ညိုစော
ညိုစော | |
---|---|
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် ၂၀၁၄ ခုနှစ်ကပုံ | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၅ စက်တင်ဘာ ၂၀၂၃ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ အကြံပေးပုဂ္ဂိုလ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၅ ဇူလိုင် ၂၀၂၃ | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( MEC ) ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀၁၄ | |
စစ်ထောက်ချုပ် | |
တာဝန်သက်တမ်း ၂၀၁၄ – ၂၀၂၀ | |
ကိုယ်ရေး အချက်အလက်များ | |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်စန်းစန်းမြင့် |
သားသမီး | ၃ |
မိခင်ကျောင်း | စစ်တက္ကသိုလ် အမှတ်စဉ်(၂၃) |
ဆုတံဆိပ်များ | သရေစည်သူဘွဲ့ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဗိုလ်ချုပ်ကြီး |
ဗိုလ်ချုပ်ကြီး ညိုစော သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဖြစ်သည်။ထိုရာထူးကို ၂၀၂၃ စက်တင်ဘာလ ၂၅ ရက်တွင် စတင်ထမ်းဆောင်သည်။ [၁] သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။[၂] ထိုရာထူးကို ပြည်ထောင်စုဝန်ကြီးအဆင့်ဖြင့် ထမ်းဆောင်သည်။[၃]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဗိုလ်လောင်းသင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ် တို့တွင် ကျောင်းအုပ်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၄] [၅] [၆]စစ်တပ်ပိုင် အင်းဝဘဏ် ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။[၇] သူသည် ရုရှားထံမှ ဆီဝယ်ယူရေးကို ဦးဆောင်ရသည်။[၈] [၉] ၂၀၂၃ ဇူလိုင်လ ၅ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသည်။[၁၀]ထိုရာထူးကို စစ်ကောင်စီက ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်သည်။ယင်းနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ထဲတွင် ဗိုလ်ချုပ်ကြီး အဆင့် ရာထူးတိုးခဲ့သည်။[၁၁] တပ်မတော် အရန်အင်အား ထဲ မှနေ၍ တပ်လက်ကိုင် မရှိဘဲ ဗိုလ်ချုပ်ကြီး အဆင့်တိုးခဲ့သူ အဖြစ် စာရင်းဝင်သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သားသမီး ၃ဦးရှိသည်။[၁၂]
ရရှိခဲ့သောဆု
[ပြင်ဆင်ရန်]နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအား သရေစည်သူဘွဲ့ ပေးအပ်သည်။[၁၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၂၆ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးအပ်ခြင်း။ Ministry of Information(Myanmar) (၅ ဇူလိုင် ၂၀၂၃)။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်ရဲ့ အကြံပေးဖြစ်လာ။ BBC Burmese (၅ ဇူလိုင်၂၀၂၃)။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးကို မင်းအောင်လှိုင် အကြံပေးခန့်။ Myanmar Now (၅ ဇူလိုင် ၂၀၂၃)။ ၆ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Governance Structure of MEHL and MEC။ OHCHR (August 2019)။ 5 July 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော။ ဧရာဝတီသတင်းဌာန (၁၆ ဩဂုတ် ၂၀၂၂)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ။ MWD Webportal (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ The junta chief appoints MEHL boss Lieutenant General Nyo Saw to spearhead Organizing Committee for Russian Oil Purchase and Distribution။ thechindwin (16 August 2022)။ 5 July 2023 တွင် ပြန်စစ်ပြီး။
- ↑ ရုရှားမှ စက်သုံးဆီဝယ်ယူရန် ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်သည့် ဆီဝယ်ယူရေး ဦးဆောင်ကော်မတီဖွဲ့စည်း။ Yangon Media Group (၁၆ ဩဂုတ် ၂၀၂၂)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော - စစ်ခေါင်းဆောင်ရဲ့ အကြံပေးအသစ်။ BBC Burmese (၅ ဇူလိုင် ၂၀၂၃)။ ၆ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာ။ BBC Burmese (၁၆ ဩဂုတ် ၂၀၂၄)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ညိုစော (ဒုတိယဗိုလ်ချုပ်ကြီး)။ နွေဦးမြန်မာ(၂၀၂၁ တော်လှန်ရေး) (၂၅ ဖေဖော်ဝါရီ ၂၀၂၁)။ 5 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃။ cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။