မာတိကာသို့ ခုန်သွားရန်

တန်ခိုးကြီးပေ ဦးတေလေ

ဝီကီပီးဒီးယား မှ

တန်ခိုးကြီးပေ ဦးတေလေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

တန်ခိုးကြီးပေ ဦးတေလေ[ပြင်ဆင်ရန်]

ပြည်ရွှေလုံမြေပုံတိုင်းငယ်က၊ ပုံနှိုင်းရန်ဂုမ္ဘန်နတ်ကဲ့သို့၊ ရန်သတ္တရဘယ်သူဆိုဝံ့ပါ၊ ဦးရံခိုသံလိုစူးပါတဲ့၊ ရာထူလွန်ဝန်ထောက်တပါးရယ်က၊ မြှောက်စားကာသားအရာမွေးသူမို့၊ အရေးပိုင်သခင်ကြီးငယ်နှင့်၊ မင်းကြီးတွေ မေတ္တာရောက်သည်မို့၊ ချီးမြောက်တဲ့ ဦးတေလေ။

သူခိုးတွေအကုန်ပေါ်ကြအောင်၊ ဖိုးသူတော်အရောင်ဆောင်လို့၊ အတောင်တောင်ချောင်ပခန်းငယ်နှင့်၊ ဝရမ်းတွေဗန့်ကျီကုန်လို့၊ ဤစေပုံရွှေလုံသို့ဆိုက်ပြန်တော့၊ သူပုန်ကိုအကုန်ပိုက်မိအောင်၊ ယုန်လိုက်ရာဝိုက်ကာဆီးလေသို့၊ တိုက်ကြီးပိုင်ဝန်တော်ထောက်ပြန်ရ၊ လွမ်းလောက်သင့်ပေ။

ဗိလတ်စံထပ်မံကြားပြန်တော့၊ လစားငွေခုနစ်ရာအထိ၊ လွန်သဒ္ဓါမေတ္တာစွဲလို့မို့၊ စစ်လဲတော်အရာပေးပါလိမ့်၊ မုလေးသွယ်စပယ်ပွင့်ကဲ့သို့၊ မွှေးလွင့်တဲ့ထုံဝတ်ရေ၊ ဆွတ်လေပြေပျံ့သင်း။

ဘဝတသက်တွင်ဖြင့်၊ ဆထက်ဆယ်လီပ၊ နယ်ဗန့်ကျီဤရွှေလုံထိ၊ နှစ်မြေခုံဝေပုံကောက်ရတဲ့၊ ဝန်ထောက်တော်တိုက်ပိုင်မင်းငယ်က၊ ကြိုင်ဆင်းစုံငွေနံ့သာနှင့်၊ ကြွေခန္ဓာမြေမရဏာပျော်တဲ့၊ ဆရာတော်သင်္ဂြိုဟ်ပွဲတွင်မှ၊ လက်စွဲကိုင်ဆရာလှငဲ့၊ ကြားကြပြီရက်ရှည်လျားသော်ကြောင့်၊ ငွေပြားရေနှစ်ဆယ်ဖြင့်မ ပေပေါ့၊ ကောင်းစရာအကြောင်း၊ အဌာနရယ်က၊ ပေါင်းပဝါ မောင်းရွာပြချင်လှ၊ ပေါင်းဝကျွန်ရင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။