နာဂသမာလ

ဝီကီပီးဒီးယား မှ
ရဟန်း

အရှင်နာဂသမာလထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရား ၏ စေတီတော်တွင် အရှင်နာဂသမာလထေရ် သည် လမ်းမကြီး၌ စွန့်ပစ်ထားသည့် သခွတ်ပန်းကို ယူကာ တင်လှူပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းတို့ကို လှူဒါန်းခဲ့ရသည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် တစ်ဆယ့်ငါးကမ္ဘာထက်တွင် “ဘူမိယ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်နာဂသမာလထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်