ထရန်စဖော်မာ စက်ရုပ်များ (ရုပ်ရှင်)
Wikipedia မှ
| Transformers | |
International film poster |
|
| ဒါရိုက်တာ | Michael Bay |
|---|---|
| ထုတ်လုပ်သူ | Ian Bryce Tom DeSanto Lorenzo di Bonaventura Don Murphy |
| သရုပ်ဆောင် | Shia LaBeouf John Turturro Josh Duhamel Tyrese Gibson Megan Fox Rachael Taylor Anthony Anderson Jon Voight |
| ဂီတမှူး | Steve Jablonsky |
| ဓာတ်ပုံ | Mitchell Amundsen |
| တည်းဖြတ် | Paul Rubell Glen Scantlebury |
| စတူဒီယို | DreamWorks Pictures |
| ထုတ်ဝေသူ | Paramount Pictures |
| ကြာမြင့်ချိန် | ၁၄၄ မိနစ် |
| နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
| ဘာသာစကား | အင်္ဂလိပ် |
| ကုန်ကျငွေ | $150 million[၁] |
| ရောင်းရငွေ | $709,709,780 |
| Followed by | ထရန်စဖော်မာ စက်ရုပ်များ - အရှုံးသမား၏ ကလဲ့စား |
ထရန်စဖော်မာ စက်ရုပ်များ (Transformers) သည် ၂၀၀၇ ခုနှစ်တွင် ရုံတင်သည့် အမေရိကန် စိတ်ကူးယဉ် သိပ္ပံခေတ်လွန် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။ ဂျပန်မှထုတ်လုပ်သည့် ပုံစံပြောင်းနိုင်သော ကစားစရာ ထရန်စဖော်မာ စက်ရုပ်များကို အခြေခံထားသည့် ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ မိုက်ကယ် ဘေး (Michael Bay) က ရိုက်ကူးကာ အမှုဆောင် ထုတ်လုပ်သူမှာ နာမည်ကျော် ဒါရိုက်တာ စတီဗင် စဖီးဘဂ် (Steven Spielberg) ဖြစ်သည်။
ထရန်စဖော်မာ ဇာတ်ကားတွဲများမှာ စီးပွားရေးအရ အောင်မြင်သည့် ဇာတ်ကားများဖြစ်သည်။ ဒုတိယတွဲဖြစ်သည့် ထရန်စဖော်မာ စက်ရုပ်များ - အရှုံးသမား၏ ကလဲ့စား ကို ၂၀၀၉ ခုနှစ်တွင် လည်းကောင်း၊ တတိယနှင့် နောက်ဆုံးတွဲဖြစ်သည့် ထရန်စဖော်မာ စက်ရုပ်များ - မဟူရာလမင်း ကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း အသီးသီး ဖြန့်ချိခဲ့သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ Tourtellotte, Bob. ""Transformers" film yields big bang on fewer bucks", Reuters, Thomson Reuters, July 1, 2007. Retrieved on August 19, 2010. "But the producers of "Transformers," Lorenzo di Bonaventura and Ian Bryce, say they have spent only $150 million on "Transformers," and they reckon they got a bargain."