ညှင်း

ဝီကီပီးဒီးယား မှ
ညှင်းများပေါက်နေခြင်း

ညှင်း(သို့မဟုတ်)စပါးညှင်း ဆိုသည်မှာအရေပြား မှိုစွဲသည့် ရောဂါတစ်မျိုးဖြစ်သည်။ညှင်းသည်ပူနွေးစိုစွတ်တဲ့ ရာသီဥတုတွင်အဖြစ်များသည်။ညှင်း အရေပြားမှိုရောဂါသည် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသောအရေပြားမှိုရောဂါဖြစ်ပြီး လူငယ်များ၊လူလက်ပိုင်းများတွင်အဖြစ်များ၍အသက် ငါးဆယ်၊ ခြောက်ဆယ်အရွယ် နောက်ပိုင်းမှာ ညှင်းပေါက်တာခြင်းနည်းပါးသွားသည်။ညှင်း ဖြစ်စေတဲ့ မှိုပိုးက အရေပြားပေါ်မှာ သဘာဝအတိုင်း ပေါက်ဖွားတတ်တာကြောင့် တစ်ဦးကနေတစ်ဦးကို မကူးစက်နိုင်ပါ။ ညှင်းက ဘယ်အသားအရောင်မျိုးမှာ မဆိုဖြစ်နိုင်ပြီး ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါသည်။ညှင်း ပေါက်ဖွားသူများသည်အများအားဖြင့်အဆီပြန်တဲ့ အသားအရေပိုင်ရှင်များ၊ရာသီဥတု ပူပြင်းမှုဒဏ်ခံသူများ၊ချွေးထွက်များတဲ့သူများ၊ ပူ၍စိုစွတ်သော ရာသီဥတု၊ အဆီထွက်များသော အရေပြား ၊ဟောမုန်းဓာတ် ပြောင်းလဲခြင်း ၊ကိုယ်ခံအား လျော့နည်းနေသည့်အချိန်များစသည့်အချိန်တွင်ညှင်းများပို၍ပေါက်ဖွားသည်။

ရောဂါလက္ခဏာများ[ပြင်ဆင်ရန်]

ညှင်းဖြစ်ပါက တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ယားယံခြင်း ၊ အရေခွံကွာခြင်း ဖြစ်သည်။ညှင်းသည်ပုံမှန်အရေပြားအရောင်ထက်ဖျော့တဲ့/ရင့်တဲ့ အစက်တွေ၊အကွက်တွေအနေနဲ့ တွေ့ပြီး အများအားဖြင့် ညှင်းသည် ခန္ဓာကိုယ်အလယ်ပိုင်းနှင့် ပုခုံးများတွင် အဖြစ်များလေ့ရှိပြီး ရင်ဘတ်၊ ပခုံးနဲ့ ကိုယ်လုံးတွေမှာပေါက်ပြီး တစ်ခါတစ်ရံ မျက်နှာတွင်တွေ့ရတတ်ပါတယ်။ညှင်းသည် အသားညိုသောသူများတွင် ညှင်းသည်အဖြူရောင်ရှိပြီး၊အသားဖြူသောသူများသည် အညိုရောင်၊ အနီရောင်များတွေ့ရသည်။

ကာကွယ်ခြင်း[ပြင်ဆင်ရန်]

တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးဆုံးဖြစ်သည်။တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုရာမှာ ဆပ်ပြာနဲ့ အသေအချာပွတ်တိုက် ပုံမှန် ရေချိုးပြီမှိုသတ်ဆေးပါဝင်တဲ့ခေါင်းလျှော်ရည်တွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လျှော်ပေးခြင်း၊ အေးမြခြောက်သွေ့သွာနေရာတွင်နေခြင်း၊ချွေးထွက်များတဲ့ရင်ဘတ်၊ ချိုင်း၊ ပေါင်ခြံစတဲ့ နေရာတွေကိုကလိုထရိုင်မာဇိုးပါတဲ့ မှိုသတ်ဆေးပေါင်ဒါမှုန့်များ ထည့်ခြင်းဖြင့်ကာကွယ်နိုင်ပါသည်။

ကုသခြင်း[ပြင်ဆင်ရန်]

ဆရာဝန်ညွှန်ကြားသည့် လိမ်းဆေး၊ သောက်ဆေး အသုံးပြုရန် လိုအပ်ပါသည်။ ညှင်းသည် မှိုရောဂါဖြစ်၍ မှိုသတ်ဆေးပါဝင်သည့် လိမ်းဆေး၊ ခေါင်းလျှော်ရည်တို့ကိုအသုံးပြု၍ ပျောက်ကင်းအောင် ကုသနိုင်သည်။ ညှင်းကိုအရှင်းကုသပျောက်ကင်းနိုင်သော အရေပြားဖြစ်ပြီး ညှင်းသည် နွေးပြီးစိုစွတ်သော ရာသီဥတုတွင် ပြန်ဖြစ်တတ်သည်။[၁][၂]


ကိုးကား[ပြင်ဆင်ရန်]

  1. https://hellosayarwon.com/skin-health/infectious-skin-diseases/tinea-versicolor/
  2. https://burmese.voanews.com/a/health-tinea-vesicolor/4309815.html