတ် - ဆိုဗီယက် သမ္မတနိုင်ငံ တွင် Mikhail Gorbachev (မီခေး(လ်) ဂိုဘာချော့(ဗ်)) ၏ ရန်သူများ မှ သူတို့အဆိုအရ Gorbachev (ဂိုဘာချော့(ဗ်) မှာ ကွန်မြူနစ်ဝါဒ နှင့် နိုင်ငံတော် နှစ်ခုလုံးကို ဖျက်ဆီး နေသည် ဟူ၍ နိုင်ငံတော် အရေးပေါ်အခြေအနေကို ကြေငြာခဲ့သည်။ အာဏာသိမ်းသူတို့၏ ခေါင်းဆောင်မှာ Gennady Yanayev (ဂန်နာဒီ ရာနာရေ့(ဗ်)) ဖြစ်သည်။
  • ၁၉၅၀ မှ ၁၉၇၈ - အမေရိကန်ပြည်ထောင်စုတွင် စစ်အေးတိုက်ပွဲ ကြောင့်၊ အထူးသဖြင့် ကွန်မြူနစ်နယ်ချဲ့ ဝါဒ၏ ကမ္ဘာလုံးတွင် အောင်ပွဲယူ ခြိမ်းခြောက်မှုကြောင့်
  • ၁၉၃၉ မှ ၁၉၅၂ - အမေရိကန်ပြည်ထောင်စုတွင် ဒုတိယကမ္ဘာစစ် ကြောင့်
  • ၁၉၄၁ မှ ၁၉၄၂ - မော်စကိုတွင် ဂျာမန်များ မြို့တော်တွင်း ၁၉ မိုင် (၃၁ ကီလိုမီတာ) အတွင်းချီတက်ခြင်း ကြောင့်