ထူးချွန်ထင်ရှား မြန်မာသတင်းစာဆရာများ (စာအုပ်)

ဝီကီပီးဒီးယား မှ
ထူးချွန်ထင်ရှား မြန်မာသတင်းစာဆရာများ
ထူးချွန်ထင်ရှား မြန်မာသတင်းစာဆရာများ စာအုပ်အဖုံး
စာရေးသူချမ်းငြိမ်း
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာဘာသာ
ထုတ်ဝေသူဇွန်ပွင့် စာအုပ်တိုက်
ထုတ်ဝေသည့်ရက်
၂၀၁၂
မီဒီယာ အမျိုးအစားပုံနှိပ်စာအုပ်

ထူးချွန်ထင်ရှား မြန်မာသတင်းစာဆရာများ စာအုပ်ကို ချမ်းငြိမ်း မှ ရေးသားပြုစုပြီး ဇွန်ပွင့် စာအုပ်တိုက်မှ ၂၀၁၂ တွင် ထုတ်ဝေခဲ့သည်။ ဆဲဗင်းဒေးဂျာနယ် တွင် ၂၀၀၆မှ ၂၀၀၉ ခုနှစ်အတွင် သုံးနှစ်ကျော်ကြာ အလျဉ်းသင့်သလို ဖော်ပြခဲ့သည့် မြန်မာ သတင်းစာဆရာကြီးများ အထ္ထုပ္ပတ္တိ ကို စာအုပ်အဖြစ် စုစည်း ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

စာအုပ်တွင် မြန်မာ့နိုင်ငံရေး နှင့် စာနယ်ဇင်းလောက ကို ပြောင်းလဲစေခဲ့သည့် သူရိယသတင်းစာ ကြီးအား ဦးစီးထုတ်ဝေခဲ့သည့် ဦးဘဘေ(ဘကြီးဘဘေ)၊ပထမ မြန်မာ အမျိုးသမီး သတင်းစာဆရာမ ဒေါ်စန်း၊ ပထမ မြန်မာ ဂျာနယ်ဖန်တီးရှင် ဆရာကြီး ရွှေဥဒေါင်း၊ မြန်မာအလင်း ပထမ သတင်းထောက် ဦးမောင်မောင်ခင်၊ ပထမ မြန်မာ သတင်းထောက် ဦးသိန်းဖေမြင့် စသည့် သတင်းစာ ဆရာကြီးများ၏ ထူးခြားသည့် စွမ်းဆောင်ချက်များ သာမက မြန်မာ သတင်းစာ သမိုင်း တွင် ဩဇာတိက္ကမ ကြီးမားခဲ့သော သတင်းစာဆရာကြီးများ ဖြစ်ကြသည့် ဒီးဒုတ် ဦးဘချိုဦးပုကလေး၊ မန္တလေး သူရိယ ဦးထွန်းရင် နှင့် သူရိယ ဦးသန်းမောင်၊ တိုးတက်ရေးဦးစိန် ( ဦးဗဂျီငို )၊ ယူပီအိုင် ဦးဘသန်း၊ ဗမာ့ခေတ် ဦးအုန်းခင်မြို့မမောင်ဇဝန၊ ဂျာနယ်ကျော် ဦးချစ်မောင် နှင့် ဂျာနယ်ကျော် မမလေး၊ လူထုဦးလှ၊ လူထုဒေါ်အမာဒေါ်ခင်မျိုးချစ် တို့၏ သတင်းစာ၊ ဂျာနယ်လောက ဖြတ်သန်းမှု အတွေ့အကြုံများကို ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။

ထို့အပြင် နိုင်ငံခြား သတင်းဌာနများနှင့် ဆက်သွယ် လုပ်ကိုင်ခဲ့သည့် ဦးအုန်းဖေ(တက်တိုး)၊ ရာဇဝင် ဝတ္ထုများနှင့်သာ လူသိများခဲ့သော သတင်းစာဆရာကြီး ဦးသန်းတင်(ဓူဝံ)၊ သတင်းစာများ၌ စာအုပ်စင်၊ စာအုပ်ဖတ်ညွှန်း ပင်တိုင်ရေးခဲ့သူ ဦးကြီးမောင်(ငွေဥဒေါင်း)၊ ဂျာနယ်လောကတွင် စောင်ရေ အမြင့်မားဆုံး ဖြစ်စေရန် လမ်းညွှန်နိုင်ခဲ့သူ တက္ကသိုလ်ထင်ကြီး တို့၏ ပြောင်မြောက်သောစွမ်းရည်များကို ဖော်ပြထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။

လင်းယုန် သတင်းစာ၊ ဂျာနယ်များကို ဦးစီးထုတ်ဝေခဲ့သည့် ဗန်းမော်တင်အောင်၊ ဖဆပလ အစိုးရ ပြိုကွဲပြီး ပထစ အစိုးရလက်ထက်တွင် နိုင်ငံနှင့်အဝန်း ထိန်းသိမ်း ခံခဲ့ရသော သတင်းစာဆရာ၊ သတင်းထောက်များ၏ ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သူ ရွှေကလောင်ဆုရှင် ဂါးဒီးယန်း ဦးစိန်ဝင်း၊ အသက်အန္တရာယ် အကြီးဆုံး ဖြစ်သော စစ်သတင်းထောက် အလုပ်ကို စွဲမြဲစွာ လုပ်ကိုင်ခဲ့သည့် မြန်မာ့အလင်း ဦးသန်းညွန့် နှင့် အယူအဆနှင့် ပတ်သက်လျှင် ခေါင်းမာတတ်သည့် ဦးတင်စိုး (သာဂဒိုး) တို့၏ အကြောင်းများကို စုံစေ့စွာ ဖတ်ရှုရမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံရေး ဖြစ်စဉ်အတွင်း လူသိနည်းသော ဖြစ်ရပ်မှန်အချို့ကို ယခု စာနယ်ဇင်း ကြေးမုံတွင် မြင်တွေ့ ရမည်ဖြစ်သည်။

ရည်ညွှန်းစာအုပ် ၁၀၀ ခန့် နှင့် သတင်းစာဆရာကြီးများ ဖြစ်ကြသည့် ဂါးဒီးယန်းဦးစိန်ဝင်း၊ မြန်မာ့အလင်း ဦးသန်းညွန့်၊ ဦးတင်စိုး၊ ဦးခင်မောင်လေး၊ လူထုဦးစိန်ဝင်း၊ မောင်ဝံသ တို့နှင့် တွေ့ဆုံမေးမြန်း၍ ယခုစာအုပ်ကို ရေးသားထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. "7Day Book Review"၊ Vol.10 No.44၊ 19 Jan 2012။ ၂၀၁၂-၀၈-၀၄ တွင် ပြန်စစ်ပြီး