တားမြစ်ထားသော မြို့တော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
ဘေဂျင်းနှင့် ရှန်ယန်းရှိ မင်မင်းဆက်နှင့် ချင်းမင်းဆက်တို့၏ နန်းတော်
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ရေးထိုးထားသောအမည်
မဟာသဟဇာတခန်းမ (太和殿)ကို တားမြစ်ထားသော မြို့တော်၏ အလယ်တွင် တွေ့ရပုံ
တည်နေရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံတော် တရုတ်ပြည်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, ii, iii, iv
ရည်ညွှန်း 439
ယူနက်စကို ဒေသ အာရှ-ပစိဖိတ်
ကမ္ပည်းသမိုင်း
စတင်သတ်မှတ်ခြင်း ၁၉၈၇ (ဧကဒသမအကြိမ် အစည်းအဝေး)
သက်တမ်းတိုးခြင်း ၂၀၀၄

တားမြစ်ထားသောမြို့တော် (The Forbidden City) သည် တရုတ် ဧကရာဇ် တို့၏ နန်းတော်ဖြစ်ပြီး မင်မင်းဆက်မှ ချင်းမင်းဆက် (မန်ချူးခေတ်) အထိ အသုံးပြုခဲ့သည်။ ထိုနန်းတော် အဆောက်အဦးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ အလယ်တွင် တည်ရှိပြီး ယခုအခါတွင် နန်းတော်ပြတိုက်အဖြစ် ပြုလုပ်ထားသည်။ ဧကရာဇ်များနှင့် တော်ဝင် မိသားစုများသည် နှစ် ၅၀၀ တိုင်အောင်ပင် ယင်းအဆောက်အဦးတွင် စံမြန်းနေထိုင်ခဲ့ကြပြီး တရုတ်မင်းဆက်များ အရေးပါသည့် ပွဲလမ်းသဘင်များ ကျင်းပရာနေရာ၊ နိုင်ငံရေးဆိုင်ရာ အချက်အချာ ဌာန အဖြစ် တည်ရှိခဲ့သည်။

ယင်းနန်းတော်ကို ၁၄၀၆ ခုနှစ်မှ ၁၄၂၀ ခုနှစ်အတွင်း တည်ဆောက်ခဲ့ကာ ၇၂၀၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အဆောင်ပေါင်း ၉၈၀ ပါဝင်သည်။[၁] တရုတ်ဗိသုကာ လက်ရာ၏ စံနမူနာဖြစ်ပြီး[၂] အရှေ့အာရှနှင့် အခြားဒေသများ၏ ဆောက်လုပ်ရေး နည်းစနစ်များကို လွှမ်းမိုးခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ပျဉ်ထည် အဆောက်အဦး အစုအဖွဲ့အဖြစ် မှတ်တမ်းတင်ကာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကြေညာခဲ့သည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]


ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]