ဆွေးနွေးချက်:ရှင်အဇ္ဇဂေါဏ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် လယ်ကျင်းကျေးရွာ တွင်လည်း ရှင်အဇ္ဇဂေါဏ၏ သမိုင်းကြောင်းရှိပါသည်။ ဖိုးထိုးခဲ့သည့်နေရာတွင် ပြာများ ချော်ခဲများ ကျောင်းနေရာများရှိပါသည်။ ကျနော်တို့ကျေးရွာသည်လည်း ပုဂံမြို့နှင့်မျက်စောင်းထိုးအနေအထားမှာရှိပြီး ဧရာဝတီမြစ်က အလယ်တွင်ရှိ၍ ကျနော်တို့ရွာနဲ့မဝေးလှပါ။ ရှင်အဇ္ဇဂေါဏရှိခဲ့သည်ဟု သက်ကြီးစကား သက်ငယ်ကြားရှိခဲ့ကြရာ ယခုဆိုရင်တော့ အုပ်ဆိုင်းလျက်ရှိသော သပြေပင်များ မန်ကျည်းပင်များ ကုက္ကုလ်ပင်များနှင့် ယောချောင်းနံဘေးမှာ ယခုထိတိုင်ပဏာရလို့နေပါတယ်။ ဒီသမိုင်းရှိခဲ့တယ် ဆိုတာကိုတော့ ကျနော်သိသ၍ လိုက်လံရှာဖွေနေပါတယ်။