တိုယိုတာ လင်ခရူဇာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိုယိုတာ လင်ခရူဇာ
တိုယိုတာ လင်ခရူဇာ (FJ62LG)
ထုတ်လုပ်သူ တိုယိုတာ
ထုတ်လုပ်သည့်ခုနှစ် ၁၉၅၁–ယခု
ကလပ်စ် လမ်းကြမ်းမောင်း (၁၉၅၁–ယခု)
SUV ကားကြီး (၁၉၅၄–ယခု)

တိုယိုတာ လင်ခရူဇာ သည် ဂျပန် ကားထုတ်လုပ်သူ တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်းမှ ထုတ်လုပ်သော လေးဘီးစလုံးမောင်းသည့် မော်တော်ကား စီးရီးဖြစ်သည်။ အမေရိကန်တွင် ၁၉၃၄ မှ ၁၉၅၄ အထိ ထုတ်လုပ်ခဲ့သော စတူဒီဘေကာ၏ လင်ခရူဇာ ကား ရှိသေးသော်လည်း ၎င်းမှာ တိုယိုတာ လင်ခရူဇာနှင့် ဆက်စပ်မှု မရှိပေ။ လင်ခရူဇာ စီးရီးသည် တိုယိုတာ၏ သမိုင်းကြောင်းတွင် ကာလအရှည်ကြာဆုံး ထုတ်ဝေခဲ့သည့် ထုတ်ဝေနေဆဲ ဖြစ်သည့် ကားအမျိုးအစား ဖြစ်သည်။

လင်ခရူဇာ၏ ပထမမျိုးဆက်ကားကို ၁၉၅၁ ခုနှစ်တွင် တိုယိုတာမှ ဂျစ်ကားကဲ့သို့ ပုံစံရှိသော ဒီဇိုင်းဖြင့် စတင် တီထွင်ခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်မှုမှာ ၁၉၅၄ တွင် စတင်ခဲ့သည်။ လင်ခရူဇာများကို အမိုးဖွင့်၊ ဟပ်တော့ပ်၊ စတေရှင် ဝက်ဂွန် နှင့် အသုံးပြု ထရပ် ပုံစံများဖြင့် ထုတ်လုပ်ခဲ့သည်။ လင်ခရူဇာ၏ စိတ်ချရမှုနှင့် သက်တမ်းကြာရှည်ခံမှုတို့ကြောင့် လူကြိုက်အလွန်များခဲ့သည်။ အထူးသဖြင့် ဩစတေးလျတွင် လူကြိုက်အများဆုံး ဖြစ်ပြီး ကားကြီး၊ နောက်ပွင့်၊ လေးဘီးစလုံးမောင်း ကားအမျိုးအစားများတွင် အရောင်းရဆုံး ဖြစ်သည်။ တိုယိုတာသည် လင်ခရူဇာအား အပူချိန် နှင့် လမ်းပန်းသဏ္ဍာန် အကြမ်းဆုံးဟု ယူဆရသော နေရာတစ်နေရာဟု ယူဆနိုင်သည့် ဩစတေးလျတွင် အမျိုးမျိုး စမ်းသပ်မောင်းနှင်လေ့ ရှိသည်။ လင်ခရူဇာ၏ ပြိုင်ဘက်များ မှာ ရိန့်ချ်ရိုဗာ၊ လင်းရိုဗာ ဒစ်စကာဗာရီ၊ မစ်ဆူဘီရှီ ပါဂျဲရိုး နှင့် နစ်ဆန်း ပက်ထရိုလ် တို့ ဖြစ်ကြသည်။

နှစ်အလိုက်မှတ်တမ်း[ပြင်​ဆင်​ရန်​]

၁၉၄၁ ခုနှစ်တွင် ဖိလစ်ပိုင်အား ဂျပန် အင်ပီရီယယ်လ် တပ်မတော်မှ သိမ်းပိုက်ခဲ့စဉ် ဝီလီဂျစ် အမျိုးအစား တစ်မျိုးဖြစ်သော ဘန်တမ် အမ်ကေ ၂ (Bantam Mk II) အဟောင်း တစ်စင်းအား တွေ့ရှိခဲ့ပြီး ဂျပန်သို့ ချက်ချင်း ပြန်သယ် သွားခဲ့သည်။ ထို့နောက် ဂျပန် စစ်တပ် အာဏာပိုင်များက တိုယိုတာ အား အလားတူ ကားတစ်စင်းကို ပြုလုပ်ရန် နှင့် အမေရိကန် ဂျစ်၏ ပုံစံနှင့် မတူစေရန် အမိန့်ပေးခဲ့သည်။ ဂျပန်တို့ နမူနာ ပုံစံထုတ်ခဲ့သော ကားကို မော်ဒယ်လ် အေကေ ဟုခေါ်ပြီး ဂျပန်စစ်တပ်မှ အသုံးပြုခဲ့သည်။

၁၉၄၁ နှောင်းပိုင်းတွင် ဂျပန်အစိုးရမှ တိုယိုတာအား ဂျပန်စစ်တပ်၏ စစ်ဆင်ရေးတွင် အသုံးပြုရန် အတွက် လိုက်ထရပ် ထုတ်လုပ်ရန် စေခိုင်းခဲ့သည်။ တိုယိုတာတို့က ၁၉၄၂ တွင် အေကေ ၁၀ ဟုခေါ်သော တန်ဝက် ကားတစ်စင်း၏ နမူနာကို ထုတ်လုပ်ခဲ့သည်။ အေကေ ၁၀ သည် ဘန်တမ် ဂျီပီကား၏ ထုတ်ထားသော ပုံစံကို လေ့လာ၍ ကူးချထားခြင်း ဖြစ်သည်။ အေကေ ၁၀ ၏ ဓာတ်ပုံဟူ၍ မကျန်ရှိခဲ့ပေ။ အကြမ်းဆွဲထားသော ပုံကြမ်းများသာ ကျန်ခဲ့သည်။ ထို ထရပ်ကားတွင် အရှေ့ဘက်တွင် တည့်တည့်ထောင်မတ်နေသော ရှဲလ်၊ ပြန့်ပြူးနေသော ရှေ့ဘီး အဖုံး၊ ရေတိုင်ကီ၏ ဘေးတစ်ဖက်တစ်ချက် ဘီးဖုံးပေါ်တွင် တပ်ထားသော ရှေ့မီးများနှင့် ခေါက်၍ရသော ရှေ့လေကာမှန်တို့ ပါဝင်သည်။

အေကေ ၁၀ တွင် တိုယိုတာ အေအီးမော်ဒယ်လ် စီဒင်တွင် အသုံးပြုသော ၂၂၅၉ စီစီ ဆလင်ဒါ ၄ လုံးတပ် စီတိုက်ပ် အင်ဂျင်နှင့် ဂီယာ ၃ ချက် ပါဝင်သည်။ အေကေ ၁၀ နှင့် စစ်ပြီးခေတ်တွင် ထုတ်လုပ်သော တိုယိုတာ၏ ဘီဂျေ ဂျစ်ကားများမှာ စက်မှုသဘောအရ ဆက်စပ်မှု မရှိပေ။ အေကေ ၁၀ များကို အမေရိကန် ဂျစ်ကားများကဲ့သို့ စစ်ပွဲများတွင် အများအပြား အသုံးမပြုသဖြင့် ဓာတ်ပုံ မကျန်ခဲ့ပေ။

BJ နှင့် FJ[ပြင်​ဆင်​ရန်​]

BJ နှင့် FJ
ထုတ်လုပ်သည့်ခုနှစ် ၁၉၅၁–၁၉၅၅
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန်
ဘော်ဒီစတိုင်လ် တံခါး ၂ပေါက်၊ အမိုးပျော့
ပုံသဏ္ဌန် FR layout
အင်ဂျင် ဓာတ်ဆီ:
3.4 L I6 B ဓာတ်ဆီ
3.9 L I6 F ဓာတ်ဆီ
ဘီးအခြေ ၂၆၅၀ မီလီမီတာ

၁၉၅၄ ခုနှစ်တွင် နည်းပညာဆိုင်ရာ ဒါရိုက်တာ ဟန်ဂျီ အုမဲဟာရ က လင်ခရူဇာ ဟူသော အမည်ကို ပေးခဲ့သည်။ အင်္ဂလန်တွင် ပြိုင်ဘက် လင်ရိုဗာ ကား ရှိသည့်အတွက် ထိုနာမည်ကဲ့သို့ ခန့်ညားသော နာမည်ကို ပေးရန် အတွက် လင်ခရူဇာ ဟုသော အမည်ကို ပေးခြင်းဟု သိရသည်။ အမေရိကန် စတူဒီဘေကာ ကားကုမ္ပဏီမှ ထိုနာမည်ကို ၁၉၃၄ မှ ၁၉၅၄ အတွင်း အသုံးပြုခဲ့သော်လည်း ပြဿနာ တစုံတရာ မရှိခဲ့ပေ။

၂၀ စီးရီး[ပြင်​ဆင်​ရန်​]

၂၀ စီးရီး
FJ25 Land Cruiser
ထုတ်လုပ်သည့်ခုနှစ် 1955–1960
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန်
ဘော်ဒီစတိုင်လ် တံခါး၂ပေါက် အမိုးပျော့
တံခါး ၂ပေါက်၊ ဟပ်တော့ပ်
တံခါး ၂ပေါက်၊ နောက်ပွင့် ထရပ်
တံခါး ၄ပေါက် စတေရှင်ဝက်ဂွန်
ပုံသဏ္ဌန် FR layout
အင်ဂျင် ဓာတ်ဆီ:
3.4 L I6 B ဓာတ်ဆီ
3.9 L I6 F ဓာတ်ဆီ
ဘီးအခြေ ၂၂၈၅ မီလီမီတာ
၂၄၃၀ မီလီမီတာ
၂၆၅၀ မီလီမီတာ

၄၀ စီးရီး[ပြင်​ဆင်​ရန်​]

၄၀ စီးရီး
Toyota Land Cruiser (BJ40LV)
အခြားအမည် Toyota Bandeirante (ဘရာဇီး) - Toyota Macho (ဗင်နီဇွဲလား)
ထုတ်လုပ်သည့်ခုနှစ် 1960–1984
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန်
ကူမားနား၊ ဗင်နီဇွဲလားနိုင်ငံ
ဘော်ဒီစတိုင်လ် တံခါး ၂ပေါက် အမိုးပျော့
တံခါး ၂ ပေါက် ဟတ်ဒ်တော့ပ်
တံခါး ၂ပေါက် ပစ်ကပ် ထရပ်
တံခါး ၄ပေါက် စတေရှင် ဝက်ဂွန်
ပုံသဏ္ဌန် အရှေ့အင်ဂျင်၊ နောက်ယက် / ဖိုးဝှီးလ် ဒရိုက်ဗ်
အင်ဂျင် ဓာတ်ဆီ :
3.9 L F I6[၁]
4.2 L 2F I6[၁]
ဒီဇယ်:
3.0 L B ဒီဇယ် I4[၁]
3.2 L 2B ဒီဇယ် I4
3.4 L 3B ဒီဇယ် I4
3.6 L H ဒီဇယ် I6[၁]
4.0 L 2H ဒီဇယ် I6
ဂီယာ ၃ ချက်၊ ၁၉၇၄ တွင် ၄ချက် ပြောင်းသည်။
ဘီးအခြေ ၂၂၈၅ မီလီမီတာ
၂၄၃၀ မီလီမီတာ
၂၆၅၀ မီလီမီတာ
၂၉၅၀ မီလီမီတာ
အကျယ် ၁၆၆၆.၂ မီလီမီတာ
အမြင့် အမိုးပျော့ ၁၉၅၀.၇ မီလီမီတာ
ဟတ်ဒ်တော့ပ်၂၀၀၀ မီလီမီတာ
အလေးချိန် အမိုးပျော့ ၃၂၆၃ ပေါင်
ဟတ်ဒ်တော့ပ် ၃၄၂၇ ပေါင်
ဆီတိုင်ကီ ၁၈.၅ ဂါလံ

၅၅ စီးရီး[ပြင်​ဆင်​ရန်​]

၅၅
Toyota Land Cruiser (FJ55LG, 1979)
ထုတ်လုပ်သူ တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်း
တပ်ဆင်သည့်နေရာ တိုယိုတာမြို့, ဂျပန်(ARACO)
ဘော်ဒီစတိုင်လ် တံခါး၄ပေါက်၊ စတေရှင် ဝက်ဂွန်
ပုံသဏ္ဌန် အရှေ့အင်ဂျင်၊ ဖိုးဝှီးလ် ဒရိုက်ဗ်
အင်ဂျင် ဓာတ်ဆီ:
3.9 L I6 F[၁] petrol
4.2 L I6 2F[၁] ဓာတ်ဆီ
ဂီယာ ၃ချက် သို့ ၄ ချက် ရိုးရိုး (J30၊ H41 သို့ H42)
ဘီးအခြေ ၂၇၀၀ မီလီမီတာ
အရှည် ၄၆၇၅ မီလီမီတာ
အကျယ် ၁၇၃၅ မီလီမီတာ
အမြင့် ၁၈၆၅ မီလီမီတာ
ဆီတိုင်ကီ ၂၃.၈ ဂါလံ

၆၀ စီးရီး[ပြင်​ဆင်​ရန်​]

60 Series
Toyota Land Cruiser (FJ62LG)
အခြားအမည် Toyota Samurai (Venezuela)
ထုတ်လုပ်သည့်ခုနှစ် 1980–1990
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန် (ARACO)
ကူမားနား၊ ဗင်နီဇွဲလားနိုင်ငံ
ဘော်ဒီစတိုင်လ် တံခါး ၄ ပေါက်၊ စတေရှင်ဝက်ဂွန်
ပုံသဏ္ဌန် အရှေ့အင်ဂျင်၊ လေးဘီးစလုံးမောင်း
အင်ဂျင် ဓာတ်ဆီ :
4.2 L I6 2F ဓာတ်ဆီ
4.0 L I6 3F ဓာတ်ဆီ
ဒီဇယ်:
3.4 L I4 3B ဒီဇယ်
4.0 L I6 2H ဒီဇယ်
တာဘိုဒီဇယ် :
3.4 L I4 13B-T ဒီဇယ်တာဘို
4.0 L I6 12H-T ဒီဇယ်တာဘို
ဂီယာ ၄ချက် ရိုးရိုး H41F သို့ H42F
၄ချက် အော်တို A440F
၅ ချက်ရိုးရိုး H55F (US ပြင်ပ)
ဘီးအခြေ ၂၇၃၀ မီလီမီတာ
အရှည် ၄၆၇၅ မီလီမီတာ
အကျယ် ၁၈၀၀ မီလီမီတာ
အမြင့် ၁၇၅၀ မီလီမီတာ
ပုံပြောင်းပြီး တိုယိုတာ လင်ခရူဇာ (US)  
၁၉၈၁–၁၉၈၇ တိုယိုတာ လင်ခရူဇာ (FJ60 ၊ ဩစတေးလျ)  
၁၉၈၇–၁၉၉၀ တိုယိုတာ လင်ခရူဇာ (FJ62RG) GX (ဩစတေးလျ)  

၇၀ စီးရီး[ပြင်​ဆင်​ရန်​]

၇၀ စီးရီး
HZJ76HV Four-door semi-long van 4.2D LX (Japan)
အခြားအမည် Toyota Machito (ဗင်နီဇွဲလား)
ထုတ်လုပ်သည့်ခုနှစ် ၁၉၈၄–ယခုအထိ
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန် (ARACO)
ကူမားနား၊ ဗင်နီဇွဲလားနိုင်ငံ
ဘော်ဒီစတိုင်လ် တံခါး ၂ပေါက် ပစ်ကပ် ထရပ်
တံခါး ၂ပေါက် အမိုးပျော့ / ဟတ်ဒ်တော့ပ် / ထရုပီ
တံခါး ၄ပေါက် ဗင်န်
ပုံသဏ္ဌန် အရှေ့အင်ဂျင်၊ နောက်ယက် / ဖိုးဝှီးလ်ဒရိုက်ဗ်
အင်ဂျင် ဓာတ်ဆီ :
2.4 L 22R ဓာတ်ဆီ I4
4.0 L 3F ဓာတ်ဆီ I6
4.5 L 1FZ ဓာတ်ဆီ I6
ဒီဇယ်:
2.4 L 2L ဒီဇယ် I4
3.4 L PZ ဒီဇယ် I5
4.0 L 2H ဒီဇယ် I6
4.2 L 1HZ ဒီဇယ် I6
တာဘို ဒီဇယ် :
2.4 L 2L-T တာဘိုဒီဇယ် I4
2.5 L VM HR588 TD I5 (အီတလီ)[၂]
3.0 L 1KZ-T တာဘိုဒီဇယ် I4
3.4 L 13B-T တာဘိုဒီဇယ် I4
4.2 L 1HD တာဘိုဒီဇယ် I6
4.5 L 1VD တာဘိုဒီဇယ် V8
ဂီယာ ၅ချက် ရိုးရိုး
ဘီးအခြေ 2310 မီလီမီတာ
၂၆၀၀ မီလီမီတာ
၂၇၃၀ မီလီမီတာ
၂၉၈၀ မီလီမီတာ
၃၁၈၀ မီလီမီတာ
အရှည် ၄၉၉၅ မီလီမီတာ
အကျယ် ၁၈၇၀ မီလီမီတာ
အမြင့် ၂၀၇၀ မီလီမီတာ
ဆီတိုင်ကီ ၉၀ လီတာ တိုင်ကီ ၁ ခု သို့ ၂ ခု
BJ74 Mid wheelbase FRP-top 3.4D-T LX (ဂျပန်)  
HZJ79R Cab-chassis 4.2D  
နယူးဆောက်ဝေးလ် ကျေးလက်မီးသတ် အဖွဲ့မှ တိုယိုတာ လင်ခရူဇာ  

၈၀ စီးရီး[ပြင်​ဆင်​ရန်​]

၈၀ စီးရီး
1990-1994 Toyota Land Cruiser (US)
အခြားအမည် Lexus LX 450
Toyota Land Cruiser Autana (COLVEN)
ထုတ်လုပ်သည့်ခုနှစ် ၁၉၈၉–၁၉၉၇
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန်နိုင်ငံ(ARACO)
ကူမားနား၊ ဗင်နီဇွဲလားနိုင်ငံ
ဘော်ဒီစတိုင်လ် တံခါး ၄ပေါက် အက်စ်ယူဗွီ
ပုံသဏ္ဌန် အရှေ့အင်ဂျင် / ဖိုးဝှီးလ်ဒရိုက်ဗ်
အင်ဂျင် ဓာတ်ဆီ :
4.0 L I6 3F-E ဓာတ်ဆီ
4.5 L I6 1FZ ဓာတ်ဆီ

ဒီဇယ် :
4.2 L I6 1HZ ဒီဇယ်

တာဘိုဒီဇယ် :
4.2 L I6 1HD ဒီဇယ် တာဘို
ဂီယာ ၄ချက် အော်တို
၅ ချက်ရိုးရိုး
ဘီးအခြေ ၂၈၅၀ မီလီမီတာ
အရှည် ၄၇၈၀ မီလီမီတာ (1990-94)
၄၈၂၀ မီလီမီတာ(1995-97)
အကျယ် ၁၈၃၀ မီလီမီတာ (1990-91)
၁၉၃၀ မီလီမီတာ (1992-97)
အမြင့် ၁၇၈၅ မီလီမီတာ(1990-91)
၁၈၆၀ မီလီမီတာ (1992-94)
၁၈၇၀ မီလီမီတာ (1995-97)
အလေးချိန် ၂၀၈၄ ကီလိုဂရမ် (1990-92)
၂၁၅၉ ကီလိုဂရမ် (1993-97)
ပုံမပြောင်းရသေးမီ တိုယိုတာ လင်ခရူဇာ (FJ80R) GXL၊ ဩစတေးလျ  
ပုံပြောင်းပြီး တိုယိုတာ လင်ခရူဇာ(FJ80R) GXL၊ ဩစတေးလျ  
ပုံပြောင်းပြီး တိုယိုတာ လင်ခရူဇာ၊ အမေရိကန်ပြည်ထောင်စု  
ပုံပြောင်းပြီး တိုယိုတာ လင်ခရူဇာ (HZJ80R) GXL၊ ဩစတေးလျ  
ဘေးသို့ ဆွဲဖွင့်ရသော တံခါးနှင့် တိုယိုတာ လင်ခရူဇာ (HZJ81V)၊ ဂျပန်  

၉၀ စီးရီး[ပြင်​ဆင်​ရန်​]

၉၀ စီးရီး
Toyota Land Cruiser 95 Series
အခြားအမည် Toyota Merú (ဗင်နီဇွဲလားနိုင်ငံ တံခါး ၂ပေါက်)၊
တိုယိုတာ လင်ခရူဇာ ဆူမို(ကိုလံဘီယာနိုင်ငံ တံခါး ၂ပေါက်)၊
တိုယိုတာ လင်ခရူဇာ ကော်လိုရာဒို ယူနိုက်တက်ကင်းဒမ်း[၃]
ထုတ်လုပ်သည့်ခုနှစ် ၁၉၉၆–၂၀၀၂
တပ်ဆင်သည့်နေရာ ဂျပန်နိုင်ငံ၊ ဆိုဖာဆာ ကိုလံဘီယာနိုင်ငံ
အင်ဂျင် ဓာတ်ဆီ:
3.4 L V6 5VZ ဓာတ်ဆီ
2.7 L I4 3RZ ဓာတ်ဆီ
ဒီဇယ် :
3.0 L I4 1KZ တာဘိုဒီဇယ်
3.0 L I4 5L ဒီဇယ်

၁၀၀ စီးရီး[ပြင်​ဆင်​ရန်​]

၁၀၀ စီးရီး
1998-2002 Toyota Land Cruiser UZJ100 (US)
အခြားအမည် Lexus LX 470
တိုယိုတာ လင်ခရူဇာ အမေဇုန် (UK ၁၉၉၈-၂၀၀၃)
ထုတ်လုပ်သည့်ခုနှစ် ၁၉၉၈-၂၀၀၇
တပ်ဆင်သည့်နေရာ တိုယိုတာမြို့၊ ဂျပန် (ARACO)
ဘော်ဒီစတိုင်လ် တံခါး ၄ပေါက် အက်စ်ယူဗွီ
အင်ဂျင် ဓာတ်ဆီ :
4.7 L V8 2UZ ဓာတ်ဆီ
4.5 L I6 1FZ ဓာတ်ဆီ
ဒီဇယ် :
4.2 L I6 1HZ ဒီဇယ်
တာဘိုဒီဇယ် :
4.2 L I6 1HD-T ဒီဇယ် တာဘို
4.2 L I6 1HD-FTE ဒီဇယ်တာဘို
ဂီယာ ၄ ချက် အော်တို၊
၅ ချက် အော်တို၊
၅ ချက်ရိုးရိုး
ဘီးအခြေ ၂၈၅၀ မီလီမီတာ
အရှည် ၄၈၉၀ မီလီမီတာ
အကျယ် ၁၉၄၁ မီလီမီတာ
အမြင့် ၁၈၄၉ မီလီမီတာ
အလေးချိန် ၂၃၂၀ ကီလိုဂရမ်

၁၂၀ စီးရီး[ပြင်​ဆင်​ရန်​]

လင်ခရူဇာ ပရာဒို ၁၂၀
2002-2007 Land Cruiser Prado
ထုတ်လုပ်သူ တိုယိုတာ
အခြားအမည် Lexus GX (USA)
ထုတ်လုပ်သည့်ခုနှစ် 2002-2009
တပ်ဆင်သည့်နေရာ တာဟာရာ၊ အာအိချိ၊ ဂျပန်နိုင်ငံ

အန်ဗီဂါဒို၊ ကိုလံဘီယာနိုင်ငံ

ဘန်ဂလို၊ အိန္ဒိယနိုင်ငံ
ကလပ်စ် အလတ်စား SUV
ဘော်ဒီစတိုင်လ် တံခါး ၅ ပေါက် ဝက်ဂွန်
ပလက်ဖောင်း J120

၂၀၀ စီးရီး[ပြင်​ဆင်​ရန်​]

200 Series
2008 Toyota Land Cruiser
အခြားအမည် Toyota Roraima (Venezuela)
Lexus LX 570
ထုတ်လုပ်သည့်ခုနှစ် September 2007–present
မော်ဒယ်ခုနှစ်များ 2008–present
တပ်ဆင်သည့်နေရာ တိုယိုတာ အော်တို ဘော်ဒီ
တိုယိုတာမြို့၊ ဂျပန်
တာဟာယာ၊ အအိချိ ၊ ဂျပန်
တျန်ဂျင်း၊ တရုတ်
ဘော်ဒီစတိုင်လ် တံခါး ၄ပေါက် အက်စ်ယူဗွီ
ပုံသဏ္ဌန် ရှေ့အင်ဂျင် / ဖိုးဝှီးလ်ဒရိုက်ဗ်
အင်ဂျင် ဓာတ်ဆီ:

4.0 L V6 1GR-FE ဓာတ်ဆီ
4.6 L V8 1UR-FE ဓာတ်ဆီ[၄]
4.7 L V8 2UZ-FE ဓာတ်ဆီ[၅]
5.7 L V8 3UR-FE ဓာတ်ဆီ[၆]
တာဘိုဒီဇယ်:

4.5 L V8 1VD ဒီဇယ် တာဘို
ဂီယာ ၆ ချက် အော်တို
၅ ချက် အော်တို
၅ ချက် ရိုးရိုး
ဘီးအခြေ ၂၈၅၀ မီလီမီတာ
အရှည် ၄၉၅၀ မီလီမီတာ
အကျယ် ၁၉၇၀ မီလီမီတာ
အမြင့် ၁၈၈၀ မီလီမီတာ

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ "Toyota Vehicle Identification Manual", Toyota Motor Corporation, Overseas Parts Department, Catalog No.97913-84, 1984, Japan
  2. (1990) in Mastrostefano, Raffaele: Quattroruote: Tutte le Auto del Mondo 1990 (in Italian). Milano: Editoriale Domus S.p.A, 1340–1341. 
  3. [http://www.toyota.com.ve/cars/new_cars/land_cruiser_90 /index.asp Toyota Merú] (in Spanish). Retrieved on 2010-01-10
  4. Toyota Japan Land Cruiser. Toyota.jp. Retrieved on 2010-10-30
  5. Goo-net 2007 Land Cruiser. Goo-net.com. Retrieved on 2010-10-30
  6. Exterior Dimensions (PDF). Retrieved on 2010-10-30