တိုက်ကြက်

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် အညာဒေသများ၌ ကြက်ပွဲများ ကျင်းပလေ့ရှိသည်။ လူမှာအမျိုး ကြက်မှာအရိုး ဆိုသကဲ့သို့ တိုက်ကြက် ၁ ကောင်၏ မျိုးရိုးသည် အရေးကြီးလှသည်။ မျိုးရိုးပေါ်မူတည်ပြီး အရောင်အသွေး (ပြင်ပအသွင်အပြင်)၊ စိတ်ဓာတ် (ကြက်သည်း)၊ ခွပ်လမ်း (တိုက်ခိုက်မှုနည်းလမ်း) အမျိုးမျိုးရှိသည်။ အရာင်အသွေးနှင့် ပတ်သတ်ပြီး ဇိမ်း၊ ဗြာ၊ ဖောင်း၊ ခရမ်း၊ အူပန်း၊ ကြန်၊ မဂို/မဂဲ ဟု သတ်မှတ်ကြသည်။ လည်ဆံ၊ ခါးဆံအနီရှိကြက်ဖများအား (ကြက်နီချိတ်) ဟုခေါ်သည်။

စိတ်ဓာတ်[ပြင်ဆင်ရန်]

ကြက်ကောင်းတစ်ကောင်သည် အသေခံတိုက်ခိုက်ရဲသော စိတ်ဓာတ်ရှိရသည်။ (ရေထဲ မိုးထဲရောက်လျှင် ကြက်သည်းသည် အလွန်စကားပြောသည်)။

တိုက်ကြက်များတွင်တွေ့ရသော ယေဘုယျ သွင်ပြင်လက္ခဏာများ[ပြင်ဆင်ရန်]

  • (၁) အမြီးမှာ တံဇဉ်ကောက်
  • (၂) အသံမှာ ပေါက်ဆိန်ပေါက်
  • (၃) အမောက်မှာ နဂါးနွယ်
  • (၄) ခြေထောက်မှာ သုံးဆယ် (ဝိုင်းကြီးကမယ်)
  • (၅) အမြီးမှာစပါးရိတ်ပေါ်တဲ့ သဇဉ်ကဲ့သို့ကောက်နေရမည်။
  • (၆) အသံတိ-ကနဲပြတ်အောင် တွန်ပေါ်ကြက်ဖြစ်ရမည်
  • (၇) နဂါးအမောက်ကဲ့သို့ ရှေ့သို့ ချွန်နေရမည်။
  • (၈) ခြေထောက်အကြေးရစ်ပေါင်း ၃၀ ရှိရမည်။