နည်းလမ်းဆိုင်ရာကျမ်းစာ

ဝီကီပီးဒီးယား မှ
Discourse on the Method
စာရေးသူရနေး ဒေးကာ့
မူလခေါင်းစဉ်Discours de la Méthode Pour bien conduire sa raison, et chercher la vérité dans les sciences
ဘာသာစကားပြင်သစ်
အကြောင်းအရာဒဿန နှင့် ကိုယ်ရေးအတ္ထုပ္ပတ္တိ
ထုတ်ဝေသည့်ရက်
၁၆၃၇
မူရင်းစာသား
Discours de la Méthode Pour bien conduire sa raison, et chercher la vérité dans les sciences ⇒ ပြင်သစ် ဝီကီရင်းမြစ်
ဘာသာပြန်ဝီကီရင်းမြစ် ပေါ်ရှိ Discourse on the Method

ဆင်ခြင်တုံတရားကို မှန်ကန်စွာ စီမံခန့်ခွဲခြင်းနှင့် သိပ္ပံဘာသာရပ်များတွင် အမှန်တရားရှာဖွေခြင်းဆိုင်ရာ နည်းလမ်းအပေါ် အကျယ်တဝင့်ဆွေးနွေးဖော်ပြချက် (ပြင်သစ်: Discours de la Méthode Pour bien conduire sa raison, et chercher la vérité dans les sciences; အင်္ဂလိပ်: Discourse on the Method of Rightly Conducting One's Reason and of Seeking Truth in the Sciences) သည် ဒဿနဆိုင်ရာနှင့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ကျမ်းစာတစ်စောင်ဖြစ်၍ ရနေး ဒေးကာ့က ၁၆၃၇ တွင် ထုတ်ဝေခဲ့သည်။ ထိုကျမ်းမှ ကိုးကားချက်စာစုတစ်ခုဖြစ်သော "Je pense, donc je suis" (ငါ တွေးသည်၊ ထို့ကြောင့် ငါ ရှိသည်။ (သို့) ငါ စဉ်းစား/တွေးနေသည်၊ ထို့ကြောင့် ငါ တည်ရှိသည်။) ဆိုသည့် စကားဖြင့် လူသိအများဆုံးဖြစ်သည်။[၁] ထိုစကားစုသည် ဤကျမ်း၏ အတွဲ (၄) တွင်ပါရှိသည်။ စကားအသုံးအနှုန်း အတိအကျမဟုတ်သော်လည်း ဤတူညီသော ထိုစာစုမျိုးကို ၁၆၄၁ တွင် ထွက်ရှိသည့် ပထမ ဒဿနတရားအပေါ် စဉ်းစားသုံးသပ်ခြင်း (Meditations on First Philosophy) စာအုပ်တွင် ပါဝင်ထားကာ ထိုစာစု၏ လက်တင်မူမှာ Cogito, ergo sum ဖြစ်ပြီး ၁၆၄၄ ၌ ဖြန့်ချိခဲ့သော ဒဿနဆိုင်ရာ မူစနစ်များ (Principles of Philosophy) တွင် ထပ်မံတွေ့ရသည်။

နည်းလမ်းဆိုင်ရာကျမ်းစာ ကျမ်းစာသည် ခေတ်သစ်အတွေးခေါ်ဆိုင်ရာသမိုင်းတွင် ဩဇာအညောင်းဆုံး ကျမ်းများထဲက တစ်ခုဖြစ်သည့်အပြင် သဘာဝသိပ္ပံဘာသာရပ်များ ပေါ်ထွန်းလာရာတွင်လည်း အရေးပါခဲ့လေသည်။[၂] ဤလက်ရာ၌ ဒေးကာ့သည် သံသယဝါဒ (သို့ အချို့သောအသိဉာဏ်သည် မဖြစ်နိုင်ဆိုသည့် အယူအဆ) ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖော်ပြထား၍ ထိုဝါဒကို အခြားသော ဒဿနပညာရှင်များစွာကလည်း ရှေးယခင်ကာလများ၌ လေ့လာခဲ့ကြဖူးသည်။ တစ်ဖက်၌ ၎င်းမတိုင်မီ ရှေးလူများ၊ ၎င်းနှင့်ခေတ်ပြိုင်သူများကို ရည်ညွှန်းဖော်ပြထားစဉ် အခြားတစ်ဖက်တွင် ၎င်းတွေ့ရှိခဲ့သည့် အမှန်တရားသည် ဝိဝါဒမရှိ (အငြင်းပွား၍မရ) ဟု ရှင်းလင်းပြသရန် ထိုသူတို့၏ ချဉ်းကပ်ပုံများကို ပြုပြင်မွမ်းမံထားသည်။ ဆင်ခြင်တုံတရားဆိုင်ရာ ၎င်း၏ အဖွင့်စာသားကို "အရာရာကို သံသယထားရမည်၊ သို့မှသာ ကြိုတင်(ရှိနေပြီးဖြစ်သော) အယူအဆ သဘောပေါက်နားလည်မှုများမှ ကင်းလွတ်၍ လတ်ဆတ်သော ရှုထောင့်အမြင်တစ်ခုမှ လောကကို ချဉ်းကပ်သုံးသပ်နိုင်မည်"ဟု စတင်ထားသည်။

ထိုစာအုပ်ကို နယ်သာလန်နိုင်ငံ လိုက်ဒန် (လိဒန်) မြို့တွင် စဦးဖြန့်ချိခဲ့ကာ နောင်တွင် လက်တင်သို့ ပြန်ဆိုခဲ့ပြီး အမ်စတာဒမ်မြို့၌ ၁၆၅၆ တွင် ထုတ်ဝေခဲ့သည်။ အခြားထင်ရှားသော စာအုပ်များဖြစ်သည့် Meditations on First PhilosophyPrinciples of PhilosophyRules for the Direction of the Mind များ နှင့်အတူ ကာတီးဇီယန် (ဝါဒ) ဟု အသိများသော အသိဉာဏ်ဆိုင်ရာ သီအိုရီဖြစ်သည့် epistemology ၏ အခြေခံတစ်ခုဖြစ်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Garber, Daniel. [1998] 2003. "The Cogito Argument | Descartes, René Archived 15 September 2021 at the Wayback Machine.." In Routledge Encyclopedia of Philosophy, edited by E. Craig. London: Routledge. Retrieved 2017-11-12.
  2. Davis, Philip J., and Reuben Hersh. 1986. Descartes' Dream: The World According to Mathematics. Cambridge, MA: Harcourt Brace Jovanovich.