တိမ်တိုက်တံတား

ဝီကီပီးဒီးယား မှ
တိမ်တိုက်တံတား
အခြေခံအချက်အလက်
ဒါရိုက်တာဩရသ
ထုတ်လုပ်သူသတ္တမမြောက်အာရုံ
စာရေးသူမိုးနီလွင်
သရုပ်ဆောင်
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကား
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၁၃ ဇူလိုင် ၂၀၁၈ (၂၀၁၈-၀၇-၁၃)

တိမ်တိုက်တံတား (အင်္ဂလိပ်: Bridge of Clouds) သည် ၂၀၁၈ ခုနှစ်ထွက် မြန်မာ အချစ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဩရသ က ရိုက်ကူးကာ နေတိုးခင်ဝင့်ဝါထွန်းထွန်းနှင့် ဗီယက်နမ် သရုပ်ဆောင် ငုရင်ထရန်ဟုရန်မေ တို့ ပါဝင်သရုပ်ဆောင်ထားသည်။ သတ္တမမြောက်အာရုံ က ဖြန့်ချိထားကာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။[၁][၂][၃][၄]

ဇာတ်လမ်း[ပြင်ဆင်ရန်]

ပန်း သည် ရှမ်းပြည်နယ်ရှိ မြို့ငယ်လေးတစ်မြို့မှ အစိုးရဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦး ဖြစ်သည်။ မုန်တိုင်းကျသောတစ်ရက်တွင် ဆေးရုံသို့ အမည်မသိ လူနာတစ်ဦး ရောက်ရှိလာသည်။ လူနာမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားပြီး ငှက်ဖျားရောဂါလည်း ဖြစ်ပွားနေသည်။ ယင်းနောက် လူနာသည် မိမိကိုယ်မိမိ မမှတ်မိတော့ပေ။ ဆေးရုံဝန်ထမ်းများက လူနာအား သက်တံ့ ဟု အမည်ပေးလိုက်ကြသည်။ သက်တံ့သည် အတိတ်မေ့နေသောကြောင့် ဆေးရုံတွင်သာ နေထိုင်ပြီး ဝန်ထမ်းများနှင့် လူနာများအား ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သက်တံ့သည် မြို့ငယ်လေးအား သံယောဇဉ်တွယ်လာခဲ့သည်။ ရိုးရာပွဲတစ်ခုကျင်းပနေစဉ် ကခုန်နေသော သက်တံ့၏ ပုံကို ခရီးသွားတစ်ဦးမှ ရိုက်ကူးကာ လူမှုကွန်ယက်တွင် တင်ခဲ့သည်။ ဓာတ်ပုံအား သက်တံ့၏ ရည်းစား ဩစတြေးလျတွင် နေထိုင်သူ မေ က တွေ့ရှိကာ သက်တံ့အား ရှာဖွေရန် ကြိုးပမ်းတော့သည်။[၅][၆]

ဇာတ်ကောင်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မကြာမီ ရက်ပိုင်းအတွင်း ရုံတင်ပြသတော့မယ့် တိမ်တိုက်တံတား ရုပ်ရှင်
  2. တိမ်တိုက်တံတား - နန့်ပန်မြို့လေးကို ဘယ်ကမှန်းမသိဘဲ ငှက်ဖျားမိပြီး ရောက်လာခဲ့တဲ့ အတိတ်မေ့နေတဲ့ လူတစ်ယောက်အကြောင်း...။ 2018-08-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ဗီယက်နမ် မင်းသမီး ပါဝင် သရုပ်ဆောင်ထားသည့် 'တိမ်တိုက်တံတား' ရုပ်ရှင်ဇာတ်ကားကြီး
  4. ကောင်းကင်နဲ့မြေကြီး ဆက်သွယ်ပေးမယ့် တိမ်တိုက်တံတား။ 10 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. တိမ်တိုက်တံတား- Myanmar Cinema။ 2018-08-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-08-12 တွင် ပြန်စစ်ပြီး။
  6. တိမ်တိုက်တံတား ဇာတ်ဝင်ခန်းတွေအကြောင်း ဖွင့်ဟတဲ့ နေတိုး။ 3 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 February 2024 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]