တိုင်းဝန်ထောက်မင်း

ဝီကီပီးဒီးယား မှ

တိုင်းဝန်ထောက်မင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

တိုင်းဝန်ထောက်မင်း[ပြင်ဆင်ရန်]

ဖွားသန့်စင်မြင်သည့်ရက်ကယ်နှင့်၊ ပုခက်တင်သာယာက၊ ယှဉ်လာလျှင်နထင်နချာ ထိုးတတ်သမို့၊ အဆိုးမှာ အလွန်တေသောကြောင့်၊ ဦးတေလေ မွေးမေအဘငယ်တို့၊ ပေးကြတဲ့နာမည်။

အစိတ်ရွယ်နှစ်ဆယ်ကျော်လို့၊ ပုလိပ်တော်အရာထမ်းပြန်တော့၊ ပခန်းနယ်ဗန့်ကျီမြေမှာလေ၊ ဝရမ်းတွေဖမ်းခြွေချွတ်နိုင်လို့၊ ရာဇဝတ်ပိုင် အရည်သို့တက်ခဲ့ရ၊ သည်ဘက်နယ် ရွှေလုံသို့ရောက်ပြန်တော့၊ ဝန်ထောက်တော် တိုက်ပိုင်နင်းလို့မို့၊ နိုင်နင်းစွာရုံးတွေဆင့်ပြန်ရ၊ ဘုန်းပွင့်လို့စီ။

မတူသာဇမ္ဗူတွင်းတွင်ဖြင့်၊ လူချင်းနော် မဆိုထားပြီဘု၊ ကျွဲနွားအပါဆောင်တဲ့၊ ကျားကောင် ဓားမျှောင်နဲ့ထိုးသူမို့၊ သူခိုးဆို ပေါ်မထဝံ့ပြီဘု၊ အစိုးရလွန်ယုံကြည်၊ အလုံပြည်နယ်တွင်း။

တညိတ်ညိတ်ကယ်နှင့်၊ တိတ်တိတ်နေသာနေကြ၊ ရေရှေလေတေလေနိတ်တော့မပ၊ နိမိတ်သံတဘောင်ပေါ်နှင့်၊ ပြောင်ချော်ချော်ယောင်မစမ်းကြနှင့်၊ ဝရမ်းတွေမပွေနောက်ပြီဘု၊ ပခန်းမြေဗန့်ကျီ ကနီတလျောက်ကယ့်ပြင်၊ ဝိုင်းပယ်ကာစစ်ကိုင်းနယ်အထိကြောက်ရတယ်၊ တိုင်းဝန်ထောက်မင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဝရမ်း = (Warrant) အာမခံခြင်း၊ အာမခံချက်၊ တရားရုံးတော်မှ အမှုနှင့် ပတ်သက်၍ ခေါ်သောဆင့်စာ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။