ထရိုပိုစဖီးယား အလွှာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စထရာတိုစဖီးယား အလွှာကို ပြထားသော လေထုပုံ။ အလွှာများကို စကေးကိုက် ဆွဲထားသည်။ ကမ္ဘာ့မျက်နှာပြင်မှ စထရာတို စဖီးယား၏ ထိပ် (၅၀ ကီလိုမီတာ) အထိသည် ကမ္ဘာမြေပြင် အချင်းဝက်၏ ၁ ရာခိုင်နှုန်းမျှသာ ရှိသည်။ (အကျယ်ချဲ့ရန် ပုံကိုနှိပ်ပါ)

ထရိုပိုစဖီးယား အလွှာသည် ကမ္ဘာ့လေထု အတွင်းတွင် အနိမ့်ဆုံး အလွှာဖြစ်သည်။ ၄င်းတွင် လေထု၏ ထုထည် ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး လေထုအတွင်း ၉၉ ရာခိုင်နှုန်းသော ရေငွေ့များ နှင့် အမှုန်အမွှားများ ပါဝင်သည်။

ထရိုပိုစဖီးယား အလွှာ၏ ပျမ်းမျှ အမြင့်မှာ လတ္တီကျု အလယ်ပိုင်းရှိသော ဒေသတို့တွင် ၁၁ မိုင် (၁၇ ကီလိုမီတာ) ခန့် ဖြစ်သည်။ ၄င်းသည် မုတ်သုံရပ်ဝန်းတွင် ပို၍မြင့်ပြီး ၁၂မိုင် (၂၀ ကီလိုမီတာ) ခန့်မျှ ရှိကာ ဝင်ရိုးစွန်း ဒေသတွင် နိမ့်ပါးသည်။ ဝင်ရိုးစွန်ဒေသတွင် နွေရာသီတွင် ၄.၃မိုင် (၇ ကီလိုမီတာ) မျှ ရှိပြီး ဆောင်းရာသီတွင် မထင်ရှားပေ။ ထရိုပိုစဖီးယား အလွှာ၏ အနိမ့်ပိုင်း ကမ္ဘာ့ မြေမျက်နှာပြင်နှင့် ထိစပ်နေသော အပိုင်းသည် လေထု၏ ရွေ့လျားမှုနှင့် တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာဂြိုဟ်၏ နယ်ခြား အလွှာဟု ခေါ်သည်။ ထို နယ်ခြား အလွှာသည် မီတာ ရာဂဏန်းမှ ၁.၂ မိုင် (၂ ကီလိုမီတာခန့်) အထိ မြင့်ပြီး မြေကြီး ပုံသဏ္ဍာန် နှင့် နေ့တစ်နေ့ ၏ အချိန်ကာလ အပေါ်တွင် မူတည်၍ ပြောင်းလဲတတ်သည်။ ထရိုပိုစဖီးယား အလွှာ နှင့် စထရာတိုစဖီးယား အလွှာတို့ ကြားရှိ ထရိုပိုပေါ့စ်ဟု ခေါ်သော နေရာသည် အပူချိန် ပြောင်းပြန် ပြောင်းလဲရာ နေရာဖြစ်သည်။

ထရိုပိုစဖီးယား ဆိုသော စကားလုံးသည် ဂရိစကား ထရိုပို (tropos) မှ ဆင်းသက်လာပြီး လှည့်ပတ်ခြင်း သို့ ရောနှောခြင်း ဟု အဓိပ္ပာယ် ရပြီး လေစီးကြောင်းများ ရောနှောခြင်းသည် ထရိုပိုစဖီးယား အလွှာ၏ ပုံသဏ္ဍာန် နှင့် အနေအထား ပေါ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ နေ့စဉ် မိုးလေဝသနှင့် ဆက်စပ်နေသော အကြောင်းချင်းရာတို့သည် ထရိုပိုစဖီးယား အလွှာတွင် ဖြစ်ပေါ်လျှက် ရှိသည်။