ဆွေးနွေးချက်:အယုဒ္ဓယ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြန်မာ့စကားအသုံးအနှုန်းဖြင့် အစဉ်အဆက် ခေါ်သော "အယုဒ္ဓယ" အမည်ကို ပြောင်းရန်အကြံပြုပါသည်။ မူရင်းတရားဝင်အမည်ကတော့ "พระนครศรีอยุธยา (Phra Nakhon Si Ayutthaya)" ဖြစ်ပါတယ်။ အသံထွက်အရ နောက်ဆုံးနှစ်သံက ထ+ယာ(း) သီးခြားသံရှိပါတယ်။ မြန်မာ့အသံ ဓ+ယ နဲ့ပိုနီးစပ်တယ် ထင်ပါတယ်။ ရှေးဟောင်းအိန္ဒိယမြို့ "Ayodhya (Hindustani: [əˈjoːdʱːjaː]) ကိုအစွဲပြုပေးထားတယ်လို့ဆိုပါတယ်။ အဲဒီရှေးမြို့ကိုလည်း မြန်မာစာပေတွေမှာ အထူးသဖြင့် ရာမာယဏမှာ အယုဒ္ဓယမြို့လို့ပဲ ဖော်ပြပါတယ်။ လက်ရှိမြို့ကို Ayudhya လို့လည်းရေးပါတယ်။ ဒါပေမယ့် မူရင်းအမည် (သို့) တရားဝင်မဟုတ်ပါ။ second option ပုံစံမျိုးပါ။ ပါဠိအရ "အယုဒ္ဓ" ဆိုသည်မှာ စစ်မတိုက်အပ်၊ စစ်မထိုးအပ်သေ​​ာမြေလို့ အနက်ရပြီး မြန်မာတို့က ထိုအတိုင်းခေါ်ဆိုတယ်ထင်ပါတယ်။ စဉ်ဆက်သဘောအရ ဗြိတိသျှ သည် အသံအရမှားသော်လည်း ဘရစ်တစ်ရှ် မဖြစ်နိုင်တော့ပါ။ ရေးထုံးအတည်တကျဖြစ်လို့ ထိုသို့ ဖြစ်စရာလည်းမလိုအပ်တော့ပါ။ Aungookingofcelestials (ဆွေးနွေး) ၁၂:၃၈၊ ၂၈ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ထောက်ခံပါတယ်။ မြန်မာစာအုပ်တော်တော်များများမှာရော အွန်လိုင်းမှာပါ အယုဒ္ဓယ ဆိုပြီး ရေးကြပါတယ်။ အယုဓျာဆိုတာတော့ မတွေ့မိပါ။ နောက်ပြီး တဆက်တည်း မေးချင်တာက Lan Na Kingdom ကို ဇင်းမယ်ပြည် ယွန်းပြည်ပဲခေါ်သလား? အခြားနာမည်နဲ့ ခေါ်တာတွေရှိသေးလား သိချင်ပါတယ်။--Battoe19 (ဆွေးနွေး) ၁၃:၅၃၊ ၂၈ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ဟုတ် ဇင်းမယ်က ချင်းမိုင်းကို အက္ခရာဖလှယ်လိုက်လို့ ဖြစ်လာတာပါ။ နိုင်ငံတကာပါဠိမှာ 'Ch' ကို ကျ ချ စသဖြင့်ထွက်ပေမယ့် ဒီမှာ စ ဆ ဇ စသဖြင့်ထွက်ပါတယ်။ (ကျ ချ က အာစောက်မှာ အသံဖြစ်လို့ တာလုဇ ခေါ်ပါတယ်။ မြန်မာ့အသံ စ ဆ ဇ က သွားရင်းဗျည်းပါ (မြန်မာဘာသာစကားဆောင်းပါးအချို့မှာ ရောထွေးနေ)။ ယွန်းပြည်က ရှမ်းလူမျိုးတစ်မျိုးဖြစ်တဲ့ မြောက်ပိုင်းနေ Yun ယွန် (သို့) ယွန်း(ပါဠိ: ယောနက) ကို အစွဲပြုခေါ်ပါတယ်။ ရှေးပါဠိကျမ်းတွေမှာ Yonaraṭṭha - ယောန(က) ရဋ္ဌ (Kingdom of the Yuan) or Bingaraṭṭha - ဘင်္ဂရဋ္ဌ လို့ခေါ်တယ်လို့ en:Lan Na#Names မှာ တွေ့ရပါတယ်။ မြန်မာလိုတော့ နှစ်မျိုးပဲသိတယ်ဗျ။ Aungookingofcelestials (ဆွေးနွေး) ၁၇:၀၈၊ ၂၈ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

စကားမစပ် enwiki မှာ အဲလိုရေးပေမယ် ယောနကတိုင်းက ရှေးဟောင်း ဗုဒ္ဓဘာသာ သာသနာပြုမြေပုံတွေမှာ အာဖဂန်ဘက်လောက်က နယ်မြေကိုဆိုလိုပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၇:၂၄၊ ၂၈ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]