နဂါးသွဲ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နဂါးသွဲ့ (Apatite) သည် အဖိုးသင့်ကျောက်မျက်အမျိုးအစား တစ်မျိုးဖြစ်သည်။

နဂါးသွဲ့

ဓါတုဖွဲ့စည်းမှု[ပြင်​ဆင်​ရန်​]

ရှုပ်ထွေးသော ကယ်လ်စီယမ် ဒြပ်ပေါင်းပုံစံဖြစ်သည်။ ဖလိုရင်း ပါ၀င်နေသော ကယ်လ်ဆီယမ် ဖော့စ်ဖိတ် ဒြပ်ပေါင်း Ca10(PO4)6(F)2 နှင့် ကလိုရင်း ပါ၀င်နေသော ကယ်လ်ဆီယမ် ဖော့စ်ဖိတ် ဒြပ်ပေါင်း Ca10(PO4)6(Cl)2 တို့၏ ပုံဆောင်စနစ်မှာ ဆဌဂံစနစ် (Haxagonal System) ဖြစ်သည်။ သိပ်သည်းဆ ၃.၂ ရှိပြီး မာဆင့် ၅ ရှိပါသည်။ ဖန်ရောင်လက် ဖြစ်ပြီး အလင်းပေါက် (Transparent) အဖြစ် အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ မရမ်းရောင် စသည်ဖြင့်တွေ့ရှိရပါသည်။

  • ထူးခြားချက်အနေဖြင့် နဂါးသွဲ့တွင် နှစ်ရောင်ပြောင်းခြင်း (Dichrosim) ထင်ရှားပြီး အပြာရောင်နဂါးသွဲ့မှာ အပြာရောင်မှ အဝါရောင် သို့ပြောင်းလဲတတ်သည်။

ထွက်ရှိရာဒေသများ[ပြင်​ဆင်​ရန်​]

မြန်မာ၊ သီရိလင်္ကာ၊ ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စု