တရားဟောကြွချီ ဘုန်းလယ်တီ

ဝီကီပီးဒီးယား မှ

တရားဟောကြွချီ ဘုန်းလယ်တီ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။[၁]

တရားဟောကြွချီ ဘုန်းလယ်တီ[ပြင်ဆင်ရန်]

နော်ဒတ္တံ မန္ဒာဘွေ ကဲ့သို့။ ကံဂါမေရွာ ရွှေပျားတွင်မှ၊ စကားသာယာစွာနှင့်၊ ရွာပါအောင်ညှာတာလို့ နှူးနိုင်ငဲ့၊ အာဏာအထူးပင် ပြောဆိုမိန့်နိုင်တဲ့၊ ဦးစံချိန့်တိုက်ကြီးပိုင်။

ဂေါတမာသခင်၊ စောဘဂဝအရှင် လောက်မှတ်ကြ၊ သောဠဿ ပြည်ခွင်ကျော်တဲ့၊ ဆရာတော်လယ်တီဘုန်းငယ်က၊ ရွှေကုံးနှစ်ဖြာ၊ ရွာရွှေပျားတို့၊ ဟောပေရှာ၊ ဂေါဏေအသားနှင့်၊ သေငါးမည် သူရာအရက်တို့၊ ယူတသက်ပင် မကြဉ်အုံးသော်လဲ၊ နှလုံးမပူပန်ရအောင်၊ ထုံးမူအမှန်၊ ဘုန်းအလှူခံကဖြစ်ပေတဲ့၊ သုံးနှစ်ထိတိုင်။

ဆွဲငင်ကာ၊ ယာဉ်ရလှည်းထားနှင့်၊ တင်သွားကာ၊ တရားနာအပေါင်းတို့၊ ခရာမောင်းသံစည်သံ မဆိတ်ပြီဘု၊ တည်ရိတ်ဖြူ၊ ကြိုးရှည်တန်းလို့၊ ခိုးသန်းတိုင်ပို့ကာပင့်ကြ၊ တို့ရွာနှင့်မင့်ရွာအပြိုင်၊ ဝင့်ဝါနိုင်ကြပေ့ လူမြင်တိုင်း။

အကြည်ညို သည်လိုကြီးကြရင်၊ ကိုယ်မီး ကိုယ်မသတ်နိုင်လို့၊ ဟိုရပ်သူသည်ရွာသားနှင့်၊ စပ်ကြားတွင်၊ ရထားငင်လို့ရုန်းကြ၊ ခင်ဘုန်းဝေ နှလုံးမပြေသိပလို့၊ ရွှေစိတ်တော်ညစ်ကာ ညူးရှာလိမ့်၊ ရာထူးခံဦးစံချိန်ငဲ့၊ နံစိမ့်အောင် အသက်ဘေးငယ်ကြောင့်၊ ထွက်ပြေးကာ ဝေးရာကာရုန်းသတဲ့၊ လယ်တီဆရာဘယ်ဆီမှာ ပုန်းရှာလိမ့်၊ ဗိုလ်ကုန်းဆိုတဲ့ ကျောက်ကယ်နှင့်၊ ဟိုအနောက်ရွာ ကြောက်စရာငနဲတွေက၊ မောဂ္ဂလန်အသွင်၊ နောက်ဆံနထင်ကို ခွဲမလို့ပ၊ ခဲဒုတ်နှင့်ဝိုင်း။

[၁]

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။