နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး (ရန်ကုန်)

ဝီကီပီးဒီးယား မှ
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာဗညားဒလလမ်း၊ တာမွေမြို့နယ်, ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး, မြန်မာနိုင်ငံ
ကိုဩဒိနိတ်16°48′0″N 96°10′0″E / 16.80000°N 96.16667°E / 16.80000; 96.16667ကိုဩဒိနိတ်: 16°48′0″N 96°10′0″E / 16.80000°N 96.16667°E / 16.80000; 96.16667
အဖွဲ့အစည်း
ဆေးရုံအမျိုးအစားသင်ကြားရေး
နှီးနွယ် တက္ကသိုလ်ဆေးတက္ကသိုလ် (၁) ရန်ကုန်[၁]
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနရှိ
သမိုင်းကြောင်း
တည်ထောင်ခဲ့မတ် ၂၆၊ ၂၀၀၀

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး (အင်္ဂလိပ်: Otorhinolaryngology - Head & Neck Surgery Specialist Hospital; ယခင် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး) သည် ရန်ကုန်မြို့မြန်မာနိုင်ငံ တွင် တည်ရှိသည်။ အများပြည်သူနှင့်ဆိုင်သည့် အထူကုးဆေးရုံ တစ်ခု ဖြစ်သည်။ ဗညားဒလလမ်းနှင့် ဗျိုင်းရေအိုးစင်လမ်းထောင့်၊ တာမွေမြို့နယ်တွင် တည်ရှိပြီး ကုတင် (၁၅၀)ဆေးရုံဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံး နား၊ နှာခေါင်းနှင့်လည်ချောင်း ဆေးရုံကြီးကို ၁၉၆၅ မှ ၁၉၉၀ အထိ အမှတ် (၆၇)၊ အလံပြဘုရားလမ်းတွင် (မျက်စိနှင့်တွဲလျက်) စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယ အကြိမ် နတ်မောက်လမ်း ကန်တော်ကြီး ဆေးရုံကြီးသို့ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိပြောင်းရွှေ့ခဲ့သည်။ ယခုအခါ ဗညားဒလလမ်း၊ တာမွေမြို့နယ်တွင် ၂၀၀၀ ခုနှစ်မှ ယနေ့အထိ ဖွင့်လှစ်ထားရှိသည်။

ပြင်ပလူနာဌာန[ပြင်ဆင်ရန်]

ပြင်ပလူနာ ဌာနကို နိုင်ငံတော်အစိုးရရုံးပိတ်ရက်များမှ အပ တနင်္လာနေ့မှ သောကြာနေ့အထိဖွင့်လှစ်ထားပြီး ယူနစ် (၅)ခုမှ တစ်ရက်စီတာဝန်ယူကုသပေးသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လာရောက်ကုသသူ လူနာ (၅၈၇၃၈) ဦးရှိပြီး နေ့စဉ်ပျှမ်းမျှလူနာ (၂၃၉) ဦးခန့်ကုသမှု ခံယူခဲ့သည်။

အရေးပေါ်လူနာဌာန[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၈၅၅၇)ယောက် ကုသမှုခံယူခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.um1ygn.edu.mm/teaching_hospital.asp
  2. နှစ် (၅၀) ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဘာသာရပ် သမိုင်း (၁၉၆၅ မှ ၂၀၁၄)