ဒေါ်လီ သိုးမလေး

ဝီကီပီးဒီးယား မှ
ဒေါ်လီ၏ ရုပ်ကြွင်းကို စကော့တလန် တော်ဝင်ပြတိုက်တွင် ပြသထားသည်။

ဒေါ်လီ (Dolly)(July 5, 1996 – February 14, 2003) သည် အိမ်မွေးတိရစ္ဆာန် သိုးမလေး တကောင်ဖြစ်သည်။ ဒေါ်လီသည် ဓာတ်ခွဲခန်းအတွင်း အရွယ်ရောက်ပြီးသည့် သိုး၏ သဘာဝအလျောက် မျိုးပွားနိုင်စွမ်းမရှိသော သာမန်ဆဲလ်မှ ပုံတူမျိုးပွားနည်းဖြင့် (cloning) ပွားယူသည့် ပထမဦးဆုံးသော နို့တိုက်သတ္တဝါဖြစ်သည်။ [၁][၂]

ဒေါ်လီအား စကော့တလန် ဇီဝဗေဒပညာရှင် အီရန် ဝီမု (Ian Wilmut) နှင့် ကိသ် ခမ့်ဘဲလ် (Keith Campbell) တို့မှ မျိုးပွားခဲ့ပြီး ၁၉၉၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဒေါ်လီသည် အသက် ၆ နှစ်အထိ ဓာတ်ခွဲခန်းတွင် နေထိုင်ခဲ့သည်။[၃] သိပ္ပံမဂ္ဂဇင်း Scientific American က ဒေါ်လီအား ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး သိုးရယ်လို့ သမုတ်ခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. McLaren A (2000). "Cloning: pathways to a pluripotent future". Science 288 (5472): 1775–80. doi:10.1126/science.288.5472.1775. PMID 10877698. 
  2. Wilmut I, Schnieke AE, McWhir J, Kind AJ, Campbell KH (1997). "Viable offspring derived from fetal and adult mammalian cells". Nature 385 (6619): 810–3. doi:10.1038/385810a0. PMID 9039911. 
  3. "Dolly the sheep clone dies young", BBC News, Friday, 14 February, 2003
  4. Lehrman၊ Sally။ "No More Cloning Around"၊ Scientific American၊ July 2008။ 2008-09-21 တွင် ပြန်စစ်ပြီး