တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်-မန္တလေး

ဝီကီပီးဒီးယား မှ
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး
BankFarmers Development Bank – Mandalay
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၉ ဖေဖော်ဝါရီ ၂၀၂၀
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးစိုင်းမျိုးဝင်း (ဥက္ကဋ္ဌ)
ဝက်ဘ်ဆိုက်fdbbank.com
ရန်ကုန်မြို့ ရွှေဘုံသာလမ်း(အထက်ဘလောက်)ရှိ FDBဘဏ်ခွဲ အားတွေ့မြင့်ရစဉ်။

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (အင်္ဂလိပ်: Farmers Development Bank – Mandalay; အတိုကောက် FDB Bank)[၁] သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကူးသန်းရောင်းဝယ်ရေးဘဏ် အဖြစ် စတင်လည်ပတ်ခဲ့သည်။ EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP ) ကတည်ထောင်ထားသော ဘဏ်တစ်ခုလည်းဖြစ်သည်။[၂] ဘဏ် ဥက္ကဋ္ဌ ဖြစ်သူမှာ ဦးစိုင်းမျိုးဝင်း ဖြစ်သည်။ [၃] ဘဏ်ရုံးချုပ်ကို အမှတ်(မ-၂၃(၁)/ခ)၊ (၆၆)လမ်း နှင့် (၆၇)လမ်းကြား၊ သိပ္ပံလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်း ဒေသကြီး တွင် ဖွင့်လှစ်ထားသည်။ ရုံးချုပ်ဘဏ်ခွဲကို မန္တလေးမြို့၊ အမှတ်(၇၀)၊ ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်တွင် လည်းကောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၏ ပထမဆုံးသော ဘဏ်ခွဲတစ်ခုကို အမှတ် (၃၈၇) ၊ အခန်း K-1 ၊ ရွှေဘုံသာလမ်း ၊ (အထက်ဘလောက်) ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ထားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. List of Private Banks
  2. FARMERS DEVELOPMENT BANK – MANDALAY (FDB BANK)
  3. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ