နဟ်ဂျွလ်ဗလာဂဟ်

ဝီကီပီးဒီးယား မှ

နဟ်ဂျွလ်ဗလာဂဟ်ကျမ်း (အင်္ဂလိပ်: Nahj al-Balagha; အာရပ်: نهج البلاغةNahj-ul Balāgha(h), အာရပ် အသံထွက်: [ˈnahdʒul baˈlaːɣa]; "The Peak of Eloquence") သည် ဟဇရသ်အေမာမ်အလီ(အ.စ)၏ ဟောကြားချက်များ၊ ပေးစာများနှင့် ‎ဩဝါဒတော်များကို ဟစ်ဂျရီခုနှစ် ရာစု(၄)တွင် ကြော်ကြားခဲ့သော သုခမိန်သာသနာ့ပညာရှင်ကြီး ဆရဒ်ရဇီမှ ‎စုစည်းပြုစုခဲ့သော ကျမ်းကြီးဖြစ်သည်။ ဤစာအုပ်၏ ထူးခြားချက်များကြောင့် ဘာသာစကားမျိုးစုံဖြင့် ‎ဘာသာပြန်ဆိုခဲ့ကြသည်။.[၁]

စာအုပ်ဖွဲ့စည်းထားပုံ[ပြင်ဆင်ရန်]

ဤစာအုပ်ကို အခန်းကဏ္ဍ(၃)ပိုင်းခွဲ၍ ပြုစုထားလေသည်။

  • ပထမအခန်းကဏ္ဍတွင် ဟောကြားချက်များနှင့် မိန့်ရပ်များ
  • ဒုတိယအခန်းကဏ္ဍတွင် ပေးစာများ
  • တတိယအခန်းကဏ္ဍတွင် ဩဝါဒတော်များ ဟူ၍ဖြစ်သည်။

တစ်ခြားဘာသာစကားများသို့ပြန်ဆိုထားခြင်း[ပြင်ဆင်ရန်]

ပါရှန်းဘာသာစကား[ပြင်ဆင်ရန်]

ပါရှန်းဘာသာစကားသို့ ဘာသာပြန်ပေါင်းမြောက်မြားစွာကို ပြန်ဆိုထားကြသည်။ ‎တချို့ကိုဖော်ပြရမည်ဆိုလျှင် ဆရဒ်ဂျာအ်ဖရ်ရှဟီဒီ၊ အလီနကီဖိုင်ဇွလ်အစ္စလာမ်၊ ဂျဝါးဒ်ဖာဇီလ်၊ ‎မိုဟမ္မဒ်သကီ ဂျာအ်ဖရီ၊ ဆရဒ်မိုဟမ္မဒ်မဲဟ်ဒီဂျာအ်ဖရီ၊ ဟိုစိုင်န်အလီမွန်သဇေရီ၊ ဟိုစိုင်န်အန်ဆွာရီယာန်၊ ‎မိုဟမ္မဒ်ဒက်ရှ်သီ၊ မွတ်ဆွသွဖာဇမာနီ၊ အလီအက်္စဂရ်ဖကီဟီး တို့ဖြစ်ကြသည်။ ဟောကြားချက်များနှင့် ‎မိန့်ရပ်တို့ကိုလည်း ကဗျာအဖြစ် အလီသဝကိုလီဂေနာဘာဒီမှလည်း ဘာသာပြန်ဆိုထားလေသည်။

ရုရှားဘာသာစကား[ပြင်ဆင်ရန်]

Abdulkarim Taras Cherniyenko မှလည်း ရုရှားဘာသာစကားသို့ ပြန်ဆိုထားလေသည်။[၂]

ဂျော်ဂျီယန်ဘာသာစကား[ပြင်ဆင်ရန်]

ဂျော်ဂျီယန်ဘာသာစကားတွင်လည်း ပထမဆုံးအကြိမ်အဖြစ် အေမာမ်ကိုလီပါသိုဝါနီမှလည်း ‎ဘာသာပြန်ဆိုထားလေသည်။ သူသည် စာရေးဆရာတစ်ဦးလည်းဖြစ်ရာ ကျမ်းတော်မြတ်ကုရ်အာန်ကိုလည်း ‎ဘာသာပြန်ခဲ့လေသည်။ .[၃]

ဋီကာကျမ်းများ[ပြင်ဆင်ရန်]

အလာမာအမီနီသည် မိမိရေးသားပြုစုခဲ့သည့် အလ်ဂဒီးရ်ကျမ်း အတွဲ(၄)တွင် နဟ်ဂျွလ်ဗလာဂဟ်ကျမ်းကို ‎ဋီကာဖွင့်ဆိုထားသော ကျမ်းပေါင်း (၈၁)ကျမ်းရှိသည်ဟု ဆိုထားလေသည်။.[၄] ထိုအထဲမှ ‎အကြော်ကြားဆုံးဋီကာကျမ်းမှာ အိဗ်နေအဗီလ်ဟဒီးဒ်မိုအ်သဇေလီဘဂ်ဒါဒီ ပြုစုခဲ့သည့်ကျမ်းဖြစ်ပင်ဖြစ်သည်။ ‎အိဗ်နေမိုင်စမ်ဘဟ်ရာနီသည်လည်း ဋီကာဖွင့်ဆိုထားခဲ့လေသည်။ မျက်မောက်ခေတ်ကာတွင်လည်း ‎အာယာသွလ္လာခူအီမှလည်း ဋီကာဖွင့်ဆိုထားလေသည်။ ရှုက်ခ်မိုဟမ္မဒ်သကီဂျာအ်ဖရီ ‎သည်လည်းဘာသာပြန်ဆို၍ အကျမ်းတဝင့်ဋီကာဖွင့်ဆိုထားသည်။ ရှုက်ခ်မိုဟမ္မဒ်သကီရွှရှ်သရီသည်လည်း ‎ဋီကာဖွင့်ဆိုထားလေသည်။

ကျမ်းကိုးကားများနှင့် အထောက်အထားစာတမ်းများ[ပြင်ဆင်ရန်]

ဩဝါဒတော်များအား ပထမဆုံး စုစည်းထည့်သွင်း ဖော်ပြပေးခဲ့သူမှာ ‎အဘူအွစ်မာန်အမ်ရ်အိဗ်နေဘဟ်ရ်ဂျာဟီဇ်ဆွာဟိဗ် (ကွယ်လွန် ၂၅၅ ဟစ်ဂျရီ) ဖြစ်သည်။ ၎င်းသည် ‎အေမာမ်အလီ(အ.စ)၏ ဩဝါဒတော်အတို (၁၀၀)ကို စုစည်းပေးခဲ့လေသည်။ နဟ်ဂျွလ်ဗလာဂဟ်ကျမ်းရှိ ‎ဩဝါဒတော်များအား ပထမပိုင်းတွင် ‎مطلوب کل طالب من کلام امیرالمؤمنین علی بن ابی طالب‎ ‎လိုလားသူတိုင်းအတွက် သင့်လျှော်သော အမီးရိရ်မိုအ်မေနီးန်၏ ဩဝါဒတော်များဟု ခေါ်ဝေါ်ခဲ့လေသည်။

သမိုင်းကျမ်းပြုစုသူများနှင့် ဟဒီးစ်ပြုစုသူများသည် အေမာမ်အလီ(အ.စ)၏ ဟောကြားချက်များ၊ ‎မိန့်ရပ်များ၊ ဩဝါဒတော်များကို ဆင့်ပြန်ထားခဲ့ကြသည်။ ကိုဇာအီဟု ကြော်ကြားသော ‎ကာဇီမိုဟမ္မဒ်ဗင်န်စလာမာ(ဟစ်ဂျရီခုနှစ် (၄၀၅) တွင်ကွယ်လွန်) သည် အေမာမ်အလီ(အ.စ)၏ ‎မိန့်ဆိုရပ်များကို ဒက်စ်သူရ်မအာလိမ်မွလ်ဟေကမ် ဝါ မာအ်စူရ် မကာရိမွလ်ရှေယမ် ဟူ၍ သီးခြားစာအုပ်အဖြစ် ‎ရေးသားပြုစုခဲ့သည်။[၅] အဆိုပါစာအုပ်ကို ပါရှန်းဘာသာစကားဖြင့်လည်း ကာနူးန် အမည်ဖြင့် ‎ပြန်ဆိုထားကြသည်။ .[၆] အေမာမ်အလီ(အ.စ)၏ ဟောကြားချက်များနှင့် ပေးစာများကိုလည်း ‎နဟ်ဂျွလ်ဗလာဂဟ်ကျမ်း မပြုစုခင်အရင် အဗူအိစ်ဟာက္က်သကဖီကူဖီ ရေးသားပြုစုခဲ့သည့် အလ်ဂါရာသ် ‎ဆိုသည့်ကျမ်းတွင် စုစည်းတင်ပြခဲ့လေသည်။ ၎င်းပညာရှင်သည် ဟစ်ဂျရီခုနှစ် ရာစု(၃)ရှိ ‎ပညာရှင်များထဲမှဖြစ်ပြီး ဟစ်ဂျရီခုနှစ် (၂၈၃)တွင် ကွယ်လွန်လေသည်။.[၇] ထိုနည်းတူစွာပင် ‎တစ်ဆူတည်းသောအရှင်နှင့်ပတ်သက်၍ ဟောကြားချက်များကိုလည်း နဟ်ဂျွလ်ဗလာဂဟ်ကျမ်းမပြုစုခင် ‎နှစ်တစ်ရာအရင်တွင် ရှိုက်ခ်ကိုလိုင်နီ ပြစုခဲ့သည့် အလ်ကာဖီကျမ်းနှင့် ရှုက်ခ်ဆွဒူးက် ပြုစုခဲ့သည့် ‎ကေသာဘွသ်သောင်ဟီးဒ် ကျမ်းတို့တွင် ထည့်သွင်းဖော်ပြထားခဲ့သည်။ ‎

 နဟ်ဂျွလ်ဗလာဂဟ်ကျမ်းပြုစုခဲ့သူ ဆရဒ်ရဇီ မတိုင်မီနှစ်တစ်ရာအရင်မှ နာမည်ကြော် သမိုင်းသုတေသီ ‎အလီအိဗ်နေဟိုစိုင်န်မက်စ်အူဒီသည် မိုရူဂျွဇ်ဇဟဘ်ကျမ်း ဒုတိယတွဲတွင် (( ဟဇရသ်အလီ(အ.စ)၏ ‎ဟောကြားချက်များအား လူထုမှ သိမ်းဆည်းမှတ်သားထားကြသည်မှာ (၄၈၀)ခန့်ဖြစ်သည်။ ‎ဟဇရသ်အလီ(အ.စ)သည် ထိုဟောကြားချက်များအား ကြိုတင်ပြင်ဆင်ရေးသားထားမှု မပြုဘဲ လက်တမ်း ‎ဟောကြားခဲ့ချက်များဖြစ်သည်။ လူထုသည်လည်း ထိုဟောကြားချက်စကားလုံးများအတိုင်း ‎ရေးသားမှတ်သားခဲ့ကြခြင်းဖြစ်သည်။ )) ဟုဆိုထားလေသည်။ ထိုပညာရှင်ကြီး၏ သက်သေပြုချက်အရ ‎ဟဇရသ်အလီ(အ.စ)၏ ဟောကြားချက်များသည် အလွန်များပြားလှသည်။ သို့သော် ဆရဒ်ရဇီသည် ‎ထိုအထဲမှ အထောက်အထားခိုင်လုံ၍ စီကာပတ်ကုံး ပို၍ ဆီလျော်မှုအရှိဆုံး ဟောကြားချက် (၂၃၉)ခုကိုသာ ‎တင်ပြခဲ့သည်။

နဟ်ဂျွလ်ဗလာဂဟ်ကျမ်းပါ တင်ပြထားချက်များကို အထောက်အထားများ နှင့် ‎ကိုးကားချက်များကို တင်ပြထားသော စာအုပ်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုအထဲမှ ‎အရေးပါဆုံး စာအုပ်(၃)အုပ်မှာ မိုဟမ္မဒ်ဒက်ရှ်သီနှင့် သုတေသီများ ရေးသားခဲ့သည့် ရေဝါသ် ဝါ ‎မိုဟက်ဒ်ဒေစီးနေနဟ်ဂျွလ်ဗလာဂဟ် ၊ အိမ်သေယာဇ်အလီခန်း ရေးသားပြုစုထားသည့် ‎အက်စ်နာဒေနဟ်ဂျွလ်ဗလာဂဟ် ။ ၎င်းစာအုပ်ကို အာယာသွလ္လာဇာဒေရှီရာဇီမှ ဘာသာပြန်ဆိုထားသည်။ ‎ဆရဒ်အဗ်ဒွဇ်ဇဟ်ရာဟိုစိုင်နီ ရေးသားပြုစုထားသည့် မဆွာဒိရွလ်နဟ်ဂျွလ်ဗလာဂဟ် တို့ဖြစ်သည်။ ‎

နဟ်ဂျွလ်ဗလာဂဟ်ကျမ်းအား ချီးမွမ်းထားမှုများ[ပြင်ဆင်ရန်]

အာရဗ် အလင်္ကာပညာ အကြော်အမော်များဖြစ်ကြသည့် ရာစုနှစ်(၂)မှ အဗ်ဒွလ်ဟမီးဒ်ကာသိဘ်၊ ‎ရာစုနှစ်(၃)မှ ဂျာဟိဇ်၊ ရာစုနှစ်(၄)မှ ကေဒါမဟ်ဗင်န်ဂျအ်ဖရ်၊ ရာစုနှစ်(၆)မှ အိဗ်နေအဗိလ်ဟဒီးဒ်၊ ‎ရာစုနှစ်(၈)မှ ခလီးလ်အိဗ်နေအဟ်မဒ်ဖရာဟီဒီ တို့သည် နဟ်ဂျွလ်ဗလာဂဟ်ကျမ်း၏ စီကာပတ်ကုံး ‎ရေးသားထားမှုများအပေါ် ချီးမွမ်းထားလေသည်။ အိဗ်နေခလ်ဒူးန်၏ အဆိုအရ ဂျာဟိဇ်သည် ‎အာရဗီအလင်္ကာတို့၏ အလင်္ကာဗိသုကာဖခင်ကြီးလေးဦးမှ တစ်ဦးဖြစ်သည်။[၈]—  ဂျဟိဇ်သည် ‎နဟ်ဂျွလ်ဗလာဂဟ်ကျမ်းမှ ဟဇရသ်အလီ(အ.စ)၏ မိန့်ရပ်တစ်ခုအား ဆင့်ပြန်၍ ဤသို့ဆိုထားလေသည်။ (( ‎အကယ်၍သာ ဤအပိုဒ်တစ်ခုသာ ကျွန်တော်တို့ လက်ဝယ်ရရှိခဲ့မည်ဆိုလျှင်လည်း ‎အရဗီကဗျာအလင်္ကာတို့ကို စီကာပတ်ကုံးပြောဆိုနိုင်ကြောင်းကို သိနိုင်ပေသည်။ တစ်ခြားသော ‎ဟောကြားချက်များပင် မလိုအပ်ပေ)).[၉]»

ကိုင်ရို တက္ကသိုလ်တစ်ခုမှ ကျောင်းအုပ်ပါမောက္ခကြီးတစ်ဦးဖြစ်သူ အလီအလ်ဂျွန်ဒီသည် ‎မိမိစာအုပ်ဖြစ်သည့် အလီအိဗ်နေအဗီသွာလိဗ် ရှေအ်ရိုဟူ ဝါ ဟွက်္ကကိုဟူ တွင် နဟ်ဂျွလ်ဗလာဂဟ်ကျမ်းကို ‎ဤသို့ဆိုထားလေသည်။

ဂျိုရ်ဂျ်ဂျရ်ဒါးက်မစီးဟီး သည် နဟ်ဂျွလ်ဗလာဂဟ်နှင့်ပတ်သက်၍ စာအုပ်များစွာရေးသားခဲ့သည်။ ‎အဆိုပြုထားသည်မှာ ((ဟဇရသ်အလီ(အ.စ)မှလွဲ၍ အခြားရေးသားပြုစုနိုင်သူဟူ၍ မရှိနိုင်ပေ။ ထိုကြောင့် ‎ကျွန်တော် သူ့အကြောင်းမှလွဲ၍ ကျန်တစ်ခြားလူအကြောင်းကိုလည်း ရေးသားခြင်းမပြုပါ။))‎

အီဂျစ်နိုင်ငံ မွတ်ဖ်သီချုပ်ဖြစ်ခဲ့သူ ရှိုက်ခ်မိုဟမ္မဒ်အဗ်ဒိုဟ်သည် နဟ်ဂျွလ်ဗလာဂဟ်ကျမ်း နှင့်ပတ်သက်၍ ‎အကျယ်တဝင့်ဖွင့်ဆိုထားပြီး လူငယ်တို့အကြား ပြန်လည် သင်ကြားပို့ချပေးခဲ့သူလည်းဖြစ်သည်။ ထိုကျမ်းနှင့် ‎ပတ်သက်၍ ဆိုထားသည်မှာ ((အာရပ်တို့အကြား ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၏ ‎ဟဒီးစ်တော်များပြီးနောက် ဟဇရသ်အလီ(အ.စ) မိန့်ရပ်ဩဝါဒတော်များသည် အမြင့်မြတ်ဆုံး၊ ‎အဓိပ္ပာယ်အရှိဆုံး၊ အထိရောက်ဆုံး၊ အပြီးပြည့်စုံဆုံး ဖြစ်သည်။[၁၀][၁၁]

ဟိုစိုင်န်လန်ကရာနီ ပြောဆိုထားသည်မှာ ((ရေဇာခန်း အုပ်ချုပ်သည့်ကာလတွင် ‎မိရ်ဇာယာဟ်ယာဒိုလသ်အာဘာဒီထံသို့ သွားရောက်ခဲ့သည်။ ထိုအခိုက် နဟ်ဂျွလ်ဗလာဂဟ်ကျမ်းကို ‎ဖွင့်ထား၍ ထိုကျမ်းရှေ့တွင် ဒူးကွေးထိုင်နေလေသည်။ ကျွန်တော်ရောက်သည်နှင့် ‎လှည့်ကြည့်လိုက်သည့်အခါ မျက်နာတွင် မျက်ရည်များဖြင့်စိုရွဲနေပြီး မျက်လုံးမှာလည်း နီရဲနေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. [၁] Archived 10 February 2020 at the Wayback Machine. اسلام پدیا - معرفی نهج البلاغه
  2. عبدالکریم تاراس چرنینکو Archived 1 January 2018 at the Wayback Machine. پایگاه تخصصی نهج البلاغه
  3. پارس تودی، ترجمه نهج البلاغه به زبان گرجی در ایران
  4. الغدیر
  5. استناد نهج‌البلاغه
  6. قانون
  7. الغارات
  8. Muqaddimah
  9. جاحظ در کتاب البیان والتبیین ج۱ ص ۴۷
  10. مرتضی مطهری، سیری در نهج البلاغه قابل دسترسی در اینجا Archived 12 June 2010 at the Wayback Machine.
  11. مرتضی مطهری، حکمتها و اندرزها قابل دسترسی در اینجا