တဝန် ဝိဟောကရတန

ဝီကီပီးဒီးယား မှ
တဝန် ဝိဟောကရတန
ဇာတိ အမည်ตะวัน วิหครัตน์
မွေးဖွား (1991-07-20) ၂၀ ဇူလိုင်၊ ၁၉၉၁ (အသက် ၃၂)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့
အခြား အမည်များTay
နေလင်း[၁]
ပညာရေးစုဠာလင်္ကရဏတက္ကသိုလ်, စီးပွားရေးပညာမဟာဌာန
အလုပ်အကိုင်သရုပ်ဆောင်၊ အစီအစဉ် တင်ဆက်သူ
တက်ကြွလှုပ်ရှားနှစ်များ2014–present
ကိုယ်စားလှယ်GMMTV
ကျော်ကြားမှုအရင်းခံ

တဝန် ဝိဟောကရတန (ထိုင်း: ตะวัน วิหครัตน์, အင်္ဂလိပ်: Tawan Vihokratana) ခေါ် Tay (ထိုင်း: เต) (၂၀ ဇူလိုင် ၁၉၉၁ ဖွား) သည် ထိုင်း မော်ဒယ်သရုပ်ဆောင်၊ အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်သည်။

စုဠာလင်္ကရဏတက္ကသိုလ်ထွက် တဝန်သည် ၂၀၁၄ခုနှစ်တွင် Bang Channel ၏ Five Live Fresh အစီအစဉ်တွင် တင်ဆက်သူအဖြစ် ပထမဆုံး ပါဝင်ခဲ့သည်။[၂] ထိုနှစ်ထဲမှာပင် Room Alone 401-410 ဇာတ်လမ်းတွဲတွင် ရုပ်သံပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ရာ CLEO မဂ္ဂဇင်း၏ ၂၀၁၄ခုနှစ်၌ အရွေးချယ်သင့်ဆုံး လူပျို ၅၀ စာရင်းဝင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။[၃][၄]

Kiss:The Series (၂၀၁၆) တွင် အဓိကဇာတ်ဆောင် Pete အဖြစ် ပါဝင်ခဲ့ပြီး၊ Kao အဖြစ် သရုပ်ဆောင်သူ Thitipoom Techaapaikhun နှင့် အတွဲချိတ်ပေးခံရသည်။ ၂၀၁၈တွင် GMMTV မှ အခြားသရုပ်ဆောင်များနှင့်အတူ School Rangers အစီအစဉ်၌ တင်ဆက်သူအသစ်အဖြစ် ဆောင်ရွက်ရသည်။ Kiss Me Again (၂၀၁၈)၊ Our Skyy (၂၀၁၈)၊ Dark Blue Kiss (၂၀၁၉) တို့တွင်လည်း Pete အဖြစ် သရုပ်ဆောင်ထားသည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မွေးဖွားသည်။ သိပ္ပံနှင့် သင်္ချာတို့ကို တစိုက်မတ်မတ် လေ့လာခဲ့ပြီး၊ သွန်ကုလာဘ ဝိတ္တယလေကျောင်းမှ အထက်တန်းအောင်သည်။ မူလက ချူလာလောင်ကွန်းတက္ကသိုလ်၊ သိပ္ပံပညာမဟာဌာန၌ ဓာတုဗေဒအထူးပြု တက်ရောက်သင်ကြားသော်လည်း၊ နောက်ပိုင်းတွင် စီးပွားရေးပညာဌာနတွင် စီးပွားရေးပညာ ဘွဲ့ကြိုတန်း တက်ရောက်ခဲ့သည်။[၅] ၂၀၁၂တွင် ကျင်းပသည့် ၆၈ကြိမ်မြောက် ချူလာ သမ္မဆတ် ရိုးရာ ဘောလုံးပြိုင်ပွဲ၌ ချုလာ Generation 5၏ ကျိုင်းကိုင်အဖြစ် ဆောင်ရွက်ရသည်။[၆]

ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၂၀၁၄ခုနှစ်တွင် Bang Channel ၏ Five Live Fresh အစီအစဉ်အတွက် တင်ဆက်သူအသစ် ခြောက်ဦးအနက် တစ်ဦးအဖြစ် မိတ်ဆက်ပေးခံရသည်။ ထိုနှစ်အတွင်း Room Alone 401-410 ဇာတ်လမ်းတွဲတွင် Warm အဖြစ် ဇာတ်ပို့နေရာက ပါဝင်သရုပ်ဆောင်ခဲ့သည်။[၇] Ugly Duckling: Don't (၂၀၁၅) တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သကဲ့သို့၊ ၂၀၁၆ခုနှစ်ထွက် U-Prince Series: The Foxy Pilot နှင့် Kiss:The Series တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၇တွင် Secret Seven: The Series ဇာတ်လမ်းတွဲ၌ အဓိကဇာတ်ဆောင် Alan အဖြစ် သရုပ်ဆောင်ခဲ့သည်။ Kiss Me Again (၂၀၁၈)၊ Dark Blue Kiss (၂၀၁၉) တို့တွင် Pete အဖြစ် သရုပ်ဆောင်ရာ လူသိများလာသည်။ 3 Will Be Free (၂၀၁၉) တွင်လည်း Shin အဖြစ် ပါဝင်ခဲ့သည်။

၂၀၂၀တွင် I'm Tee, Me Too ဇာတ်လမ်းတွဲ၌ Teedo အဖြစ် သရုပ်ဆောင်ထားသကဲ့သို့၊ The Gifted: Graduation တွင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။

ရိုက်ကူးမှုစာရင်း[ပြင်ဆင်ရန်]

ရုပ်သံ[ပြင်ဆင်ရန်]

Year Title Role Notes Ref.
2014 Room Alone 401-410 Warm Support role [၈]
Five Live Fresh Himself Main host [ကိုးကားချက်လိုသည်]
2015 Ugly Duckling: Don't Ter Guest role [ကိုးကားချက်လိုသည်]
Room Alone 2 Warm Support role [၉]
2016 Kiss: The Series Pete Support role [၁၀]
Lovey Dovey Dew Support role [၁၁]
U-Prince Series: The Foxy Pilot Phillip Support role [ကိုးကားချက်လိုသည်]
Little Big Dream Guest role [ကိုးကားချက်လိုသည်]
2017 Secret Seven Alan Main role [၁၂]
2018 School Rangers Himself Main host [၁၃]
Kiss Me Again Pete Main role [၁၄]
Rai Sanaeha Anukhom Support role [၁၅]
Our Skyy Pete Main role [၁၆]
TayNew Meal Date Himself Main host [၂]
Tred Tray Fest with Tay Tawan Himself Main host [၂]
2019 အပြာရင့်ရင့် အနမ်း Pete Main role [၁၇]
၃ ယောက်သာ လွတ်မြောက်မည် Shin Main role [၁၈]
Sanae Hong Krueng Himself Main host [၂]
2020 Club Sapan Fine Pae Support role (Episode 5) [၁၉]
Hungry Sister Himself Main host [ကိုးကားချက်လိုသည်]
Friend Club Himself Main host [၂၀]
The Gifted: Graduation Yuth / young Supot Main role (Episode 1.8.10 ) [ကိုးကားချက်လိုသည်]
I'm Tee, Me Too Tee-Do Main role [၂၁]
2021 Angkhan Khlumpong The Series Tee Main role
Girl2K Matt Guest role
The Player [Detective] Support role
Raan Dok Ngiew Support role

တေးသံသွင်း[ပြင်ဆင်ရန်]

Year Song Title English Title Label Ref.

2019

"ไม่มีนิยาม" (Mai Mee Niyahm) No Definition GMMTV Records [၂၂][၂၃]

ဆုများနှင့် ဆန်ခါတင်စာရင်း[ပြင်ဆင်ရန်]

Key
Indicates non-competitive categories Indicates non-competitive categories
Year Nominated work Category Award Result Ref.
2019 N/A Makha Bucha Day Ambassador Indicates non-competitive categories Buddhist Diplomacy Award ဆုရရှိ [၂၄]
N/A Exemplary Model Indicates non-competitive categories Khon Dee Sri Siam Award ဆုရရှိ [၂၅]
2020 Dark Blue Kiss
(shared with Thitipoom Techaapaikhun)
Best Couple LINE TV Awards ဆန်ခါတင် [၂၆]
"ไม่มีนิยาม" (Mai Mee Ni Yam)
(shared with Thitipoom Techaapaikhun)
Best Official Soundtrack Maya Awards ဆုရရှိ [၂၇]

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

၂၀၁၇ခုနှစ် ဇွန်လ ၂၉ရက်တွင် ဘောဝေါန္နိဝေတ ဝိဟာရ၌ ရဟန်းခံခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Loukgolf's English Room - เต ตะวัน [EP.181 วันที่ 28 ตุลาคม 2561] (in en)။ GMM25 Thailand။ 15 ဧပြီ 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ประวัติ "เต ตะวัน" อดีตคทากรไม้ 1 จุฬาฯ – หรือ ชิน จากซีรีส์สามเราต้องรอด (in Thai)။ Campus Star (19 August 2019)။ 4 June 2020 တွင် ပြန်စစ်ပြီး။
  3. ประกาศผลไปแล้วกับ 50 หนุ่มโสดของคลีโอปี 2014!! (in Thai)။ CLEO Thailand (1 December 2014)။ 30 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2021 တွင် ပြန်စစ်ပြီး။
  4. 50 หนุ่มโสดคลีโอ 2014 หนุ่มโสดในฝัน (ชมต่อ:หมายเลข 26-50 ) (in Thai)။ MThai။ 2 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2021 တွင် ပြန်စစ်ပြီး။ “หมายเลข32 : ตะวัน วิหครัตน์ (เต)”
  5. ส่องโปรไฟล์ "เต ตะวัน" หรือ "อลัน" ใน "Secret Seven" (in Thai)။ Daradaily (2 September 2017)။ 4 June 2020 တွင် ပြန်စစ်ပြီး။
  6. จุฬาฯคทากร งานบอลฯ จุฬาฯ-ธรรมศาสตร์ ครั้งที่ 68 (in Thai)။ Sanook.com (20 January 2012)။ 4 June 2020 တွင် ပြန်စစ်ပြီး။
  7. 6 หนุ่มหน้าใหม่ พิธีกร Five Live Fresh (in Thai)။ MThai (1 April 2014)။ 2 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2021 တွင် ပြန်စစ်ပြီး။
  8. เรื่องย่อ Room Alone 401-410 (in th)။ Kapook (14 October 2014)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  9. เรื่องย่อ Room Alone 2 (in th)။ Kapook (22 September 2015)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  10. เรื่องย่อ Kiss The Series รักต้องจูบ (in th)။ Kapook (5 January 2016)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  11. เรื่องย่อ Lovey Dovey แผนร้ายนายเจ้าเล่ห์ (in th)။ Kapook (13 June 2016)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  12. เรื่องย่อ Secret Seven เธอคนเหงากับเขาทั้งเจ็ด (in th)။ Kapook (4 August 2017)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  13. "จีเอ็มเอ็มทีวี" ปรับโฉมใหม่ "รถโรงเรียน SCHOOL RANGERS" ส่ง 12 พิธีกร บุกถึงรั้วพร้อมมิชชัน เริ่ม 14 ม.ค.นี้ (in th)။ Lokwannee (8 January 2018)။ 14 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2021 တွင် ပြန်စစ်ပြီး။
  14. เรื่องย่อ Kiss Me Again จูบให้ได้ถ้านายแน่จริง (in th)။ Spring News (17 April 2018)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  15. ไร้เสน่หา (in th)။ Thai Rath။ 30 July 2020 တွင် ပြန်စစ်ပြီး။
  16. 'สถาพร' ควบ 'จีเอ็มเอ็มทีวี-จีเอ็มเอ็ม25' (in th)။ Kom Chad Luek (27 September 2018)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  17. "Dark Blue Kiss จูบสุดท้ายเพื่อนายคนเดียว" เตรียมฟินเต็มสูบ! (in th)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  18. "มายด์-เต-จอส" ฟาดฟันฝีมือระทึกดุเดือด!!! (in th)။ News Plus (9 August 2019)။ 7 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2021 တွင် ပြန်စစ်ပြီး။
  19. "คลับสะพานฟาย" ออริจินัลซีรีส์ไทยเรื่องแรกจาก AIS PLAY ดูสดและย้อนหลังฟรีทุกเครือข่าย (in th)။ BLT Bangkok (6 March 2020)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  20. 'ออฟ-เต-อาร์ม'เปลี่ยนทุกการเดินทางให้เป็นเรื่องสนุก (in th)။ Thai Post (18 May 2020)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  21. ออริจินัลซีรีส์ คนละทีเดียวกัน จาก GMMTV (in th)။ TrueID (13 July 2020)။ 30 July 2020 တွင် ပြန်စစ်ပြီး။
  22. "เต-นิว จับไมค์ร้องเพลงคู่ครั้งแรก ไม่มีนิยาม ประกอบซีรีส์ Dark Blue Kiss จูบสุดท้ายเพื่อนายคนเดียว" (in Thai)၊ News Plus၊ 15 November 2019။ 9 April 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 4 June 2020။ 
  23. ไม่มีนิยาม Ost.Dark Blue Kiss จูบสุดท้ายเพื่อนายคนเดียว။ GMMTV Records (9 October 2019)။ 14 May 2020 တွင် ပြန်စစ်ပြီး။
  24. 'เต-ตะวัน' รับประกาศเกียรติคุณ 'ฑูตพระศาสนา' ประจำวันมาฆบูชา (in Thai)။ Kom Chad Luek (19 February 2019)။ 4 June 2020 တွင် ပြန်စစ်ပြီး။
  25. "เต-ตะวัน" ภูมิใจ!!! รับรางวัล ญาณสังวร "คนดีศรีสยาม" ครั้งที่ 8 (in Thai)။ GMM Grammy (3 September 2019)။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2021 တွင် ပြန်စစ်ပြီး။
  26. สรุปผลรางวัล LINE TV AWARDS 2020 กลัฟ-มิว, โอม-สิงโต, ออฟ-กัน และบ้านนาดาว คว้ารางวัลเรียกเสียงกรี๊ดได้ตามคาด (in Thai)။ The Standard (20 February 2020)။ 4 June 2020 တွင် ပြန်စစ်ပြီး။
  27. ประกาศรางวัล MAYA AWARDS 2020 เวทีแห่งเกียรติยศคนบันเทิง บรรยากาศคึกคักกับทัพนักแสดง (in Thai) (21 October 2020)။ 7 December 2020 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]