တက္ကသိုလ်နှင်းဝေ

ဝီကီပီးဒီးယား မှ

နှင်းဝေ ၊တက္ကသိုလ်[ပြင်ဆင်ရန်]

သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ၁၉၃၈ ခုနှစ်၊ ဩဂုတ်လ ( ၈ ) ရက်နေ့ အဖ ဦးဘီစီဘရူးဝါး၊ အမိ ဒေါ်ရှင်တို့မှ ဖွားမြင်သည်။ အမည်ရင်း ဦးတင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ထို့ပြင် R.A ( မှတ်ပုံတင်ရှေ့နေ ) စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ကထိက အဖြစ် ထမ်းရွက်ခဲ့သည်။ တက္ကသိုလ်နှင်းဝေ ကလောင်အမည်ဖြင့် ပြက္ခဒိန်ပေါင်းချုပ် ( ၁၂၁၇ - ၁၃၄၇ ) အပါအဝင် လုံးချင်းစာအုပ် ( ၃၅) အုပ်၊ ဝတ္ထုတို ( ၈၀ ) ၊ ကဗျာ ( ၅၀ ) နှင့် ဆောင်းပါး ( ၁၀၀ )ခန့် ရေးသားခဲ့သည်။ ထို့ပြင် ကျောင်းသင် ခန်းစာ ပို့ချချက်များကိုလည်း ရေးသားခဲ့သည်။ စာဆိုသည် ၁၉၈၀ ပြည့်နှစ်တွင် အလယ်တန်းကျောင်းဆရာမ ဒေါ်ခင်မာအေး ( အလက ( ၇ ) လှိုင် ) နှင့် လက်ထပ်ခဲ့ပြီး ကြည့်မြင့်တိုင် မြို့နယ် ထီးတန်းအိမ်ရာ တိုက် ၆၆/၇၂၊ အခန်း ( ၂၀၇) တွင် နေထိုင်လျက် ရှိသည်။ ယခုအခါ မြန်မာစာဌာန ကထိက အဖြစ်မှ အငြိမ်းစား ယူပြီးနောက် အလွတ်ပညာသင်ကျောင်းများ၌ မြန်မာစာဆရာအဖြစ် သင်ကြားပို့ချလျက် စာပေများကို ဆက်လက်ပြုစုရေးသားလျက် ရှိသည်။ [၁]


ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. တွေ့ဆုံမေးမြန်းချက် ( ၁၇- ၁၀ -၉၈ )